သတင်း

ဝိုင်းမော်- ချီဖွေသွားလမ်းပိုင်း စစ်ဆေးတင်းကြပ်တာတွေ ပိုများလာ

ဝိုင်းမော်ချီဖွေသွားတဲ့ ဂိတ်တစ်လျှောက် စစ်ဆေးမှုတွေတင်းကျပ်နေတာကြောင့် ခရီးသွားပြည်သူများ အဖက်ဖက်ကနေ ခက်ခဲလာနေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။

လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်တပ်ဂိတ်၊ KIA ဂိတ်၊ စုပေါင်းဂိတ် စတဲ့ဂိတ်တွေ စုစုပေါင်း ၁၆ ခုလောက်ရှိသလို ခရီးသွားဒေသခံပြည်သူတွေထဲက မင်္သကာသူတွေကို အတင်းအကျပ်စစ်ဆေးတာ၊ ရိုက်နှိက်တာမျိုးတွေ လည်းရှိတယ်လို့ ချီဖွေဒေသခံတစ်ယောက်က ပြောပါတယ်။

မန်ဝိန်းဂိတ်မှာဆိုရင် သူတို့အနေနဲ့ စစ်ဆေးမေးမြန်းတာတွေ သေချာမပြောတာမျိုးဆိုရင် ရိုက်တယ်၊ တစ်လတော့ကြာပြီ အဲ့တုန်းကလည်း လရှီကလေးတစ်ယောက်ကို လရှီလိုမပြောရဘူးလို့ ပြောပြီး ရိုက်လိုက်တယ်တဲ့၊ သူတို့အမြင်မကြည်တာမျိုး ဆိုရင်လုပ်တယ်ထင်တယ် လို့ပြောပါတယ်။

အထက်ပါ မန်ဝိန်းဂိတ်ဟာ ဝိုင်းမော်ကနေ ၄ ဂိတ်မြောက်မှာရှိပြီးတော့ ဂိတ်ကြေးအများဆုံးကောက်တဲ့ နေရာဖြစ်တယ်လို့ လည်းသိရပါတယ်။

အဲ့ဒီဂိတ်မှာ တစ်နှစ်စာ ကားလက်မှတ် ၃ သိန်းအခွန်‌ ဆောင်ထားပေမယ့် ကုန်ကားပစ္စည်း‌ပေါ်မူတည်ပြီးတောင်းတာ၊ ဟင်းဖိုးတောင်းတာအပြင် နောက်ထပ် ခေါင်းစဉ်အမျိုးမျိုးနဲ့ တောင်းခံတာရှိတယ်လို့ဆိုပါတယ်။

ပြည်သူတွေ၊ ကားသမားတွေဟာ စစ်တပ်ဂိတ် ၊ KIA စောင့်ဂိတ် ဂိတ်တိုင်းမှာအခွန်‌ပေးကြပေမယ့် စိုးရိမ်မှုများစွာနဲ့သွားလာ‌နေရတယ်လို့ ခရီးသွားပြည်သူတစ်ဦးက ဆိုပါတယ်။

အခက်အခဲကတော့ အခုဆိုပြောမကုန်အောင်ဘဲ၊ ပိုက်ဆံကုန်တာတစ်ပိုင်း၊ စိတ်ပင်ပန်းတာတစ်ပိုင်း၊ ပြီးတော့ ဒီချီဖွေ ချန်းမောခုန်းဘက်ကသူတွေဆို စကားက မဆုံတာနဲ့ သွားရေးလာရေး အရမ်းခက်ခဲတာပေါ့လို့ဆိုပါတယ်။

ဂိတ်တွေမှာ လက်နက် ကျည်ဆံပါမပါ၊ မူးယစ်ဆေးဝါး၊ ဖုန်းစသဖြင့် မေးခွန်းတွေမေးပြီး စစ်ဆေးတာတွေလုပ်တဲ့အပြင် ဂိတ်တွေအားလုံးဟာအရင်ထက် စစ်ဆေးမှုပိုပြီးတင်းကြပ်လာနေတယ်လို့ ခရီးသွားပြည်သူ‌‌တွေက ပြောပါတယ်။

လက်ရှိ ဝိုင်းမော်ကနေ ချီဖွေထိ ဂိတ်ကြေးအရင်ထက် ၂ ဆလောက်တက်သွားပြီးတော့ ကားတစ်စီးကို အနည်းဆုံး ၇သိန်း ၈ သိန်း ထိကုန်ကျတယ်လို့ သိရပါတယ်။

By – BU BU

Show More

Related Articles

Back to top button