ချီဖွေ
-
Apr- 2024 -29 Aprilသတင်းဆောင်းပါး
ချီဖွေ-ဆော့လော်မြို့နယ်ဘက် စစ်ရေး တင်းမာလာ
စစ်ရေးလှုပ်ရှားမှု နည်းပါးခဲ့တဲ့ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ် ချီဖွေ၊ ဆော့လော်ဒေသဘက်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့လာပြီး တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၁၁ ရက်နေ့ ဆော့လောမြို့အနီးရှိ စစ်ကောင်စီ လက်အောက်ခံ မျောမော ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်…
Read More » -
20 Aprilသတင်း
ချီဖွေ၊ ပန်ဝါဘက်စစ်ကြောင်းထိုးလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား
ဝိုင်းမော်မြို့ကနေ ချီဖွေ၊ပန်ဝါဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား မနေ့က တစ်ရက်ထဲတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဖက်တပ် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီတပ်နဲ့ပြည်သူ့အဖွဲ့အင်အား ၁၀၀…
Read More » -
Mar- 2024 -26 Marchသတင်း
မုဒိန်းမှုကျူးလွန်တဲ့သူကို ထိထိရောက်ရောက်အရေးပေးဖို့ မိသားစုများတောင်းဆို
ချီဖွေမြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်း ၂ မှာနေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား မုဒိန်းမှုကျူးလွန်ခဲ့တဲ့တရားခံကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ နစ်နာသူမိသားစုဝင်တွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျူးလွန်ခံရတဲ့အမျိုးသမီးဖြစ်သူဟာ ချီဖွေမြို့ ကန်ပိုင်ယန်ရပ်ကွက်မှာရှိတဲ့ ခြံထဲဟင်းရွက်တွေသွားခူးချိန် မုဒိန်းကျင့်ခံရတာဖြစ်တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။ “အမေက အဲ့နေ့ညနေ ခြံထဲမှာ ဒန့်ဒလွန်ရွက် သွားခူးတာ ပြီးတော့ ခြံအောက်ဘက်မှာကန်ပိုင်ယန်ချောင်းဆိုပြီးရှိတယ် အဲ့ဒီချောင်းမှာ ဒရင်ကောက်အရွက်ပြန်ဆင်းခူးတဲ့အချိန် အဲ့ဒီယောကျ်ားကနောက်ကလိုက်လာပြီး သူကအဲ့လိုမျိုးလုပ်သွားတာ”လို့ပြောပါတယ်။ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ အသက် ၃၀ ကျော်အရွယ် ကိုသူဆိုသူဖြစ်ပြီး ပဲခူးတိုင်းဘက်ကနေ ချီဖွေမြို့၊ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တွေ ဦးဆောင်လုပ်ကိုင်နေတဲ့ ကန်ပိုင်ယန်ရွှေမှော်မှာလာရောက်အလုပ်လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။ မုဒိန်မှုကျူးလွန်တဲ့အမျိုးသားကိုတော့ မနေ့က မတ်လ ၂၅ ရက်နေ့ မနက် ၇ နာရီလောက် ရပ်ရွာလူကြီးတွေနဲ့ သက်ဆိုင်သူတွေက ရွှေမှော်မှာသွားရောက်ဖမ်းဆီးကာ လက်ရှိချီဖွေမြို့နယ် ရဲစခန်းမှာထိန်းသိမ်းထားတယ်လို့သိရပြီး အမှုရင်ဆိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။ နစ်နာသူမိသားစုတွေဘက်ကတော့ မုဒိန်းမှုကျူးလွန်ခဲ့တဲ့သူကို သက်ဆိုင်ရာတွေဘက်က ထိထိရောက်ရောက်အရေးယူပေးဖို့ တောင်းဆိုချင်တယ်လို့ ကျူးလွန်ခံရသူရဲ့ သမီးဖြစ်သူက အခုလိုပြောပါတယ်။ “ဖြစ်နိုင်ရင်တော့ သူ့ကို ထိထိရောက်ရောက်အရေးယူခိုင်းစေချင်တာပေါ့၊ သတ်တောင်သတ် ချင်ပစ်ချင်တာ၊ အမေက မုဆိုးမအဖေဆုံးသွားတာ ၁၇ နှစ်လောက်ရှိပြီ အမေကနာမည်ဆိုးလည်း မရှိခဲ့ဖူးဘူး၊ အမေက သူမုဆိုးမဆိုပြီး ဂုဏ်သိက္ခာရှိရှိနေခဲ့တာ အခုက အရှက်လည်းကွဲ၊ စိတ်ဒဏ်ရာလည်းရတယ်၊ ပြီးတော့ အသက်အန္တရာယ်လည်း ကြုံရတယ်၊ အဲ့တာကြောင့် သူ့ကို ထိထိရောက်ရောက်အရေးယူချင်တာ”လို့ပြောပါတယ်။ လက်ရှိမှာတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးဖြစ်သူဟာ အစာစားလို့မရတဲ့အခြေအနေဖြစ်နေပြီး ခြေ၊ လက်၊ မျက်နှာတွေမှာ ထိခိုက်ဒဏ်ရာရရှိထားတဲ့အတွက် ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ ချီဖွေမြို့အဝင်တွေကို စစ်တပ်ထောက်ခံစာပါမှသာဝင်လို့ရတာဖြစ်ပြီး ကျူးလွန်တဲ့အမျိုးသားဖြစ်သူဟာဆိုရင်လည်း ပဲခူးတိုင်းဘက်က ရောက်လာတာ သုံးလေးရက်လောက်သာရှိသေးတဲ့အတွက် ရွှေမှော်သူဌေးနာမည်နဲ့ ဝင်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ် မတရားဖမ်းဆီးခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့အတူ အိမ်တွင်းအကြမ်းဖက်တာတွေ ပိုမိုဆိုးရွားလာတဲ့အပြင် ပဋိပက္ခဒေသအတွင်းက အမျိုးသမီးများတွေဟာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သာမန်အရပ်သားတွေရဲ့ အကြမ်းဖက်မှုပုံစံအမျိုးမျိုး ကြုံနေရတယ်လို့ မြန်မာအမျိုးသမီးများအဖွဲ့ချုပ် ရဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာထုတ်ပြန်တဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ By – Bu Bu
Read More » -
Feb- 2024 -28 Februaryသတင်း
မြစ်ကြီးနား-ချီဖွေလမ်းပိုင်း ဂိတ်တွေမှာ ဆန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ပိုခက်ခဲလာ
မြစ်ကြီးနား–ချီဖွေ သွားလမ်းပိုင်း ဂိတ်တွေမှာ အစစ်အဆေးတွေများပြီး ဆန်နဲ့ စက်သုံးဆီတွေ သယ်ယူခွင့် ပိုမို ခက်ခဲလာတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ခုလို စစ်ဆေးရေး ပိုတင်းကြပ်လာတာ ဒီနှစ်လဆန်းပိုင်းကနေ ပိုပြီးဆိုးရွားလာတာဖြစ်တယ်လို့ ချီဖွေဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဆန်တွေက…
Read More » -
16 Februaryသတင်း
ချီဖွေနဲ့ ပန်ဝါဒေသဘက်ကို ထောက်ခံချက်ရမှသာ သွားလာခွင့်ရရှိ
ပန်ဝါဒေသကို တက်လာတဲ့ ခရီးသည်းတွေအားလုံးကို ဝိုင်းမော်မြို့နယ် ရှငေါ် (Shangaw) စစ်တပ်ဂိတ်မှာ သွားလာရေး ကန့်သတ်ထားပြီး သွားလာမယ့် နေရာရဲ့ ထောက်ခံချက်ပါရှိမှသာ သွားလာခွင့်ပြုနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလကုန်ပိုင်းလောက်ကနေ မြစ်ကြီးနားနဲ့ အခြားဒေသက လာတဲ့ ခရီးသည်တွေကို သွားလာခွင့်…
Read More » -
Jan- 2024 -12 Januaryသတင်း
မန်ဝိန်းဂိတ်မှာ ဆန်သယ်ခွင့်ပိတ်ထားတာကြောင့် ချီဖွေစစ်ရှောင်များအခက်တွေ့
ဝိုင်းမော်– ချီဖွေသွားလမ်းမှာ ရှိတဲ့ ဂိတ်တွေမှာ ဆန်အိတ်တွေ သယ်ဆောင်ခွင့် မပြုတဲ့အတွက် ချီဖွေ စစ်ရှောင်စခန်းက စစ်ရှောင်တွေ စားသောက်ရေး အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ အသေးစိတ်ကို ကချင်သတင်းဌာနက ဘူဘူ က သတင်းပေးပို့ထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေ စောင့်တဲ့ မန်ဝိန်းဂိတ်မှာ စစ်ဆေးရေးတွေ တင်းကျပ်နေတဲ့အပြင် ဆန်သယ်ယူခွင့်လည်း မပြုတာကြောင့် စစ်ရှောင်စခန်းတွင်း အခက်အခဲတွေ ကြုံနေရတဲ့အတွက် ဆန်တွေ ပြန်လည်သယ်ယူခွင့်ပြုစေလိုတယ်လို့ ကချင်ပြည်နယ် ပန်ဝါဒေသမှာ ရှိတဲ့ ချီဖွေစစ်ရှောင်စခန်း ၂ က အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ကျွန်မတို့ စစ်ရှောင်မှာက ခက်ခဲတဲ့အတွက် ဆန်သယ်ယူတာတွေကို လမ်းမှာ လျှောလျှောရှူရှူနဲ့ သယ်ယူခွင့်ပြုတာကို ကျွန်မတို့ အရမ်းလိုလာတယ်၊ ဒီကနေ ဝယ်စားမယ်ဆိုရင်လည်း ဈေးတွေ ကြီးတော့ ကျွန်မတို့ ကမတက်နိုင်ဘူးလေ”လို့ ပြောပါတယ်။ အခုလို ဆန်သယ်ယူခွင့် တင်းကျပ်တာတွေကြောင့် စခန်းတွင်း ဆန်မလုံလောက်တာတွေ၊ ဆန်ပြတ်လပ်ပြီး ချေးငှားပြီး ဖြေရှင်းရတဲ့ထိ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ချီဖွေ စစ်ရှောင်စခန်းတွေမှာသာမက ကချင်ပြည်နယ်စစ်ရှောင်စခန်း တွေမှာ ထောက်ပံ့ကြေးကို တိုးမြှင့်ပေးခဲ့တယ်လို့ စစ်ရှောင်စခန်းတွေဆီကနေ သိရပါတယ်။ ထောက်ပံ့ကြေးတိုးမြှင့်ပေးပေမဲ့ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်နေတဲ့အတွက် စစ်ရှောင်တွေအနေနဲ့လည်း နေ့စားအလုပ်တွေလုပ်ရင်း စားဝတ်နေရေး ဖြေရှင်းနေတယ်လို့ ချီဖွေ စစ်ရှောင်စခန်း ၁ က တာဝန်ခံတစ်ယောက်က ကို ပြောပါတယ်။ “ထောက်ပံ့ကြေးမြင့်ပေးတာကိုတောင်အရမ်းကျေးဇူးတင်တယ်၊ ဒါပေမဲ့ ကုန်ဈေးနှုန်းတွေကလည်း မြင့်မြင့်လာတာဆိုတော့ ထောက်ပံ့ကြေးမြင့်လည်း အသုံးစရိတ်တွေက အရင်လိုဘဲဖြစ်နေပေါ့၊ ကျွန်တော်တို့လည်း ဖြစ်နိုင်သလောက် နေ့စားတွေလိုက်ရှာလုပ် တောထဲဝင်ပြီး ဟင်းသီးဟင်းရွက်တွေ ရှာစားပြီး နေနေကြတာပေါ့” ဒါ့အပြင် ချီဖွေမြို့မှာ လယ်ယာစိုက်ခင်း လုပ်တာတွေမရှိတဲ့အတွက် ဆန်တွေကို ဝိုင်းမော်၊ မြစ်ကြီးနားဘက်က အဓိက မှာယူတာဖြစ်တဲ့တာကြောင့် အခုလို ဂိတ်တွေမှာ ဆန်တွေကို နှစ်အိတ် သုံးအိတ် ထက် သယ်ယူခွင့်မပြုတာတွေဟာ ပိုက်ဆံရှိပေမဲ့ ဝယ်စားစရာဆန်မရှိသလိုမျိုး ဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။ အခုလို ဆန်သယ်ယူခွင့်မပေးတာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက်က တည်းကနေ တင်းကျပ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလလယ်ကနေ ဆန်၊ ဆီ သယ်ယူခွင့်ကို ပိုပြီး တင်းကျပ်စစ်ဆေးလာတာဖြစ်ပါတယ်လို့ ဆိုပါတယ်။ ချီဖွေမြို့ စစ်ရှောင်စခန်း ၁ မှာ အိမ်ထောင်စု ၁၆၅ စုနဲ့ လူဦးရေ ၈၇၀ ကျော်ရှိပြီး ချီဖွေ စစ်ရှောင်စခန်း ၂ မှာတော့ အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၃၀၀ ဝန်းကျင်ရှိတာ ဖြစ်ပြီးတော့ အဲ့ဒီ စစ်ရှောင်တွေဟာ ၂၀၁၂ခုနှစ် တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူတွေ ဖြစ်ကြပါတယ်။ By – Bu Bu
Read More » -
10 Januaryသတင်း
ဝိုင်းမော်- ချီဖွေသွားလမ်းပိုင်း စစ်ဆေးတင်းကြပ်တာတွေ ပိုများလာ
ဝိုင်းမော်–ချီဖွေသွားတဲ့ ဂိတ်တစ်လျှောက် စစ်ဆေးမှုတွေတင်းကျပ်နေတာကြောင့် ခရီးသွားပြည်သူများ အဖက်ဖက်ကနေ ခက်ခဲလာနေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။ လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်တပ်ဂိတ်၊ KIA ဂိတ်၊ စုပေါင်းဂိတ် စတဲ့ဂိတ်တွေ စုစုပေါင်း ၁၆ ခုလောက်ရှိသလို ခရီးသွားဒေသခံပြည်သူတွေထဲက မင်္သကာသူတွေကို…
Read More » -
Dec- 2023 -26 Decemberသတင်း
ဆယ်စုနှစ်ကြာလာတဲ့ ချီဖွေစစ်ရှောင်စခန်း ရေချိုးခန်း၊အိမ်သာပြုပြင်ဖို့ အရေးကြီးကူညီလိုအပ်နေ
ကချင်ပြည်နယ် ချီဖွေမြို့က KBC စစ်ရှောင်စခန်းမှာ ရေချိုးခန်း၊ အိမ်သာတွေပြုပြင်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံက ပြောပါတယ်။ ဆယ်စုနှစ်ကြာနေပြီဖြစ်တဲ့ စစ်ရှောင်စခန်းမှာ အဆောင်တွေယိုယွင်းပျက်စီးလာနေပြီဖြစ်တဲ့အပြင် အဓိက မီး၊ရေချိုးခန်း၊ အိမ်သာတွေ ပြုပြင်ဖို့လိုအပ်နေတာဖြစ်တယ်လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။ “တော်တော်လေးကို ဒီ မီးတွေ၊ အိမ်သာတွေ၊ ရေချိုးခန်းတွေ အကုန် ပျက်စီးလာပြီ၊ ဒါပေမဲ့…
Read More » -
Oct- 2023 -11 Octoberသတင်း
ချီဖွေကားလမ်းပိုင်း ငွေကြေးတောင်းခံတဲ့ စစ်တပ်ဂိတ် ၃၀ လောက်ရှိလာ
မြစ်ကြီးနား – ချီဖွေ ကားလမ်းမကြီး တစ်လျှောက်ပေါ်မှာ ငွေကြေးကောက်ခံတဲ့ စစ်တပ်ဂိတ်တွေ ၃၀ ဝန်းကျင်လောက်တိုးချဲ့ထားတဲ့အတွက် ကားသမားတွေသွားလာရေးအခက်အခဲဖြစ်နေတဲ့အပြင် ချီဖွေဒေသမှာ ကုန်းစျေးနှုန်း ၂ ဆက်ထက်စျေးနှုန်းမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ချီဖွေသွားကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီလက်အောက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်တွေမရှိပေမယ့် လက်ရှိမှာ စစ်တပ်အာဏာသိမ်းယူထားတဲ့ ၂…
Read More » -
Sep- 2023 -20 Septemberသတင်း
စစ်တပ်က မြေရှားလုပ်ကွက်တွေကို ကြိုတင်အကြောင်းကြားပြီး စစ်ဆေးတဲ့အတွက် ထိရောက်မှာ မဟုတ်ဘူးလို့ ဒေသခံများ ပြောဆို
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို စစ်ကောင်စီတပ်က ၁၀ ရက်ကျော် ကြိုတင်အကြောင်းကြားပြီးမှ ဝင်ရောက်စစ်ဆေးနေတဲ့အတွက် ကွင်းဆင်းစစ်ဆေးမှုမှာ ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို လာရောက်ကွင်းဆင်း စစ်ဆေးမယ့်အကြောင်း လုပ်ငန်းရှင်တွေကို ကြိုတင်အကြောင်းကြားထားပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့ ရောက်လာပြီး ပန်ဝါဒေသက မြေရှားသတ္တုတွင်းတွေကို…
Read More »







