စခန်းသိမ်း
-
May- 2024 -9 Mayသတင်း
မိုးမောက်နဲ့ မံစီ မြို့ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စခန်းတစ်ချို့သိမ်းပိုက်ဖို့ကျန်ရှိနေသေး
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ မိုးမောက်မြို့တွင်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က မြို့တွင်းရပ်ကွက်ထဲနေရာယူတပ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၈ ရက်နေ့ကတည်းက ရှင်းလင်းလိုက်နိုင်ပြီး လက်ရှိမှာ မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်က မြို့တွင်းမှာရှိတဲ့ စစ်သားတွေကိုတော့ ရှင်းလင်းနိုင်သလောက်ရှိသွားပြီ။ အခုက ၄၃၇ တပ်ရင်းထဲမှာရှိနေသေးတာကြောင့် တိုက်ပွဲက ရပ်မသွားဘူးဆက်ဖြစ်နေသေးတယ်။ ဒီမနက်က ကြံခင်းရှိတဲ့ ဘက်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဧပြီလကတည်းက မိုးမောက်မြို့တွင်းရပ်ကွက် လူနေအိမ်တစ်ချို့ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းတွေမှာ လက်နက်ကြီးတွေအထိုင်ချထားပြီး နေရာယူထားတာကြောင့် KIA တပ်တွေက ရှင်းလင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြို့တွင်းနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းလိုက်နိုင်ပြီး ကျန်ရှိနေသေးတဲ့ ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ၃ ရက်မြောက်ကြာတဲ့အထိ တိုက်ပွဲဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်။ အလားတူ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မံစီမြို့တိုက်ပွဲမှာလည်း စစ်တပ်ရဲ့ ကာကင်းတပ်စခန်းအကြီးဖြစ်တဲ့ ဝလောင်လ(Walawng La)တပ်စခန်းကို KIA က သိမ်းပိုက်ထားနိုင်ပြီး မတ်လ ၉ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာတော့ တပ်စခန်းတစ်ခုလုံးရှင်းလင်းရေးဆောင်ရွက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “မံစီက မြို့ပြင်အနီးကုန်းက အဓိက အရေးပါတဲ့ ကာကင်းတပ်စခန်းကြီးကို သိမ်းပိုက်ထားပြီ။ သိမ်းပိုက်ထားနိုင်လို့ ဒီကနေ့ မနက်က ရှင်းလင်းရေးလုပ်ဆောင်နေတယ်။ အခုက တပ်စခန်းအကြီးတွေဖြစ်တဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကိုတော့ KIA က သွားပစ်တာမရှိသေးဘူး”လို့ပြောပါတယ်။ KIA တပ်ဘက်က မံစီမြို့ကို ထိန်းချုပ်ထားတဲ့ ဝလောင်လ ကာကင်းတပ်စခန်းအကြီးကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် ကျန်ရှိနေသေးတဲ့ မံစီမြို့တွင်းတပ် ခမရ ၆၀၁ တပ်ရင်းနဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကို သွားရောက်ပစ်ခတ်တာမရှိသေးဘူးလို့ဆိုပါတယ်။ ခုလို KIA ဘက်က မံစီမြို့မှာရှိတဲ့ ဝလောင်လ ကာကင်းတပ်စခန်းအကြီးကို သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ စစ်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ မိုးမောက်နဲ့ မံစီမြို့ ၂ ခုစလုံးဟာ ကချင်ပြည်နယ်ရဲ့ အကြီးဆုံး မြို့တွင်းတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ လူနေအိမ် ထိခိုက်ပျက်စီးတာတွေ၊ ဒေသခံပြည်သူတစ်ချို့ ပိတ်မိနေတာတွေလည်းရှိနေပါတယ်။ ဒါပေမယ့် စစ်တပ်ဘက်က ဖုန်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် မြေပြင်အခြေနေအသေးစိတ်ကို ဆက်သွယ်မေမြန်းဖို့ ခက်ခဲဖြစ်နေတာလည်းဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ မြို့တွင်းတိုက်ပွဲဟာ ဗန်းမောက်မြို့ပေါ်ဘက်ကို ဦးတည်လာနေပြီး ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာသာ တိုက်ပွဲရောက်ရှိလာနေတာကြောင့် ဗန်းမော်မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ ဗန်မော်ဒေသခံတွေက မေလ ၉ ရက်နေ့ ဒီနေ့ကစပြီး ရရာလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “စစ်တပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ဘက်ကို အမြှောက်လက်နက်ကြီးတွေ မရပ်မနားပစ်နေတာ ခုတိုက်ပွဲဖြစ်တာကလည်း ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာပဲဖြစ်နေကြပြီ။ ကျနော်တို့ ပြည်သူတွေ အချင်းအချင်းတောင်မတွေ့ဖြစ်ကြတော့ဘူး။ တောလမ်းနဲ့ ရရာအကုန်ထွက်ပြေးကြကုန်ပြီ”လို့ပြောပါတယ်။ စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီ မြို့ဘက်ကို ဗန်းမောက်မြို့တွင်းတပ်က အမြှောက်လက်နက်ကြီးတွေနဲ့ နေ့ည မပြတ်တိုက်ဆက် စစ်ကူပစ်ခတ်ပေးနေတာ တစ်ပတ်လောက်ကြာမြင့်လာပြီလို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာက မိုးမောက်နဲ့ မံစီမြို့တွင်းနေရာတွေမှာတင်မဟုတ်ဘဲ ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာတင် ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတာကြောင့် ဗန်းမော်ဒေသခံတွေက ရရာလမ်းနဲ့ ထွက်ပြေးနေကြတာဖြစ်တယ်လို့ သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
7 Mayသတင်း
မိုးမောက် နဲ့ မံစီ မြို့မှာရှိတဲ့ ရဲစခန်းတွေကို KIA သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ
ဗန်းမော်ခရိုင် ၊ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့ပေါ် ၂ ခုက ရဲစခန်းနေရာတွေကို KIA ပူးပေါင်းတပ် သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းရဲစခန်းအပြင် မြို့ပေါ်ရပ်ကွက် ၂ ခုကို KIA…
Read More » -
7 Mayသတင်း
စင်းခန်းရဲစခန်းနဲ့ ကာကင်းဂိတ်တွေကို KIA မဟာမိတ်ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာထဲက စစ်ကောင်စီ ရဲစခန်းနဲ့ကာကင်းဂိတ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့ပြီး ကျေးရွာကိုထိန်းချုပ်လိုက်ပြီလို့သိရပါတယ်။ ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်အစပ်မှာရှိတဲ့ စင်းခန်းကျေးရွာထဲက စစ်ကောင်စီရဲစခန်းနဲ့ ကာဂင်းဂိတ်တွေကို KIA၊KPDF နဲ့ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက ဒီနေ့မနက် ၅…
Read More » -
7 Mayသတင်း
မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ ဗျူဟာမြောက်တပ်စခန်းအားလုံးနီးပါး KIA တိုက်ခိုက်နေ
ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ၁၀ နေရာလောက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ မြို့နယ် ၃ ခုက ဗန်းမော်မြို့နယ် ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာ၊ မိုးမောက်မြို့တွင်းတပ်နဲ့ မံစီမြို့တဝိုက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြို့နယ် ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်း ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာကို KIA က သိမ်းပိုက်လိုက်ပြီးတော့ ကျန်ရှိတဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်နဲ့ မံစီက တိုက်ပွဲပြင်းထန်နေတုန်းပဲ။ မိုးမောက်မှာဆိုရင် မြို့တွင်းထဲမှာကို တိုက်ပွဲဖြစ်ပွားနေတာ။ စင်းခန်းက ရွာတစ်ခုလုံးကို သိမ်းထားပြီ။ တံတား ဟိုဘက်ခြမ်း ဒီဘက်ခြမ်း စစ်တပ်စခန်းအားလုံးကို သိမ်းထားပြီ။ အခုက ရွာအပြင်မှာရှိတဲ့ တာဝါတိုင်စခန်းအနည်းငယ်ကျန်သေးတယ်”လို့ပြောပါတယ်။ စင်းခန်းရွာထဲမှာအထိုင်ချထားတဲ့ ရဲစခန်းအပါ၊ တပ်စခန်းနေရာတွေကို KIA သိမ်းပိုက်ထားပြီ လက်ရှိ ၁၀ နာရီဝန်းကျင်အထိ ရွာအပြင် တာဝါတိုင်တပ်စခန်းနေရာကို အပြီးသတ်ရှင်းလင်းဖို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ မိုးမောက်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ အားလုံးနီးပါးခန့်က မြို့တွင်းရပ်ကွက်တွေမှာ နေရာယူပုန်းရှောင်သွားတဲ့အတွက် မြို့တွင်းမှာတင် ၂ ဖက်တပ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ KIA တပ်တွေက မိုးမောက်မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ မြို့တွင်း ၂ နေရာမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဘက်ကို ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ စစ်တပ်ဘက်ကနေ ဂျက်လေယာဉ် တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် မြို့တွင်းထိခိုက်ပျက်စီးတာတွေရှိသလို ဒေသခံတွေလည်း ကိုယ်လွတ်ထွက်ပြေးနေကြဆဲဖြစ်တယ်လို့ မိုးမောက်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “တိုက်ပွဲက ဒီကမနက် ၆ နာရီလောက်ကဖြစ်ပြီ။ ပြည်သူတစ်ချို့က ထွက်ကြပြီလို့ ပြောတယ်။ တစ်ချို့က မြို့ထဲမှာ ကျန်နေသေးတယ်လို့လည်းကြားတယ်။ အားလုံးက တစ်ကွဲတပြားဖြစ်ကုန်ပြီ။ စစ်သားတွေအကုန်လုံးက မြို့ထဲကို ဝင်ပြေးသွားပြီဖြစ်တဲ့အတွက် မြို့ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပြီ”လို့ပြောပါတယ်။ မံစီမြို့မှာလည်း ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ မံစီ ခမရ ၆၀၁ တပ်ရင်းအနောက်မှာရှိတဲ့ ကာကင်းတပ်စခန်းကြီးနေရာမှာ ၂ ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့မံစီဒေသခံတွေကပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၃ နေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုအသေးစိတ်ကို သိရှိဖို့ရန် ခက်ခဲနေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
6 Mayသတင်း
ဂိဒုန်(Gi dawn)စခန်းအပါအဝင် စခန်းပေါင်း ၁၀ ခုကျော်ကို နှစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIA ပြော
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က နှစ်ရက်အတွင်း အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။ မေလ ၅ ရက်နေ့ကနေ ဒီနေ့ထိ KIA တပ်မဟာ…
Read More » -
Apr- 2024 -29 Aprilသတင်း
ဆင်ဘိုမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ဗိုလ်မှူးကြီးနော်ဘူပြော
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ မြစ်ကြီးနား – ဗန်းမော် ရေကြောင်းလမ်းပေါ် ဧရာ၀တီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့ စစ်ကောင်စီ ခလရ ၁၄၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်…
Read More » -
24 Aprilသတင်း
ဆယ်ဇင်း ခမရ ၁၁၆ တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ
စစ်ကိုင်း နဲ့ ကချင်အစပ်မှာရှိတဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက စစ်ကောင်စီတပ် ခမရ ၁၁၆ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဆယ်ဇင်းကျေးရွာရဲ့ ရွာထိပ်ပိုင်းမှာတပ်ချထားတဲ့ ခမရ ၁၁၆ တပ်စခန်းကို ဧပြီလ ၂၀ ရက်နေ့စပြီး KIA ပူးပေါင်းတပ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၄…
Read More » -
22 Aprilသတင်း
ဆယ်ဇင်းစစ်တပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဖားကန့်မြို့နယ် ဆယ်ဇင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲ ၃ ရက်ကြာမြင့်လာပေမယ့် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား ဧပြီလ ၂၂ ရက် ဒီနေ့အထိ ၂ ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို…
Read More » -
11 Aprilသတင်း
နန့်ယားစခန်းသိမ်းတိုက်ပွဲ အရာရှိတစ်ချို့နဲ့အင်အား ၃၀ ခန့်အလံဖြူထောင်လက်နက်ချ
ဖားကန့်မြို့နယ် နန့်ယား(Namya) စခန်းသိမ်းတိုက်ပွဲ ၃ ရက်နေ့မြောက်မှာ စစ်တပ်ဘက်ကအလံဖြူထောင်လက်နက်ချခဲ့ပြီး အရာရှိတစ်ချို့ပါအဝင် အင်အား ၃၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းစတင်ဝင်ရောက်တိုက်ခိုက်ခဲ့နေတဲ့ နန့်ယားစစ်တပ်စခန်းက စစ်တပ်သားတွေဟာ ဧပြီလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အလံဖြူထောင်လက်နက်ချခဲ့တာကြောင့် KIA ကအပြီးသတ်သိမ်းပိုက်ထားပြီလို့ KIA နဲ့ နီးစပ်တဲ့ နန့်ယားဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ဒီမနက် ၇ နာရီလောက်မှာ စစ်သားအယောက် ၃၀ လောက်က အလံဖြူထောင်ပြီးထွက်လာကြတယ် အားလုံးကို KIA ခေါ်သွားပြီ။ တပ်ထဲကိုပြန်ဖို့လည်း မပြန်ရဲဘူးလို့ပြောတယ်တဲ့။ KIA ကအမြန်ထွက်လာဖို့ တပ်ဆုတ်ပေးဖို့ ပြောနေတဲ့ကြားက သူတို့က အထက်အမိန့်နဲ့ ပစ်ရမယ်လို့ပြောလို့ ပစ်ကြတယ်လို့ကြားတယ်”လို့ပြောပါတယ်။ နန့်ယားစစ်ကောင်စီတပ်သားတွေ အလံဖြူထောင်လက်နက်ချအပြီးမှာပဲ KIA က တပ်တွင်းရှိ စစ်လက်နက်၊ ခဲယမ်းတွေကို ကားနဲ့သယ်ယူနေကြပြီလို့ ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ နန့်ယားတပ်စခန်းမှာ ပြည်သူ့စစ်အပါစစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့တပ်စခန်းဖြစ်ပြီး တပ်စခန်းထဲက ယမ်းဂိုဒေါင်ဖောက်ခွဲခံရချိန်ပြည်သူ့စစ်ဘက်ကသေဆုံးမှုများတယ်လို့ ဆိုပါတယ်။ စစ်အင်အား ၁၀၀ လောက်ရှိတဲ့ထဲကနေအရာခံဗိုလ်၊ တပ်ကြပ်ကြီးအပါ တပ်သား စုစုပေါင်း ၃၀ လောက်က KIA ဆီ လက်နက်ချအညံ့ခံခဲ့တာဖြစ်ပြီး တစ်ချို့က ထွက်ပြေးလွတ်မြောက်သွားသလို တိုက်ပွဲမှာသေဆုံးသွားတာရှိတယ်လို့လည်း သိရပါတယ်။ နန့်ယားစခန်းသိမ်းတိုက်ပွဲမှာ KIA ဘက်က ၇ ယောက်ခန့်ကျဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေလည်းပါတယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ KIA တပ်တွေဟာ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်း နန့်ယားတပ်စခန်းထဲအထိဝင်ရောက်နေရာယူနိုင်ခဲ့ပေမယ့် ကုန်းထစ်ပေါ်မှာရှိတဲ့စခန်းထဲမှာရှိသူတွေဟာ လက်နက်မချဘဲကျန်ရှိနေသေးတာကြောင့် မနေ့ညအထိ ၂ ဖက်တပ်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ နန့်ယားတပ်စခန်းဟာ မြစ်ကြီးနား၊ မိုးကောင်းဘက်ကနေဝင်ပြီး ဖားကန့်ကိုသွားတဲ့လမ်းမပေါ်မှာတည်ရှိပြီး ဖားကန့်ကိုတက်တဲ့ ခရီးသည်၊ ကုန်တင်ကား တစ်ခုချင်းစီစစ်ဆေးတာတွေ၊ ၁၀ စုနှစ်တစ်ခုအကြာ မူးယစ်ဆေးဝါးတွေရောင်ချပေးပြီး ငွေကြေးရှာပေးနေတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်တယ်လို့ နန့်ယားဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။ “ဒီဖားကန့် လမ်းပေါ်မှာက နန့်ယားနဲ့ နမ်တိန့်က အရမ်းအရေးကြီးတဲ့ စစ်တပ်စခန်းတွေဖြစ်တယ်။ ပြောရရင်ပိုက်ဆံရှာပေးနေတဲ့ နေရာပေါ့။ အဲဒီနန့်ယားတပ်စခန်းကပဲ ‘ယာမ၊ ဖိုး’တွေရောင်းချပေးတာဖြစ်တယ်။ အခုအဲဒါတွေလည်းမရှိတော့ဘူး။ နောက်ပြီးရင် အဲဒီတပ်စခန်းမှာပဲ ဒေသခံတွေသွားလာရင်း သတ်ဖြတ်ခံရတာ ၅ ယောက်လောက်ရှိပြီ။ ဒါကြောင့်လဲ KIA ကအမြန်ရှင်းလိုက်တာဖြစ်တယ်”လို့ပြောပါတယ်။ ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရ နန့်ယားတပ်စခန်းဟာ ‘ဘိန်းဖြူ၊ ရာမ’မူးယစ်ဆေးဝါးတွေကိုထားရှိပြီး ဖားကန့်ဒေသတဝိုက်ကို အဓိက ဖြန့်ဖြူးရောင်းချပေးနေတဲ့နေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ နန့်ယားတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၁၁ – ၂၀၁၂ ခုနှစ်လောက်မှာ နန့်ယားဒေသခံတစ်ချိုကို ပြည်သူ့စစ်ဖွဲ့စည်းပေးလိုက်ပြီး နန့်ယားပြည်သူ့စစ်အဖြစ်တည်ရှိနေရာကနေ စစ်တပ်စခန်းအဖြစ်တပ်ချနေထိုင်ထားတဲ့ တပ်စခန်းအကြီးလည်းဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ၂ ရက်အတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ နန့်ယားကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်…
Read More » -
10 Aprilသတင်း
လွယ်ဂျယ်မြို့ ခလရ ၁၄၂ တပ်ရင်းထဲက ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော် KIA ရရှိ
ကျပ်သိန်းပေါင်းများစွာရှိတဲ့ ငွေတွေကို စစ်တပ်ထဲက သိမ်းဆည်းရရှိတာဖြစ်တဲ့အတွက် ငွေတွေအားလုံးကို KIA ရဲ့ စခန်းသိမ်းပိုက်မှုမှာရရှိတဲ့ ပစ္စည်းအဖြစ် သိမ်းယူထားပြီလို့ သူကဆက်ဆိုပါတယ်။
Read More »









