သတင်း

မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းပြတ်တောက်ခဲ့တဲ့ တစ်ပတ်အတွင်း လူသေမှု ၄ ခု ယာဉ်တိုက်မှုပေါင်း အကြိမ် ၂၀ ထက်မနည်းဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေရာအနှံ့ မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း တွေပြတ်တောက်သွားတဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု ၄ ကြိမ်နဲ့ ယာဉ်တိုက်မှုပေါင်း အကြိမ်  ၂၀ ထက်မနည်း ဖြစ်ခဲ့တယ်လို့ မြစ်ကြီးနားမြို့ မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

တစ်ပတ်အတွင်းမှာဘဲ သေတာ သုံးလောင်းတောင်မှ ကားကြိတ်သတ်ခံရပြီး သေတဲ့ မိန်းကလေးတစ်ယောက် နဲ့ မူးယစ်ဆေးဝါးသုံးပြီးသေတာက ရွှေညောင်ပင်က တစ်ယောက်နဲ့ လယ်ကုန်းကတစ်ယောက် ဟုတ်တယ် လို့ လူမှုကယ်ဆယ်ရေးအသင်းမှ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦးမှ သိရပါတယ်။

မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ပြောကြားချက်အရ ဒီဇင်ဘာ ၁၃ ရက်နေ့က ကြက်ပေါင်ခြံ ရပ်ကွက်မှာ အသက် ၂၀အရွယ်မဆွယ်ဇင်ဝင်း ဓားခုတ်ဒဏ်ရာနဲ့သေဆုံးမှုအပြင် ယာဉ်တိုက်မှုပေါင်း ၁၅ ကြိမ်ဝန်းကျင် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ ဖော်ပြချက်မှာတော့ ဒီဇင်ဘာ ၁၂ရက်နေ့က အသက်၂၃နှစ်အရွယ်အမည်မသိအမျိူသမီးကားကြိတ်သတ်ခံရမှုနဲ့ ဒီဇင်ဘာ ၈ရက်နေ့မှာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး၊ ၁၁ ရက်နေ့မှာတော့ အသက် ၂၈ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးမူးယစ်ဆေးဝါး သုံးစွဲပြီးသေဆုံးခဲ့တဲ့ အပြင် ယာဉ်တိုက်မှုပေါင်း  ကြိမ်ကျော်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါ တယ်။

ဒါကြောင့် လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ လိုင်းပြတ်တောက်နေတဲ့ တစ်ပတ်အတောအတွင်း ယာဉ်တိုက်မှု န့်မှန်းချေ စုစုပေါင်း အကြိမ် ၂၀ ကျော်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတဲ့အတွက် အကူအညီလိုအပ်နေတဲ့လူတွေကို အချိန်မှီမကူနိုင်ဘဲ ကြန့်ကြာသွားတာတွေလည်း ရှိခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ် ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူ ကခုလိုပြောပါတယ်။

သူတို့ဘက်က ကူညီဖို့ပြောတဲ့အချိန်တွေမှာ နေရာတွေသေချာမသိတော့ ကြန့်ကြာတာတွေ အက်စီးဒင့် ဖြစ်တဲ့ သူတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့ ခက်ခဲတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လအတွင်းမှာ လည်း ယာဉ်တိုက်မှုပေါင်း ၅၇ကြိမ်ဝန်းကျင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button