သတင်း

ရှ‌ငေါ်မှာ ၁၀ ဘီးယာဉ်တစ်စီးတိမ်းမှောက် ၇ ဦးပွဲချင်းပြီး သေဆုံး၊ ၉ ဦးဒဏ်ရာပြင်းထန်

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရှ‌ငေါ်ကျေးရွာအနီးမှာ လုပ်သား  ၃၅ ဦးပါတဲ့ ၁‌၀ ဘီးယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး အမျိုးသား ၆ဦးနဲ့အမျိုးသမီး တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့တဲ့အပြင် နောက်ထပ် ၉ ဦးကလည်း ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပြပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ ဟိုပြင်မြို့ကနေ လုပ်သား ၃၅ ယောက် စီးလာတဲ့ ၁၀ ဘီးယာဥ်က ချီဖွေမြို့ နယ်၊ ဖီမော်မြို့ အလယ်တန်းကျောင်းဆောက်ဖို့သွားတဲ့ချိန် ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာနားမှာတိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။ 

ယာဉ်တိမ်းမှောက်ချိန် အောက်တိုဘာလ ၁၉ ရက် မနက် ၁၁နာရီ ဝန်းကျင်ဖြစ်ပြီးတော့ ယာဉ်ထဲပါလာတဲ့ ၃၅ ဦးထဲက အမျိုးသား ၆ ဦး၊ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တဲ့ ကျား၊မပေါင်း ၂၈ ဦးထဲမှာ ခြေလက်ကျိုးပဲ့ဒဏ်ရာပြင်းထန်သူ ၉ ဦးရှိကာ ကလေး ၂ ဦးနဲနောက်ထပ်ကျန်တဲ့ ၁၉ ဦးက ဒဏ်ရာပွန်းပဲ့ရုံသာရထားတယ်လို့ သိရပါတယ်။ 

ဒါကြောင့် ဒဏ်ရာပြင်းထန်တဲ့ ၉ ဦးကို မြစ်ကြီးနားဆေးရုံကြီးကို ပို့‌ဆောင်ထားပြီလို့ မွန်မြတ်စေတနာအသင်းတာဝန်ရှိတစ်ယောက်က KNG  ခုလိုပြောပါတယ်။ 

ခေါင်းပေါက် ခြေကျိုးတဲ့ ၉ယောက်ကိုက မြစ်ကြီးနားဆေးရုံကြီးကိုပို့ထားတယ် ဒါပေမယ့်လည်း အကုန်ကောင်းသွားပြီ စိုးရိမ်စရာတော့မရှိတော့ဘူး

ကလေးငယ် ၂ ဦးနဲ့နောက်ထပ်ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိထားတဲ့ ၁၉ ဦးကိုတော့ ဝိုင်းမော်ဆေးရုံမှာပို့ဆောင်ထားတယ်လို့ သူကဆက်ပြောပါတယ်။ 

 ကားဆရာကတော့ ဘရိတ်ပေါက်တာကြောင့်ကားမှောက်ရတာဖြစ်တယ်ဆိုပြီး ဖြေကြားခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းရဲ့တာဝန်ရှိသူက တစ်ဆင့်သိရှိထားပြီး လက်ရှိမှာတော့ ကားသမားကို ဝိုင်းမော်ရဲစခန်းမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သူပြောပါတယ်။

ဒါ့အပြင်ဝိုင်းမော်မြို့မှာ အောက်တိုဘာလအတွင်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၃၀ဝန်းကျင်လောက် ဖြစ်ခဲ့ပြီး ဒီလိုယာဉ်တိုက်မှုဖြစ်ရတာက များသောအားဖြင့် မူးယစ်သောက်စားပြီး ဖြစ်တဲ့သူတွေနဲ့ လမ်းစည်းကမ်းမလိုက်နာဘဲ အရှိန်ပြင်းပြင်းနဲ့မောင်းတဲ့ သူတွေအဖြစ်များတာဖြစ်တယ်လို့ သူကသုံးသပ်ပြောဆိုထားပါတယ်။

By – Hope

Show More

Related Articles

Back to top button