သတင်း

မန်ဝိန်းဂိတ်မှာ  ဆန်သယ်ခွင့်ပိတ်ထားတာကြောင့် ချီဖွေစစ်ရှောင်များအခက်တွေ့

ဝိုင်းမော်– ချီဖွေသွားလမ်းမှာ ရှိတဲ့ ဂိတ်တွေမှာ ဆန်အိတ်တွေ သယ်ဆောင်ခွင့် မပြုတဲ့အတွက် ချီဖွေ စစ်ရှောင်စခန်းက စစ်ရှောင်တွေ စားသောက်ရေး အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ အသေးစိတ်ကို ကချင်သတင်းဌာနက ဘူဘူ က သတင်းပေးပို့ထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေ စောင့်တဲ့ မန်ဝိန်းဂိတ်မှာ စစ်ဆေးရေးတွေ တင်းကျပ်နေတဲ့အပြင် ဆန်သယ်ယူခွင့်လည်း မပြုတာကြောင့် စစ်ရှောင်စခန်းတွင်း အခက်အခဲတွေ ကြုံနေရတဲ့အတွက် ဆန်တွေ ပြန်လည်သယ်ယူခွင့်ပြုစေလိုတယ်လို့ ကချင်ပြည်နယ် ပန်ဝါဒေသမှာ ရှိတဲ့ ချီဖွေစစ်ရှောင်စခန်း  က အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ကျွန်မတို့ စစ်ရှောင်မှာက ခက်ခဲတဲ့အတွက် ဆန်သယ်ယူတာတွေကို လမ်းမှာ လျှောလျှောရှူရှူနဲ့ သယ်ယူခွင့်ပြုတာကို ကျွန်မတို့ အရမ်းလိုလာတယ်၊ ဒီကနေ ဝယ်စားမယ်ဆိုရင်လည်း ဈေးတွေ ကြီးတော့ ကျွန်မတို့ ကမတက်နိုင်ဘူးလေလို့ ပြောပါတယ်။

အခုလို ဆန်သယ်ယူခွင့် တင်းကျပ်တာတွေကြောင့် စခန်းတွင်း ဆန်မလုံလောက်တာတွေ၊ ဆန်ပြတ်လပ်ပြီး ချေးငှားပြီး ဖြေရှင်းရတဲ့ထိ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ချီဖွေ စစ်ရှောင်စခန်းတွေမှာသာမက ကချင်ပြည်နယ်စစ်ရှောင်စခန်း တွေမှာ ထောက်ပံ့ကြေးကို တိုးမြှင့်ပေးခဲ့တယ်လို့ စစ်ရှောင်စခန်းတွေဆီကနေ သိရပါတယ်။

ထောက်ပံ့ကြေးတိုးမြှင့်ပေးပေမဲ့ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်နေတဲ့အတွက် စစ်ရှောင်တွေအနေနဲ့လည်း နေ့စားအလုပ်တွေလုပ်ရင်း စားဝတ်နေရေး ဖြေရှင်းနေတယ်လို့ ချီဖွေ စစ်ရှောင်စခန်း  က တာဝန်ခံတစ်ယောက်က ကို ပြောပါတယ်။

ထောက်ပံ့ကြေးမြင့်ပေးတာကိုတောင်အရမ်းကျေးဇူးတင်တယ်၊ ဒါပေမဲ့ ကုန်ဈေးနှုန်းတွေကလည်း မြင့်မြင့်လာတာဆိုတော့ ထောက်ပံ့ကြေးမြင့်လည်း အသုံးစရိတ်တွေက အရင်လိုဘဲဖြစ်နေပေါ့၊ ကျွန်တော်တို့လည်း ဖြစ်နိုင်သလောက် နေ့စားတွေလိုက်ရှာလုပ် တောထဲဝင်ပြီး ဟင်းသီးဟင်းရွက်တွေ ရှာစားပြီး နေနေကြတာပေါ့

ဒါ့အပြင် ချီဖွေမြို့မှာ လယ်ယာစိုက်ခင်း လုပ်တာတွေမရှိတဲ့အတွက် ဆန်တွေကို ဝိုင်းမော်၊ မြစ်ကြီးနားဘက်က အဓိက မှာယူတာဖြစ်တဲ့တာကြောင့် အခုလို ဂိတ်တွေမှာ ဆန်တွေကို နှစ်အိတ် သုံးအိတ် ထက် သယ်ယူခွင့်မပြုတာတွေဟာ ပိုက်ဆံရှိပေမဲ့ ဝယ်စားစရာဆန်မရှိသလိုမျိုး ဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

အခုလို ဆန်သယ်ယူခွင့်မပေးတာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက်က တည်းကနေ တင်းကျပ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလလယ်ကနေ ဆန်၊ ဆီ သယ်ယူခွင့်ကို ပိုပြီး တင်းကျပ်စစ်ဆေးလာတာဖြစ်ပါတယ်လို့ ဆိုပါတယ်။

ချီဖွေမြို့ စစ်ရှောင်စခန်း  မှာ အိမ်ထောင်စု ၁၆၅ စုနဲ့ လူဦးရေ ၈၇၀ ကျော်ရှိပြီး ချီဖွေ စစ်ရှောင်စခန်း  မှာတော့ အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၃၀၀ ဝန်းကျင်ရှိတာ ဖြစ်ပြီးတော့ အဲ့ဒီ စစ်ရှောင်တွေဟာ ၂၀၁၂ခုနှစ် တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူတွေ ဖြစ်ကြပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button