သတင်း

ရွှေကူမှာ လက်နက်ကြီးကြောင့် မိသားစု ၃ ဦးကျည်ထိမှန်၊ ခင်ပွန်းဖြစ်သူပွဲချင်းပြီးသေဆုံး

ကချင်ပြည်နယ် ရွှေကူမြို့ထဲမှာ စစ်တပ်လက်အောက်ခံ ရဲစခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး‌ကြောင့် မိသားစု ၃ ဦးကျည်ထိမှန်ပြီး အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီလောက် ရွှေကူမြို့မရဲစခန်းကနေ အမှတ် ၂ ရပ်ကွက်ဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့အတွက် နေအိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ခင်ပွန်းဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိထားတယ်လို့ ရွှေကူမြို့ခံတွေက ပြောပါတယ်။

သူ့အမျိုးသားက ခေါင်းပွင့်ထွက်သွားတာ ခုရင်ခွဲရုံမှာဟုတ်တယ်။ မိန်းမက သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတုန်း ကလေးကတော့ ဒဏ်ရာအနည်းငယ်ဘဲရတယ်လို့ သိရတယ်လို့ ပြောပါတယ်။

ကျည်ထိမှန်သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင်ရှိ ဦးအီးထက်ဆိုသူဖြစ်ပြီး လက်ရှိချိန်ထိ ရုပ်အလောင်းကို ရင်ခွဲရုံမှာရှိနေဆဲလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်မှာလည်း အမှတ် ၃ရပ်ကွက် ဈေးကြီးနားမှာမနက်ဈေးရောင်းနေကြတဲ့ဈေးသည်တွေကိုလည်း သေနတ် ၃ ချက်ပစ်ဖောက်ပြီး ဈေးသိမ်းခိုင်းလိုက်တယ်လို့ ရွှေကူဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မနက်က မိုးမလင်းဈေးရောင်းတဲ့သူတွေရော ပြေးကုန်ပြီ ဘာမှမရောင်းရဘူး စစ်သားတွေနဲ့ရဲတွေလာပြီး သေနတ် ၃ ချက်ဖောက်ပြီး သိမ်းခိုင်းတာလို့ ပြောတယ်လို့ ပြောပါတယ်။

ရွှေကူမြို့ဟာ ဧရာဝတီမြစ်ဘေးမှာရှိတဲ့ မြို့နယ်ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးတပ်တွေ အားကောင်းတဲ့နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိရွှေကူမြို့ထဲမှာတော့ ရွှေကူမန်းလေးလမ်းနဲ့ ရွှေကူဗန်းမော်လမ်းကို စစ်တပ်က အဝင်အထွက်ပိတ်ထားတာကြောင့် မြို့အတွင်း ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button