သတင်း

မုဒိန်းမှုကျူးလွန်တဲ့သူကို ထိထိရောက်ရောက်အရေးပေးဖို့ မိသားစုများတောင်းဆို

ချီဖွေမြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်း  မှာနေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား မုဒိန်းမှုကျူးလွန်ခဲ့တဲ့တရားခံကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ နစ်နာသူမိသားစုဝင်တွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ညနေ  နာရီလောက်မှာ ကျူးလွန်ခံရတဲ့အမျိုးသမီးဖြစ်သူဟာ ချီဖွေမြို့ ကန်ပိုင်ယန်ရပ်ကွက်မှာရှိတဲ့ ခြံထဲဟင်းရွက်တွေသွားခူးချိန် မုဒိန်းကျင့်ခံရတာဖြစ်တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။

အမေက အဲ့နေ့ညနေ ခြံထဲမှာ ဒန့်ဒလွန်ရွက် သွားခူးတာ ပြီးတော့ ခြံအောက်ဘက်မှာကန်ပိုင်ယန်ချောင်းဆိုပြီးရှိတယ် အဲ့ဒီချောင်းမှာ ဒရင်ကောက်အရွက်ပြန်ဆင်းခူးတဲ့အချိန် အဲ့ဒီယောကျ်ားကနောက်ကလိုက်လာပြီး သူကအဲ့လိုမျိုးလုပ်သွားတာလို့ပြောပါတယ်။

မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ အသက် ၃၀ ကျော်အရွယ် ကိုသူဆိုသူဖြစ်ပြီး  ပဲခူးတိုင်းဘက်ကနေ ချီဖွေမြို့၊ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တွေ ဦးဆောင်လုပ်ကိုင်နေတဲ့ ကန်ပိုင်ယန်ရွှေမှော်မှာလာရောက်အလုပ်လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။

မုဒိန်မှုကျူးလွန်တဲ့အမျိုးသားကိုတော့ မနေ့က မတ်လ ၂၅ ရက်နေ့ မနက်  နာရီလောက် ရပ်ရွာလူကြီးတွေနဲ့ သက်ဆိုင်သူတွေက ရွှေမှော်မှာသွားရောက်ဖမ်းဆီးကာ လက်ရှိချီဖွေမြို့နယ် ရဲစခန်းမှာထိန်းသိမ်းထားတယ်လို့သိရပြီး အမှုရင်ဆိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။

နစ်နာသူမိသားစုတွေဘက်ကတော့ မုဒိန်းမှုကျူးလွန်ခဲ့တဲ့သူကို သက်ဆိုင်ရာတွေဘက်က ထိထိရောက်ရောက်အရေးယူပေးဖို့ တောင်းဆိုချင်တယ်လို့ ကျူးလွန်ခံရသူရဲ့ သမီးဖြစ်သူက အခုလိုပြောပါတယ်။

ဖြစ်နိုင်ရင်တော့ သူ့ကို ထိထိရောက်ရောက်အရေးယူခိုင်းစေချင်တာပေါ့၊ သတ်တောင်သတ် ချင်ပစ်ချင်တာ၊ အမေက မုဆိုးမအဖေဆုံးသွားတာ ၁၇ နှစ်လောက်ရှိပြီ အမေကနာမည်ဆိုးလည်း မရှိခဲ့ဖူးဘူး၊ အမေက သူမုဆိုးမဆိုပြီး ဂုဏ်သိက္ခာရှိရှိနေခဲ့တာ အခုက အရှက်လည်းကွဲ၊ စိတ်ဒဏ်ရာလည်းရတယ်၊ ပြီးတော့ အသက်အန္တရာယ်လည်း ကြုံရတယ်၊ အဲ့တာကြောင့် သူ့ကို ထိထိရောက်ရောက်အရေးယူချင်တာလို့ပြောပါတယ်။

လက်ရှိမှာတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးဖြစ်သူဟာ အစာစားလို့မရတဲ့အခြေအနေဖြစ်နေပြီး ခြေ၊ လက်၊ မျက်နှာတွေမှာ ထိခိုက်ဒဏ်ရာရရှိထားတဲ့အတွက် ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ချီဖွေမြို့အဝင်တွေကို စစ်တပ်ထောက်ခံစာပါမှသာဝင်လို့ရတာဖြစ်ပြီး  ကျူးလွန်တဲ့အမျိုးသားဖြစ်သူဟာဆိုရင်လည်း ပဲခူးတိုင်းဘက်က ရောက်လာတာ သုံးလေးရက်လောက်သာရှိသေးတဲ့အတွက် ရွှေမှော်သူဌေးနာမည်နဲ့ ဝင်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ်  မတရားဖမ်းဆီးခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့အတူ အိမ်တွင်းအကြမ်းဖက်တာတွေ ပိုမိုဆိုးရွားလာတဲ့အပြင် ပဋိပက္ခဒေသအတွင်းက အမျိုးသမီးများတွေဟာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သာမန်အရပ်သားတွေရဲ့ အကြမ်းဖက်မှုပုံစံအမျိုးမျိုး ကြုံနေရတယ်လို့ မြန်မာအမျိုးသမီးများအဖွဲ့ချုပ် ရဲ့  ၂၀၂၃ ခုနှစ် ဇွန်လမှာထုတ်ပြန်တဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button