သတင်း

မြစ်ကြီးနားမြို့မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း ၅၇ ကြိမ်ဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၇ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

ယာဉ်တိုက်မှုတွေထဲမှာများသောအားဖြင့် လူငယ်အရွယ်တွေနဲ့သက်လတ်ပိုင်းတွေ အဖြစ်များနေပြီး မူးယစ်သောက်စားပြီးမောင်းနှင်တာတွေအပါအဝင် ယာဉ်စည်းကမ်းလိုက်နာခြင်းမရှိဘဲ စည်းမဲ့ကမ်းမဲ့မောင်းနှင်တာတွေကြောင့်ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် နိုဝင်ဘာလအတွင်းယာဉ်တိုက်မှုတွေဟာ အောက်တိုဘာလထက် အနည်းငယ်လျှော့နည်းလာကြောင်း လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

ခုလို ယာဉ်တိုက်မှုလျော့နည်းလာတာဟာ ဆီစျေးနှုန်းမြင့်တက်လာတာကြောင့်ဖြစ်နိုင်သလို နိုင်ငံရေးမတည်ငြိမ်တာတွေကြောင့် ဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆီးဈေး အဆမတန်တက်သွားတော့ အရင်လိုမော်တော်ယာဉ်တွေသွားတာလာတာ သိပ်မတွေ့တော့ဘူး။ ပြီးတော့ နိုင်ငံရေးမကောင်းတော့သိပ်မထွက်ရဲကြတော့ဘူးအဲတာကြောင့်လည်းပါမယ်ထင်တယ်လို့ ပြောပါတယ်။

မြစ်ကြီးနားမှာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မြစ်ကြီးနားမှာ ယာဉ်တိုက်မှုပေါင်း ၇၂ ကြိမ် ရှိခဲ့ပေမယ့် နိုဝင်ဘာလအတွင်းမှာတော့သိသိသာသာ ၅၇ ကြိမ်ထိ လျော့နည်းလာတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဖွဲ့ရဲ့ပြောကြားချက်အရခန့်မှန်းချေအရ နိုဝင်ဘာလအတွင်း ၁၅ ကြိမ် နဲ့ သေဆုံးသူ  ဦးရှိခဲ့၊ ဧရာဝတီဂရုဏာနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ဖော်ပြချက်အရ ၁၇ကြိမ်နဲ့ မျိုးဆက်သစ်လူမှု ကယ်ဆယ်ရေးအသင်းရဲ့ဖြေကြားချက်အရ  ၂၅ ကြိမ်ခန့်ရှိခဲ့ပြီး ယာဉ်တိုက်မှုအားလုံးစုစုပေါင်း ၅၇ ကြိမ်ဝန်းကျင်ဖြစ်ပွားခဲ့ပါတယ်။

ယာဉ်တိုက်မှုလျော့နည်းလာတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးပြောတာကတော့ ယာဉ်တိုက်မှု လျှော့နည်းရတာက ပွဲလမ်းသဘင်တွေ လျှော့နည်းသွားတာကြောင့်ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုပါတယ်။

အောက်တိုဘာလမှာတော့ သတင်းကျွတ်လိုပွဲတွေများတော့ သောက်ထားပြီး မော်တော်ယာဉ်တွေမောင်းတော့ ခနနဖြစ်တယ် နိုဝင်ဘာမှာတော့ပွဲသိပ်မများတော့ ယာဉ်တိုက်မှုသိပ်မဖြစ်တာဆိုပြီး သူရဲ့ အမြင်ကိုသုံးသပ်ထားပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ဝိုင်းမော်မြို့မှာကတော့ ယာဉ်တိုက်မှုလျှော့နည်းသွားခြင်းမျိုးမရှိဘဲ နိုဝင်ဘာလအတွင်းမှာဘဲ ခန့်မှန်းခြေ ၂၀ကျော်ရှိပြီး သေဆုံးမှုကတော့ နှစ်ကြိမ်ထက်မနည်းရှိခဲ့တယ်လို့  မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအ သင်းရဲ့တာဝန်ရှိသူရဲ့ပြောကြား ချက်အရသိရပါတယ်။

By – Hope

Show More

Related Articles

Back to top button