သတင်း

မြစ်ကြီးနားမြို့မှာ ၁၀ ရက်အတွင်း ဆိုင်ကယ်မတော်တဆမှု ၇ ကြိမ်ထက်မနည်းဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၁၀ ရက်တာအတွင်းမှာဘဲ ဆိုင်ကယ်မတော်တဆမှု  ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်အများပိုင်းဟာ လမ်းစည်းကမ်းအတိုင်းမောင်းနှင်မှုမရှိတာအပြင် အရက်သေစာသောက်စားမူးယစ်ပြီး ယာဉ်မောင်းတာတွေကြောင့်ဖြစ်တယ်လို့ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်းတစ်သင်းက တာဝန်ရှိသူတစ်ယောက်က ခုလိုပြောပြပါတယ်။

လမ်းဆုံ လမ်းကြားတွေမှာ အရှိန်မလျှော့ ဟွန်းမတီးဘဲမောင်းတာမျိုးတွေ နဲ့အရက်မူးပြီး ကိုယ်ဟာကိုယ်လဲကျ တစ်ခုခုကိုလိုက်တိုက်မိတာမျိုးတွေပေါ့လို့ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ  အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှုတွေဟာ အောက်တိုဘာလ ၁၄ရက်နေ့ ညပိုင်း ၁၀ နာရီမှာ စီတာပူရပ်ကွက်၊သက်သာဆေးခန်းနားမှာ လမ်းကြိတ်စက်ကိုဝင်တိုက်မိတဲ့ဖြစ်စဉ်၊ အောက်တိုဘာလ ၁၅ရက်နေ့မနက်ပိုင်းက စီတာပူရပ်ကွက်() လမ်းဆုံတစ်နေရာမှာ အမျိုးသမီးတစ်ယောက် ဆိုင်ကယ် ယာဉ်မတော်တဆမှုနဲ့ အဲဒီတစ်ရက်တည်းမှာဘဲ ၁၂နာရီ ဝန်းကျင် Starlight ရေသန့်စက်ရုံအနားမှာ အသက် ၂၀ အရွယ် အမျိုးသမီးနှစ်ယောက် ဆိုင်ကယ်အချင်းချင်းတိုက်မိတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။

အောက်တိုဘာလ ၁၆ရက်နေ့ ညတစ်ညတည်းမှာဘဲ ဆိုင်ကယ်မတော်တဆမှု စက်မှုဇုံနားမှာတစ်ကြိမ်နဲ့ ရမ်ပူရပ်ကွက်မှာထပ်ဖြစ်ခဲ့တယ်လို့ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချင်အရ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၇ ရက်နေ့ မနေ့ညလည်း မြစ်ကြီးနားလွတ်တော်ရုံအနီး ဆိုင်ကယ်အချင်းချင်းတိုက်မိတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ခုလိုယာဉ်မတော်တဆမှုတွေက နေ့ဘက်ထက် ညနေပိုင်းမှောင်လာတဲ့ ၇နာရီဝန်းကျင် အချိန်တွေမှာပိုအဖြစ်များတယ်လို့သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button