ယာဉ်တိုက်မှု

  • Dec- 2023 -
    1 December
    သတင်း

    မြစ်ကြီးနားမြို့မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း ၅၇ ကြိမ်ဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၇ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ယာဉ်တိုက်မှုတွေထဲမှာများသောအားဖြင့် လူငယ်အရွယ်တွေနဲ့သက်လတ်ပိုင်းတွေ အဖြစ်များနေပြီး မူးယစ်သောက်စားပြီးမောင်းနှင်တာတွေအပါအဝင် ယာဉ်စည်းကမ်းလိုက်နာခြင်းမရှိဘဲ စည်းမဲ့ကမ်းမဲ့မောင်းနှင်တာတွေကြောင့်ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် နိုဝင်ဘာလအတွင်းယာဉ်တိုက်မှုတွေဟာ အောက်တိုဘာလထက် အနည်းငယ်လျှော့နည်းလာကြောင်း လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ ခုလို ယာဉ်တိုက်မှုလျော့နည်းလာတာဟာ ဆီစျေးနှုန်းမြင့်တက်လာတာကြောင့်ဖြစ်နိုင်သလို နိုင်ငံရေးမတည်ငြိမ်တာတွေကြောင့် ဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဆီးဈေး အဆမတန်တက်သွားတော့ အရင်လိုမော်တော်ယာဉ်တွေသွားတာလာတာ သိပ်မတွေ့တော့ဘူး။ ပြီးတော့ နိုင်ငံရေးမကောင်းတော့သိပ်မထွက်ရဲကြတော့ဘူးအဲတာကြောင့်လည်းပါမယ်ထင်တယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမှာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မြစ်ကြီးနားမှာ ယာဉ်တိုက်မှုပေါင်း ၇၂ ကြိမ် ရှိခဲ့ပေမယ့် နိုဝင်ဘာလအတွင်းမှာတော့သိသိသာသာ ၅၇ ကြိမ်ထိ လျော့နည်းလာတာလည်းဖြစ်ပါတယ်။…

    Read More »
  • Nov- 2023 -
    29 November
    သတင်း

    အသက် ၆၀ ကျော်အမျိုးသားတစ်ဦး ကားကြိတ်ခံရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတစ်ဦး ကားနဲ့ဖြတ်တိုက် ကြိတ်မိပြီးသေဆုံးသွားတယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းက သိရပါတယ်။ ဝိုင်းမော်မြို့ မိုင်းနားကျေးရွာ အထကကျောင်းရှေ့  နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်း ၂နာရီခွဲဝန်းကျင်လောက်မှာ ဆိုင်ကယ်မောင်းလာတဲ့အမျိုးသားတစ်ဦးကို သဲကျောက်သယ်တဲ့ ကားကတိုက်ပြီး ဦးခေါင်းကိုလည်း…

    Read More »
  • 6 November
    သတင်း

    လိုက်ထရိုက်ကားကို သဲကျောက်သယ်တဲ့ ခြောက်ဘီးကားတိုက်မိပြီး ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ လိုက်ထရိုက်ကားကို ခြောက်ဘီးကားနဲ့ တိုက်ပြေးသွားတာကြောင့် လိုက်ထရိက်ကားမှာစီးပါလာတဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ် ဆယ်ရေး အသင်းရဲ့တာဝန်ရှိသူကပြောပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ မနေ့ညနေ ၄နာရီဝန်းကျင် ခေမာသီရိ လမ်းသွယ် ၁၃ထိပ်မှာ အသက် ၂၅ နှစ်အရွယ်အမည်သိအမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ လိုက်ထရိုက်ကားဟာ လမ်းကြားကနေ လမ်းမပေါ်ကို မောင်းထွက်လာချိန် လမ်းမပေါ်ကို ဖြတ်မောင်းလာတဲ့သဲကျောက်ကား ခြောက်ဘီးကားကြီးက ဖြတ်တိုက်တာဖြစ်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ထွေထွေထူးထူး စိုးရိမ်စရာတော့မရှိပါဘူး ခေါင်းနည်းနည်းပါးပါး…

    Read More »
  • 6 November
    သတင်း

    မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှု ၇၂ ကြိမ်ထက်မနည်းဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုပေါင်း ၇၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်တွေ အရသိရပါတယ်။ ယာဉ်တိုက်မှုဖြစ်ရတဲ့အကြောင်းအရင်းအများဆုံးဟာ စားသောက်မူးယစ်ပြီး အရှိန်မလျော့ဘဲမောင်းနှင်တာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ် ရေးအသင်း (မြစ်ကြီးနား)  လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက ခုလိုပြောပါတယ်။ “အများစုကမူးပြီးမောင်းတာပေါ့ အခုဖြစ်တဲ့ယာဉ်တိုက်မှု ၁၆ ကြိမ်မှာဆို ၁၄ ကြိမ်လောက်က သောက်ထားတဲ့သူတွေဘဲဖြစ်နေတယ်။ သောက်ပြီးမောင်းတော့ သူများလာတိုက်လိုက်တာတို့ ကိုယ့်ဟာကိုယ် ရပ်ထားတဲ့ ကားတွေ ကိုသွားတိုက်မိတာတို့ဘဲဖြစ်နေတာဘဲ”လို့ပြောပါတယ်။ အောက်တိုဘာလအတွင်းမှာဘဲ ဖြစ်ပွားခဲ့တဲ့ယာဉ်တိုက်မှုတွေကတော့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်အရ…

    Read More »
  • Oct- 2023 -
    26 October
    သတင်း

    လမ်းဘေးရပ်ထားတဲ့ ငှက်ပျောတင်ကားကိုဝင်တိုက်ရာကနေ အမျိုးသားတစ်ဦးသေဆုံး

    ကချင်ပြည်နယ် ဝိုင်း‌မော်မြို့ သာဂရ ရပ်ကွက် ၄ လမ်းဘေး တစ်နေရာမှာရပ်ထားတဲ့ ငှက်ပျောတင်ကားကို ဆိုင်ကယ်နဲ့ဝင်တိုက်တဲ့အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့ ဒီကနေ့မနက် ၂ နာရီလောက်မှာ…

    Read More »
  • 20 October
    သတင်း

    ရှ‌ငေါ်မှာ ၁၀ ဘီးယာဉ်တစ်စီးတိမ်းမှောက် ၇ ဦးပွဲချင်းပြီး သေဆုံး၊ ၉ ဦးဒဏ်ရာပြင်းထန်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရှ‌ငေါ်ကျေးရွာအနီးမှာ လုပ်သား  ၃၅ ဦးပါတဲ့ ၁‌၀ ဘီးယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး အမျိုးသား ၆ဦးနဲ့အမျိုးသမီး တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့တဲ့အပြင် နောက်ထပ် ၉ ဦးကလည်း ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပြပါတယ်။ အောက်တိုဘာလ ၁၉…

    Read More »
  • 18 October
    သတင်းphoto- မြစ်ကြီးနားမြို့မြင်ကွင်း

    မြစ်ကြီးနားမြို့မှာ ၁၀ ရက်အတွင်း ဆိုင်ကယ်မတော်တဆမှု ၇ ကြိမ်ထက်မနည်းဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၁၀ ရက်တာအတွင်းမှာဘဲ ဆိုင်ကယ်မတော်တဆမှု ၇ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်အများပိုင်းဟာ လမ်းစည်းကမ်းအတိုင်းမောင်းနှင်မှုမရှိတာအပြင် အရက်သေစာသောက်စားမူးယစ်ပြီး ယာဉ်မောင်းတာတွေကြောင့်ဖြစ်တယ်လို့ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်းတစ်သင်းက တာဝန်ရှိသူတစ်ယောက်က ခုလိုပြောပြပါတယ်။ “လမ်းဆုံ လမ်းကြားတွေမှာ အရှိန်မလျှော့ ဟွန်းမတီးဘဲမောင်းတာမျိုးတွေ နဲ့အရက်မူးပြီး ကိုယ်ဟာကိုယ်လဲကျ တစ်ခုခုကိုလိုက်တိုက်မိတာမျိုးတွေပေါ့“လို့ပြောပါတယ်။ မြစ်ကြီးနားမြို့မှာ  အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှုတွေဟာ အောက်တိုဘာလ ၁၄ရက်နေ့ ညပိုင်း ၁၀ နာရီမှာ စီတာပူရပ်ကွက်၊သက်သာဆေးခန်းနားမှာ လမ်းကြိတ်စက်ကိုဝင်တိုက်မိတဲ့ဖြစ်စဉ်၊ အောက်တိုဘာလ ၁၅ရက်နေ့မနက်ပိုင်းက…

    Read More »
  • 10 October
    သတင်း

    ပူတာအိုမှာ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကားတိုက်ခံရပြီး သေဆုံး

    ကချင်ပြည်နယ် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နဲ့ ကောင်ကထောင်ရပ်ကွက်ကြားမှာ အမျိုးသမီးငယ်တစ်ဦး ဆိုင်ကယ်စီးနင်လာတဲ့အချိန် ကားနဲ့ဝင်တိုက်သွားတာကြောင့် သေဆုံးသွားတယ်လို့သိရပါတယ်။ မနေ့က ည ၆နာရီခွဲအချိန် လုံးစွတ်နဲ့ ကောင်ကထောင်ရပ်ကွက်ကြား လုံးစွတ်ရပ်ကွက်ထဲက ကုန်းဆင်း(ဒေသအခေါ်ပန်းခြံကုန်းဆင်း)နေရာ မှာဆိုင်ကယ်စီးနင်လာတဲ့ အသက် ၁၇ နှစ်ခန့်အရွယ်ရှိတဲ့ မိန်းခလေးငယ်တစ်ဦးကို…

    Read More »
  • Apr- 2022 -
    6 April
    သတင်း

    မြစ်ကြီးနားမြို့တွင် ညအချိန်မတော် ဆိုင်ကယ်ဖြင့် နွားကို ဝင်တိုက်

    မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ်တွင် ဆိုင်ကယ်ဖြင့် နွားကို ဝင်တိုက်မှုကြောင့် အမည်မသိအမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဧပြီလ ၄ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ည ၁၀ နာရီခန့်က ဒဏ်ရာရ အမျိုးသားတစ်ဦးသည်…

    Read More »
Back to top button