ရွှေကူမြို့

  • Jan- 2026 -
    23 January
    သတင်း

    ရွေးကောက်ပွဲနီးလာတဲ့အတွက် ရွှေကူမြို့ပြည်သူများ ကြိုတင်တိမ်းရှောင်သူတွေများလာ

    ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ရွှေကူမြို့ထဲမှာ စစ်ကောင်စီတပ်က မကြာခင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်လာတဲ့အတွက် ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေများလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ကကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၃)မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်လည်းပါဝင်နေတဲ့အတွက် လတ်တလော စစ်တပ်ဘက်က မြို့တွင်းအဝင်၊အထွက်လုံခြုံရေးတင်းကြပ်ထားသလို မြို့ထဲရှိ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေမှာအထိုင်ချပြီး ကင်းပုန်းဝပ်တာ၊ ကင်းပတ်တာ၊လုံခြုံရေးတိုးမြင့်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆိုပါတယ်။ ဒါကြောင့် မြို့ပေါ်နေ ပြည်သူတွေက ဇန်နဝါရီလဆန်းပိုင်းကနေ ကြိုတင်တိမ်းရှောင်သူတွေများလာနေတယ်လို့ ရွှေကူမြို့ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မဲထည့်ဖို့ရက်ကကပ်လာတော့ လူတိုင်းခန့်မှန်းနေကြသာပေါ့ ရွှေကူလဲ ကသာလိုဟော့နေပီ။ ကသာ က ဥပမာပေါ့နော် ရွှေကူလည်း မဲ ၂၅ ရက်လို့ကြားထားသာဆိုတော့ အဲ့တာကြောင့်ရှောင်ကြတာဟုတ်တယ်”လို့ ပြောပါတယ်။ လတ်တလော မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ကသာမြို့ဟာ ရွှေကူမြို့ရဲ့အနောက်ဘက်မှာရှိပြီး နယ်နမိတ်ချင်းထိစပ်ပြီး စစ်တပ်က ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာပဲ KIA  နှင့် PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်း၊ ကာကင်းစခန်းများကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့တာပါ။ ဒါကြောင့် ရွှေကူမြို့တွင်းနေထိုင်တဲ့ပြည်သူတွေကလည်း ကသာမြို့လိုဖြစ်လာမှာစိုးရိမ်တဲ့အတွက် ရွှေကူမြို့ပေါ်ရွေးကောက်ပွဲရက်နီးလာတာနဲ့အမျှ ကလေးငယ်နဲ့သက်ကြီးရွယ်အိုတွေကိုနေရာပြောင်းရွှေ့တာ၊ တစ်ချို့ မိသားစုအလိုက်ကြိုတင်တိမ်းရှောင်နေကြတယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ “ကလေးငယ်တွေများတဲ့အိမ်တွေနဲ့အသက်ကြီးတဲ့သူရှိတဲ့အိမ်တွေအများပိုင်းရှောင်ကြတယ်။ တစ်ချို့ကတော့ အသင့်အနေထားပေါ့ ကသာလိုအားလုံးနီးပါးရှောင်ကြတာတော့ မဟုတ်ဘူး။ ဒီအပတ်ကတော့ ရှောင်တဲ့သူတွေပိုများလာတယ်”လို့ပြောပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ရွှေကူကာကွယ်ရေးတပ်ဘက်က စစ်တပ်ရဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်သူတွေကို ထိရောက်စွာအရေးယူမယ့်အကြောင်း ဒီဇင်ဘာလ (၂) ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်ထဲမှာတော့ စစ်တပ်က ကျင်းပတဲ့ ရွှေးကောက်ပွဲ အပိုင်း (၁)မှာ မြစ်ကြီးနား၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး နဲ့ တနိုင်းမြို့ပေါ်တွေမှာ ကျင်းပခဲ့ကြပြီး၊ အပိုင်း (၂) ဝိုင်းမော်၊ မချမ်းဘော့၊ မိုးကောင်း နဲ့ အပိုင်း (၃)မှာ ဖားကန့်၊ ရွှေကူ၊ ဗန်းမော် တွေမှာ ကျင်းပဖို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ ပြည်နယ် ပါတီတွေအနေနဲ့တော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ –…

    Read More »
  • Jul- 2025 -
    29 July
    သတင်း

    ဗန်းမော်ကိုဦးတည်‌နေတဲ့ စစ်သင်္ဘောများ ရွှေကူမြို့မှာဆိုက်ကပ်တာ ၄ ရက်ကြာရှိလာ

    ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဦးတည်ဆန်တက်လာနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရွှေကူမြို့ကိုရောက်ရှိလာပြီး ကျောက်ချထားတာ ၄ ရက်ကြာရှိလာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ နဲ့ ၂၂ ရက်နေ့တွေကစပြီး…

    Read More »
  • Feb- 2025 -
    18 February
    သတင်း

    ရွှေကူမြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထား

    ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က ဂိတ်ချပြီး မြို့ဝင်မြို့ထွက်နေရာတွေကို လုံခြုံရေး တင်းကြပ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့အထွက်ရှိ ရွှေကူ–ဗန်းမော်ကားလမ်းပိုင်းက အထက်လေးလမ်းဆုံဂိတ်နဲ့ ရွှေကူမြို့အဝင်ရှိ ရွှေကူ–မန္တလေး ကားလမ်းက အောက်လေးလမ်းဆုံဂိတ်တွေမှာ အင်းအားသုံးဂိတ်ထိုင်ပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း ရွှေကူဒေသခံ အမျိုးသားတစ်ဦးက KNG ကို…

    Read More »
  • Oct- 2024 -
    28 October
    သတင်း

    ရွှေကူမှာ ရွှေဖောင်အစီးရေ ၁၀၀ ဝန်းကျင်နဲ့ ရွှေပြန်လည်တူးဖော်နေ

    ကချင်ပြည််နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင်ရွှေတူးဖော်မှု အလွန်အကျွံလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်  ရွှေကူမြို့အနီးဝန်းကျင်မှာရွှေဖောင်ကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေလုပ်နေတယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြီးခဲ့တဲ့ ၈ လကုန်ပိုင်းလောက်ကတော့ တစ်စီးစနှစ်စအဲ့လိုရွှေဖောင်တွေနဲ့စတူးလာတာပဲ အခုနောက်ပိုင် တစ်လနီးနီးရှိပြီအများကြီးဖြစ်လာတယ် အခုရွှေဖောင်တွေနဲ့ပြည့်နေတာတချို့နေရာတွေဆို တအားကိုတူးနေကြတာ ရွှေလည်းအရမ်းရကြတယ်တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ရွှေကူနယ်မှာ ရွှေဖောင်အစီး ၁၀၀ ထက်မနည်းရှိတယ်လို့သိရပြီး အများစုက ငပေါက်ဝကျေးရွာအနီးတစ်ဝိုက်၊ ဆင်တပ်ရွာအောက်ဘက်တွေမှာများဆုံးတူးနေကြပြီး ကုန်းကျင်းမဟုတ်ဘဲ ရွှေဖောင်အကြီးကြီးတွေနဲ့ရေငုတ်ကျင်းတူးတာလို့ ဒေသခံတွေပြောပါတယ်။ ရွှေတူးဖော်ကြတဲ့သူတွေထဲမှာ ရွှေကူနယ်ခံတွေလည်းပါဝင်သလို  ဗန်းမော်၊မြစ်ကြီးနား၊စစ်ကိုင်းဘက်က လာရောက်တူးဖော်ကြတဲ့သူတွေလည်းရှိတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ကျွန်တော့်သူငယ်ချင်းတွေက အစက ဆင်ဘို၊တာလောကြီးတစ်လျှောက်မှာတူးတာရွှေမရလို့ဆိုပြီး ရွှေကူဘက်ဆင်းသွားတယ် နှစ်ပတ်ရှိပြီအဲ့မှာရွှေအရမ်းရကြလို့တဲ့ပြန်ကိုမလာတော့ဘူး”လို့ ရမ်ပူကျေးရွာနေအထက်ဖော်ပြပါအမျိူးသားကပြောပါတယ်။ ရွှေကူနယ်ထဲမှာ အခုလိုမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်တာတွေအများအပြားလုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးနေတာကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သီးနှံစိုက်ခင်းတွေပျက်စီးထိခိုက်လာမှာနဲ့ ကမ်းပါးပြိုကျလာမှာကို ဒေသခံတွေအထူးစိုးရိမ်နေကြတယ်လို့သိရပါတယ်။ ရွှေကူနယ်ထဲပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ဧရာဝတီမြစ်ကြောင်းတစ် လျှောက်ရွှေဖောင်တွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေ အများအပြားရှိခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာ၊ စစ်ကောင်စီတပ်တွေက ရွှေဖောင်တွေကိုဖမ်းဆီးတာ၊ မီးရှိူ့တာတွေကြောင့် အခုလိုရွှေတူးဖော်တာမရှိသလောက်ဖြစ်ခဲ့ပေမယ့်လက်ရှိပြန်လည်ပြီးတူးဖော်လာနေတာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာ့တော့ ကချင်ပြည်နယ်ထဲက ပူတာအို၊ရွှေကူ၊ဗန်းမော်၊ အင်းတော်ကြီးဒေသ စတဲ့နေရာတွေဟာ အလွန်အကျွ့ရွှေတူးဖော်မှုပြုလုပ်လာနေတဲ့နေရာတွေဖြစ်ပြီး ရွှေကူမြို့အနီးဝန်းကျင် ရွှေတူးဖော်မှုကိုတော့ စစ်တပ်နဲ့ KIA လက်နက်ကိုင်နှစ်ဖက်စလုံးကို အခွန်ပေးဆောင်ပြီး တူးဖော်နေကြတာလို့ ဒေသခံတွေပြောပါတယ်။ ခုလို ဧရာဝတိီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုတွေ စည်းမဲ့ကမ်းမဲ့လုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးတာ၊မြစ်လက်တက်တွေ ပြောင်းလဲလာတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတဲ့အတွက် မိုးရေကြီးတာ၊ရေကြီးရေလျှံတာလည်း ပိုဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။ ​By – Zaw Zaw

    Read More »
  • Mar- 2024 -
    20 March
    သတင်း

    ရွှေကူမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေတဲ့ နေရာ ၃ ခု တစ်ချိန်တည်းတိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့ပေါ်မှာရှိတဲ့ မြို့မရဲခစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲနေရာယူထားတဲ့ နေရာ ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ဒေသကာကွယ်ရေးတပ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသကာကွယ်ရေးတပ် LPDFအဖွဲ့ဆီကနေ သိရပါတယ်။ ရွှေကူမြိုအထိုင်တပ်ဖြစ်တဲ့ ခလရ ၅၆ တပ်ရင်း၊ မြို့မရဲစခန်းအပါအဝင် အောက်လေးလမ်းဆုံမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA၊KPDF ပူးပေါင်းတပ်တွေက မတ်လ ၁၉ ရက်နေ့ မနေ့ည ၆ နာရီဝန်းကျင်မှာ ဒရုန်း၊ လက်နက်ကြီးတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူနယ် KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ပထမက အောက်လေးလမ်းဆုံမှာရောက်နေတဲ့စစ်သားတွေက အထက်လေးလမ်းဆုံနဲ့ မံခါးရွာဘက်ကို လက်နက်ကြီးတွေအရင်ပစ်ခဲ့တာ အဲ့တာနဲ့ဒီဘက်ကနေပြီး ညက ဒရုန်းနဲ့ကော ၊ လက်နက်ကြီး၊ ပဒိန်တွေနဲ့ကောသွားပစ်ခဲ့တာ”လို့ ပြောပါတယ်။ KIA ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့တဲ့ အောက်လေးလမ်းဆုံမှာ စစ်ကား ၂စီးနဲ့စစ်အင်အားလာပို့ထားတဲ့ စစ်ကောင်စီတပ်တွေအပါအဝင် ကင်းပုန်းဝပ်နေတဲ့စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေရှိသလို ရဲစခန်းနဲ့ ၅၆ တပ်ရင်း တိုက်ခိုက်ခဲ့ရာမှာလည်း ထိခိုက်မှုတွေရှိသွားတယ်လို့ သူကဆက်ပြောပါတယ်။ “အောက်လေးလမ်းဆုံမှာ ကား ၂စီးနဲ့ အင်အားလာချသွားတာ သူတို့စုနေတဲ့ အလည်တည့်တည့်ကိုပစ်ချလိုက်တာ မသေရင်တောင် ဆယ်ယောက်ကတော့ကောင်းကောင်းထိသွားမှာ”လို့ စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ LPDF တစ်ဦးကလည်း ပြောပါတယ်။ စစ်ကောင်စီစစ်သားတွေဟာ မတ်လ ၁၉ ရက်နေ့ မနေ့က နေ့လည် ၁၂ အချိန်မှာ အထက်လေးလမ်းဆုံဘက်က်ို ၁၂၀ မမ တွေနဲ့ရမ်းသမ်းပစ်ခဲ့တာကြောင့် အထက်လေးလမ်းဆုံအနီးပတ်ဝန်းကျင်တစ်ချို့တွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာရှိသလို မံခါး ကျေးရွာထဲမှာလည်း ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အရပ်သားထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိ အောက်လေးလမ်းဆုံမှာစစ်ကောင်စီစစ်သား ၅၀ ကျော်ရှိနေပြီး ကင်းင်းပုန်းဝပ်တာတွေပုံမှန်ရှိနေတဲ့အပြင် ဖြတ်သန်းသွားလာတဲ့ အရပ်သားတွေကိုလည်း တားမြစ်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ရွှေကူမြို့နယ်နဲ့နယ်နိမတ်ချင်းထိစပ်နေတဲ့ မံစီမြို့နယ်ထဲကစစ်ကောင်စီတပ်ရဲ့ စီးခမ်းကြီးစခန်း၊ကသာနယ်ထဲက မြို့လှစခန်းနဲ့ ရှမ်းပြည်နယ်ထဲက မဘိန်း တပ်စခန်းတွေကို KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်  မြို့လှနယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မံစီစခန်းတွေထဲက စစ်သားတွေဟာ ရွှေကူမြို့တွင်းတပ်ကိုအင်အားတွေဖြည့်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ဘက်က ရွှေကူမြို့ထဲကို စစ်အင်အားဖြည့်တင်းထားပေမယ့် ကျေးရွာဘက် စစ်ရေးလှုပ်ရှားတာမျိုးမရှိဘဲ မြို့အဝင်အထွက် ဂိတ်နေရာတစ်ချို့မှာ ဂိတ်ထိုင်ထားတာ မြို့ကို ခုခံကာကွယ်ဖို့ပြင်ဆင်တာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။  ရွှေကူမြို့နယ်ဟာ ဗန်းမော်ခရိုင်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး ဧရာမြစ်ကမ်းနံဘေးရှိတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရွှေကူမြို့ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်း ရွာပေါင်း ၁၂ ရွာထက်မနည်းကိုလည်း စစ်တပ်ကမီးရှို့ဖျက်ဆီးတာတွေအပြင် စစ်တပ်နဲ့ KIA,KPDF တို့အကြား မကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်ခရိုင်မှာရှိတဲ့ မြို့နယ် ၄ ခုဖြစ်တဲ့ ဗန်းမော်မြို့နယ်၊မံစီမြို့နယ်၊မိုးမောက်မြို့နယ်၊ရွှေကူမြို့နယ်တွေထဲက ကျန်တဲ့မြို့နယ်တွေမှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ချိန်လည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Nov- 2023 -
    15 November
    သတင်းရွှေကူမြို့တွင်း စျေးနေရာ

    ရွှေကူမှာ လက်နက်ကြီးကြောင့် မိသားစု ၃ ဦးကျည်ထိမှန်၊ ခင်ပွန်းဖြစ်သူပွဲချင်းပြီးသေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့ထဲမှာ စစ်တပ်လက်အောက်ခံ ရဲစခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး‌ကြောင့် မိသားစု ၃ ဦးကျည်ထိမှန်ပြီး အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီလောက် ရွှေကူမြို့မရဲစခန်းကနေ…

    Read More »
  • Jul- 2023 -
    21 July
    သတင်းPhoto - ရွှေကူမြို့အဝင်ဆိုင်းဘုတ်

    တောပုန်းရွာဒေသခံများ ကျောင်းထိုင်ဆရာတော်ကို လစဥ်ငွေကြေးပေးဆောင်နေရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာမှာရှိတဲ့ တောပုန်းကျောင်းထိုင်ဆရာတော်ကို ရွာသားတွေက တစ်လကို ကျပ်ငွေ တစ်သောင်းပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့နဲ့ ၅မိုင်လောက်ဝေးတဲ့ တောပုန်းကျေးရွာကျောင်းထိုင်ဆရာတော်ဟာ စစ်ကောင်စီတပ်နဲ့ပေါ်ပေါ်တင် တင်ပူးပေါင်းဆောင်ရွက်နေတဲ့ပျူစောထီးတွေတောပုန်းရွာမှာရှိလာပေါ်လာပြီးနောက် ဒီနှစ် နှစ်ဆန်းပိုင်းလောက်ကနေ ရွာသားတွေဆီကနေ တစ်အိမ် ကျပ် ၁၀၀၀၀ နှုန်း လစဥ်ကောက်ခံနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ ”သူကကျောင်းထိုင်ပါ့အေး သူက ရွာသားတွေတော်တော်များများကိုနိုင်ပြီးသားလေ ထွေထွေထူးထူးပြောစရာမလို့တော့ဘူး ဘုန်းကြီးကြေးကောက်တယ်ပေး။…

    Read More »
  • Apr- 2023 -
    7 April
    သတင်း

    စစ်တပ် ဖမ်းဆီးထားသော ရွှေကူ ကုန်စုံဆိုင်ပိုင်ရှင် နှင့် ဝန်ထမ်းများ ပြန်မလွတ်လာသေး

    ရွှေကူမြို့တွင် စစ်ကောင်စီတပ်မှ ဖမ်ဆီးသွားသော ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦး နှင့် ဆိုင်ဝန်ထမ်းနှစ်ဦးတို့ကို တစ်ပတ်နီးပါးကြာသည်အထိ အဆက်သွယ် မရသေးကြောင်း စုံစမ်းသိရှိရသည်။  ဖမ်းဆီးခံရသည့် ရွှေကူမြို့ အမှတ် ၂ ရပ်ကွက်မှ ကုန်စုံဆိုင်လင်မယားနှစ်ဦးဖြစ်သည့် ဦးဖိုးလှိုင်၊ ဒေါ်နွဲ့ဝင်း နှင့် ဆိုင် ဝန်ထမ်းအမျိုးသမီးနှစ်ဦး စုစုပေါင်း ၄ ဦးတို့ကို  ဧပြီလ ၂ ရက်နေ့ တွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ “ကျွန်မတို့ကွက်ရပ်ထဲကပဲလေး…

    Read More »
  • Dec- 2022 -
    6 December
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်Shwe Gu

    ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ

    ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်း သင်္ဘောအင်းအနီးရှိ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီးတွင် ရွှေတူးဖော်ရန် စက်လှေ များထပ်မံရောက်ရှိလာ၍ နေ့ည မနား ရွှေတူးဖော်မှုအများအပြားလုပ်ဆောင်လာကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ကာ ရွှေတူးဖော်သည့် စစ်လှေများ ၁၀ စီးထက်မနည်းရောက်ရှိလာပြီး…

    Read More »
  • Nov- 2022 -
    21 November
    သတင်းShwe Gu

    မီတာခ ပေးဆောင်ရန် လှုံ့ဆော်နေသည့် ရွှေကူ EPC ရုံးကို PDF က မိုင်းခွဲသတိပေး

    မီတာခ ပေးဆောင်ကြရန် အတင်းလှုံ့ဆော်နေသည့် ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်ရှိ EPC ရုံးကို ရွှေကူ PDF က ယနေ့ နံနက်ပိုင်းတွင် မိုင်းခွဲ သတိပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ရွှေကူ EPC ရုံးအနေဖြင့် လွန်ခဲ့သည့် စနေနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှစတင်၍ မီတာခ…

    Read More »
Back to top button