သတင်း

လွယ်ဂျယ်မြို့ ခလရ ၁၄၂ တပ်ရင်းထဲက ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော် KIA ရရှိ

KIO အုပ်ချုပ်ရေးစနစ်တင်ဖို့ပြင်ဆင်နေ

တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ရာမှာ မြို့တွင်းစစ်တပ်စခန်းဖြစ်တဲ့ ခလရ  ၁၄၂ စခန်းထဲက မြန်မာငွေကျပ်သိန်းပေါင်း  သောင်းကျော်သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

လွယ်ဂျယ်မြို့တွင်း ခလရ ၁၄၂ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧပြီလ  ရက်နေ့ တပ်စွန့်ခွာသွားပြီး တရုတ်နိုင်ငံသို့ ဝင်ရောက်သွားပြီးနောက် KIA က တပ်စခန်းအတွင်း ရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ မြန်ငွေကျပ်သိန်းပေါင်းစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ပိုက်ဆံက သိန်းပေါင်း  သောင်းကျော်ရှိတယ်လို့ပြောတယ်။ ငွေသေတ္တာတောင် ၁၀ ခုကျော်ရှိတယ်။ အစိုးရငွေတွေ ဖြစ်မယ်လို့ အားလုံးက အဲလိုပဲ ပြောကြတယ်။ စစ်တပ်က လုံခြုံတာဖြစ်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကရတဲ့ငွေကို ဒီမှာလာထည့်ထားကြတယ်လို့ထင်တယ်လို့ပြောပါတယ်။

 KIA ရရှိခဲ့တဲ့ ငွေကျပ်သိန်းပေါင်း  သောင်းကျော်ဟာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကရရှိတဲ့ ဝင်ငွေတွေဖြစ်ပြီး အစိုးရဆီမအပ်နှံသေးတဲ့ငွေတွေကို စစ်တပ်ထဲမှာသိုလောင်ထားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုပါတယ်။

 ကျပ်သိန်းပေါင်းများစွာရှိတဲ့ ငွေတွေကို စစ်တပ်ထဲက သိမ်းဆည်းရရှိတာဖြစ်တဲ့အတွက် ငွေတွေအားလုံးကို KIA ရဲ့ စခန်းသိမ်းပိုက်မှုမှာရရှိတဲ့ ပစ္စည်းအဖြစ် သိမ်းယူထားပြီလို့ သူကဆက်ဆိုပါတယ်။

အခုတစ်ခါရဲ့ သိမ်းဆည်းရမိတာက စစ်တပ်ထဲက သိမ်းယူတာဖြစ်တဲ့အတွက် စစ်တပ်ထဲက သိမ်းဆည်းရမိတဲ့ ပစ္စည်းထဲမှာပါသွားပြီ။ ပြောရမယ်ဆိုရင် စခန်းသိမ်းပိုက်မှုမှာ ရရှိခဲ့တဲ့ ဝင်ငွေတွေပေါ့လို့ပြောပါတယ်။

လွယ်ဂျယ်မြို့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေက မတ်လကုန်ပိုင်းလောက်မှာ ဗန်းမော်ဘက်ကို တိမ်းရှောင်သွားကြသလို ရဲတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေနဲ့ သွားရောက်ပူးပေါင်းနေထိုင်လိုက်ကြတာဖြစ်ပါတယ်။

ဧပြီလ  ရက်နေ့မှာ KIA တပ်တွေက လွယ်ဂျယ်မြို့ထဲမှာ ရှိနေတဲ့ လဝက၊ ဆေးရုံ၊ အုပ်ချုပ်ရေးရုံ နေရာတွေမှာ အစိုးရအလံဖြုတ်သိမ်းလိုက်သလို သိမ်းပိုက်နေရာအဖြစ် ချိတ်ပိတ်လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် လွယ်ဂျယ်မြို့မှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကနေ အစိုးရအုပ်ချုပ်ရေးယန္တရားလည်ပတ်မှုတွေ ရပ်တန့်သွားပြီး စစ်ကောင်စီတပ်တစ်ခုတည်းသာ မြို့တွင်းတပ် ခလရ ၁၄၂ တပ်ရင်းထဲမှာ ကျန်ရှိနေကြတာဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီတပ်တွေကိုလည်း KIA တပ်တွေက ဧပြီလ  ရက်နေ့ နောက်ဆုံးထားပြီး တပ်တွင်းထဲက ထွက်ခွာဖို့ သတိပေးခဲ့တာကြောင့် မတ်လ  ရက်နေ့  ၁၀ နာရီဝန်းကျင်လောက်မှာ တရားဝင်နယ်စပ်ဂိတ်ပေါက် နေရာကနေ မဟုတ်ဘဲ မြို့ဝင်ပေါက်အသေးကနေ ထွက်ခွာသွားကြတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ Non – CDM ဝန်းထမ်းတွေ လွယ်ဂျယ်မြို့ကို စွန့်ခွာပြီး တရုတ်နိုင်ငံထဲကို ဝင်ရောက်သွားကြတာကြောင့် လွယ်ဂျယ်မြို့ဟာ စစ်တပ်ကင်းစင်နယ်ဖြစ်သွားသလို KIA က မတ်လ  ရက်နေ့ စတင်လိုက်တဲ့ စခန်းသိမ်းတိုက်မှာ ပထမဆုံး သိမ်းပိုက်ရရှိခဲ့တဲ့ မြို့တစ်ခုဖြစ်ပါတယ်။

KIA က လွယ်ဂျယ်မြို့သိမ်းပိုက်မှုမှာ ငွေကျပ်သိန်းပေါင်း  သောင်းကျော်သာမကဘဲ စစ်တပ်စခန်းတွေထဲက စစ်လက်နက်၊ ခဲယမ်းတွေကိုလည်း ကားအစီးလိုက်သိမ်းယူရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ KIO/KIA အစိုးရအနေနဲ့ လွယ်ဂျယ်မြို့ကို KIO အုပ်ချုပ်မှုစနစ်နဲ့ စတင်ဖို့ ပြင်ဆင်နေပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button