သတင်း

လမ်းဘေးရပ်ထားတဲ့ ငှက်ပျောတင်ကားကိုဝင်တိုက်ရာကနေ အမျိုးသားတစ်ဦးသေဆုံး

ကချင်ပြည်နယ် ဝိုင်း‌မော်မြို့ သာဂရ ရပ်ကွက် ၄ လမ်းဘေး တစ်နေရာမှာရပ်ထားတဲ့ ငှက်ပျောတင်ကားကို ဆိုင်ကယ်နဲ့ဝင်တိုက်တဲ့အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့ ဒီကနေ့မနက် ၂ နာရီလောက်မှာ သာဂရ ရပ်ကွက် ၄ ရဲ့ လမ်းဘေးမှာရပ်ထားတဲ့ ငှက်ပျောတင်တွဲကားကို အနောက်ကနေ ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ မွန်မြတ်စေတနာအသင်းတာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။

ဒီမနက် ၂နာရီဝန်းကျင်လောက်ကဖြစ်မယ် လူတစ်ယောက်လဲနေတယ်ဆိုပြီး ဖုန်းဆက်လာလို့သွားလိုက်တာ အသက်မရှိတော့ဘူး ဟုတ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၄၀ နှစ်အရွယ်လောက်ရှိပြီဖြစ်ပြီး ရုပ်အလောင်းကိုတော့ လူမူကူညီရေးအသင်းရဲ့အကူအညီနဲ့ မြစ်ကြီးနားရင်ခွဲရုံကိုမှာ ပို့ထားပြီလို့ သိရပေမယ့် ခုချိန်ထိ ပိုင်ရှင်မပေါ်လာသေးဘူးလို့ သိရပါတယ်။

ဝိုင်းမော်မြို့မှာ ဒီတစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှုအကြိမ်ပေါင်း ၃၀ လောက်ဖြစ်ပွားခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းရဲ့တာဝန်ရှိသူက ပြောပါတယ်။

ယာဉ်တိုက်မှုအများပိုင်းဟာ သောက်စားမူးယစ်ပြီးမောင်းသူတွေအပါအဝင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာတာ၊သတ်မှတ်ထားတဲ့ ယာဉ်အရှိန်ကျော်မောင်းတာတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button