သတင်း

မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းအပြင် ဖုန်းလိုင်းပါပြတ်တောက်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတစ်ချို့ ပြတ်တောက်နေတာ ၅ ရက်ဝန်းကျင်လောက်ရှိနေပြီလို့ မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးက KNGကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ  ရက်နေ့ကနေ ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တစ်ချို့ ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံလိုက်ရပေမယ့် တစ်ပတ်အကြာမှာ မြစ်ကြီးနားမြို့ကလွှဲပြီး ကျန်တဲ့မြို့နယ်တွေမှာ ဖုန်းအင်တာနက်လိုင်း ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မြစ်ကြီးနားမြို့မှာတော့ ဒီဇင်ဘာ ၇ရက်နေ့ ညနေပိုင်း ၃နာရီ ဝန်းကျင်လောက်ကနေ စပြီးတော့ အင်တာနက်လိုင်းများ ပြတ်တောက်တဲ့အပြင် ဖုန်းလိုင်းများလည်း MPT ဖုန်းလိုင်းတစ်ခုသာ ဖုန်းဆက်လို့ရတယ်လို့ မြစ်ကြီးနားနေ ဒေသခံတစ်ဦးဆီက သိရပါတယ်။

ခုကလေ MPT ကလွှဲပြီး ကျန်တာဘယ်ကဒ်မှ ဆက်မရတော့ဘူး သိလား။ အင်တာနက်လိုင်းဆိုမပြောနဲ့တော့ ကြာပြီပြတ်နေတာလို့ ပြောပါတယ်။

မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ လကုန်းပိုင်းအထိတော့ Telenor ဖုန်းလိုင်းကနေ အင်တာနက်အသင့်သင့် အသုံးပြုလို့ရနေပေမယ့် ဒီဇင်ဘာလ  ရက်နေ့ ကြာသပတေးနေ့ ညနေပိုင်းလောက်ကနေ Telenor အင်တာနက်လိုင်း ပြတ်တောက်သွားတဲ့အတွက် အွန်လိုင်းကနေ လေ့လာသင်ယူနေတာတွေကို ရပ်တန့်လိုက်ရပြီး အားလုံးနဲ့လည်း အဆက်အသွယ်ပြတ်နေတယ် နောက်ထပ် မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောပါတယ်။

ဘာဖြစ်နေမှန်းမသိဘူး ဘယ်သူနဲ့မှလည်းအဆက်အသွယ်မရဘူး အွန်လိုင်းကနေ စာသင်လို့ လည်းမရတော့ ကျောင်းကတစ်ပတ်တစ်ကြိမ်ဘဲသွားတာ အရမ်းအားလပ်နေတယ်လို့ပြောပါတယ်။

အလားတူ မြစ်ကြီးနားဒေသခံတစ်ဦးပြောတာကတော့ Telenor လိုင်း ပြတ်တောက်သွားတဲ့ သတင်းရယူမှုအပိုင်းမှာလည်း ခက်ခဲနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဆိုပါတယ်။

အိမ်ကအမေတွေက ခြံမှာသွားနေ နေတာလေ ပြီးတော့ အဲဒီမှာက Telenor ဘဲရတော့ Telenor နဲ့ဘဲပြောတာ အခုကလိုင်းမရတော့လို့ အိမ်မှာလည်းအခက်တွေ့ နေတယ်။ မြစ်ကြီးနား တစ်မြို့လုံးလည်းဘာဖြစ်နေမှန်းမသိတော့တဲ့အတွက် မျက်စိပိတ်နားပိတ် ဘာမှမသိရတော့ဘူးဖြစ်နေတယ်လို့ ပြောပါတယ်။

လက်ရှိ မြစ်ကြီးနားမှာ MPT, Telenor(Atom), Mytel, Ooredoo အားလုံးအင်တာ နက်လိုင်းပြတ်တောက်နေပြီး MPT ကတော့ ဖုန်းဆက်လို့ရနေပေမယ့် တစ်ခါတစ်ရံ ပြတ်တောက်သွားတဲ့အချိန်တွေလည်းရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလကစပြီး ကချင်– စစ်ကိုင်းအစပ်မှာ တိုက်ပွဲအရှိန်မြင့်လာတာနဲ့တစ်ပြိုင်ထဲ ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့အပြင် လက်ရှိ ဖုန်းလိုင်းများလည်း ပြတ်တောက်နေပြီဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button