စစ်ကိုင်းတိုင်း

  • Jan- 2024 -
    16 January
    သတင်း

    အင်းတော်မှာ စစ်ရေးလှုပ်ရှားမှုကြောင့် ကျေးရွာ ၅ ခုက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း စစ်ရေးလှုပ်ရှားနေတာကြောင့် ကျေးရွာအချို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့ အင်းတော်ကထွက်လာတဲ့ တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းထားတဲ့ အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ အင်းတော်တောင်ဘက် နန့်ကင်ရွာ၊ နားခါရွာ၊ကျော်ရွာ၊ မိုးယိုရွာစတဲ့ကျေးရွာ တွေဘက်ကို ဝင်ရောက်နေတာကြောင့် ကျေးရွာနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အင်းတော်မြို့နေအသက် ၅၀ ကျော် အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြီးခဲ့တဲ့သုံးရက်လောက်ကနေထွက်လာကြတာပဲ မနေ့ညကတော့နန့်ကင်ရွာမှာအိပ်တယ်အခုလည်း ရှိနေတုန်းဟိုနေ့ကတော့ ကျော်ရွာဘက်ကိုသွားတယ်အဲ့လိုပဲ ဟိုဘက်က မိုးညှင်း ဘက်ကိုလည်းသွားတယ် အဲ့လိုပဲ အင်းတော်မြို့ကို ပတ်ခြာလည်လှည့်ပြီးသွားနေတာ ဒီကောင်တွေက”လို့ အထက်ပါအမျိုးသားကပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ မနေ့ညကတည်းက နန့်ကင်ရွာမှာတပ်စွဲနေသလို ဇန်နဝါရီလ ၁၄ ရက်နေ့က နားခါရွာ၊ ဇန်နဝါရီ ၁၃ရက်နေ့က နားနောင်ရွာ၊ ကျော်ရွာဘက်ကို ဝင်ရောက်ခဲ့ပြီး စစ်ကြောင်းဝင်ရောက်နေတာကြောင့်အရပ်သားတွေက ထွက်ပြေးတိမ်းရှောင်နေကတယ်လို့သိရပါတယ်။ “သူတို့လာတဲ့သတင်းကြားတာနဲ့ရွာသားတွေက ရွာထဲမနေရဲတော့ဘူးတောတောင်တွေထဲ ပြေးနေရတာ သူတို့ပြန်သွားရင်တော့ပြန်ဝင်ကြတယ် အရင်လို အိမ်တွေဖျက်ဆီးတာတို့မီးရှို့တာတို့တော့မရှိတော့ဘူးတာပေမယ့်စစ်ကြောင်းနဲ့မတိုးမိအောင်တော့ပြေးနေကြရတယ်”အင်းတော်မြို့နယ် အောင်ကုန်းရွာက စစ်ဘေးရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေက ဇန်နဝါရီ ၁၄ ရက်နေ့က နားခါကျေးရွာထဲဝင်ရောက်ချိန် အမျိုးသားနှစ်ဦး စစ်ကြောင်းနဲ့တိုးတာကြောင့် ဖမ်းဆီးခံလိုက်ရပြီး အလားတူဖြစ်စဥ်မျိုးဖြစ်လာမှာကို စိုးရိမ်တာကြောင့်လက်ရှိ ကျော်ရွာ၊ မိုးယိုရွာ၊ နားခါရွာ၊ နားနောင်ရွာ၊ နန့်ကင်ရွာစတဲ့ကျေးရွာ နေပြည်သူတွေတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ လက်ရှိ စစ်ကြောင်းဝင်ရောက်မှုကြောင့် တိမ်းရှောင်နေရတဲ့ကျေးရွာတွေက အင်းတော်မြို့နဲ့ ၂ မိုင်ကျော်အကွာမှာရှိတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေဘက်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တုန်းကလည်းစစ်ကြောင်းတွေဝင်ရောက်ခဲ့ဖူးတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်မှာတော့လက်ရှိစစ်ကောင်စစီစစ်သားတွေဟာ အင်းတော်မြို့တွင်းအထိုင်တပ်မှာတစ်နေရာ၊ အင်းတော်အထွက်နဘားလမ်းဆုံဂိတ်မှာတစ်နေရာနဲ့လက်ရှိစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်း တစ်ကြောင်းသာကျန်ရှိတော့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ By – Zaw…

    Read More »
  • 10 January
    သတင်း

    နာဂဒေသ အခြေခံစားသောက်ကုန်ဈေးအဆမတန်မြင့်တက်

    စစ်ကိုင်းတိုင်း နာဂဒေသမှာရှိတဲ့ မြို့နယ်‌တွေမှာ အခြေခံစားသောက်ကုန်များဈေးမြင့်တက်နေပြီးအသားငါး ပြတ်လပ်တာ‌တွေထိရှိနေ‌တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာ–ဟုမ္မလင်း ချင်းတွင်းမြစ်ရေကြောင်းလမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက စစ်တပ်က သွားလာခွင့်ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ခန္တီးဒေသခံတစ်ဦးကပြောပါတယ်။ “အသားငါးက တစ်ပိဿာ ၄သောင်းကျော်နေတယ်။ ကြက်က CP…

    Read More »
  • Dec- 2023 -
    28 December
    သတင်း

    ကောလင်းမှာ လက်နက်ကြီးပစ်ခတ်ခံရလို့ ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ဝန်းသိုမြို့နယ်က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ဆီကနေသိရပါတယ်။ စစ်ကောင်စီတပ်ဟာ …

    Read More »
  • 28 December
    သတင်း

    ဟုမ္မလင်းမှာ စစ်တပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံးပြီး လူနေအိမ်တွေလည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းနယ် မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းက နောင်ပိုအောင်ကျေးရွာဘက်မှာရှိတဲ့ အိုက်ခွဲကျေးရွာ ၊ပင်ခုတ်ကျေးရွာ ၊နောင်ဖာမူကျေးရွာနဲ့ နတ်နန်းကျေးရွာလေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ…

    Read More »
  • 25 December
    သတင်းphoto- အင်းတော်မြို့အဝင်ဆိုင်းဘုတ်

    ကောလင်းဘက်ဝင်မယ့်ခရီးသည်နဲ့ ကုန်ကားတွေကို အင်းတော်ဂိတ်မှာ စစ်တပ်ကပိတ်ဆို့ထား  

    စစ်ကိုင်းဒေသကြီး ကောလင်းမြို့နယ်ထဲဝင်မယ့် ခရီးသည်တွေနဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းစစ်ဆေးရေးဂိတ်မှာ တားမြစ်ပိတ်ဆို့ထားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကချင်ပြည်နယ်ဘက်ကနေ ကောလင်းဘက်ကိုဆင်းလာတဲ့ ကုန်ကား၊ခရီးသည် ကားတွေနဲ့ စစ်ကိုင်းတိုင်းထဲက အခြားမြို့နယ်တွေဘက်နေကဝင်လာတဲ့ ကုန်ကား၊ခရီးသည်ကားတွေ ကောလင်းမြို့နယ်ထဲဝင်ရောက်ခွင့်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကတည်းကနေ အင်းတော်မြို့၊ မြို့နယ်ပညာရေး မှူးရုံးရှေ့က စစ်ဆေးရေးဂိတ်ကနေ တားမြစ်ပိတ်ပင်ထားတယ်လို့ အင်းတော်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကောလင်းဘက်ဆိုရင်ကုန်ကားကော၊ခရီးသည်ကားကောမသွားခိုင်ဘူး ကားသမားတွေကိုမှတ်ပုံတင်စစ်တယ် ကောလင်းကဆို မသွားခိုင်းဘူး ခရီးသည်တွေလည်းအတူတူပဲကောလင်းဘက်ဆိုအသံတောင်မကြားချင်ဘူးတဲ့အကုန်လှည့်ပြန်ခိုင်းတယ်”လို့သူကပြောပါတယ်။ စစ်သားနဲ့ရဲတွေ ပူးပေါင်းတပ်ထိုင်တဲ့ အင်းတော်မြို့နယ်ပညာရေးမှူးရုံး ရှေ့ကစစ်ဆေးရေးဂိတ်မှာ လွန်ခဲ့တဲ့အပတ်ကတည်းက ခရီးသည်တွေနဲ့ကုန်ကားသမားတွကိုတင်းတင်းကြပ်ကြပ် စစ်ဆေးမှုလုပ်လာပြီးဆဲ့နောက် မနေ့ကနေစပြီး ကောလင်းဘက်ဝင်မယ့် ကားတွေကိုအခုလို တားမြစ်လိုက်တာလို့သိရပါတယ်။ စစ်ကောင်စီတပ်က အခုလိုကောလင်းဘက် ကုန်ကား၊ခရီးသည်ကားတွေအဝင်တားမြစ်လိုက် တာနဲ့ပတ်သက်ပြီး အင်းတော်PDF မှတာဝန်ရှိသူတစ်ဦးက အခုလိုသုံးသပ်ပြောဆိုပါတယ်။ “ကောလင်းဘက်ကအခုသူတို့မထိန်းချုပ်နိုင်တော့ဘူးလေအဲ့ဘက်မှာကသူတို့ရဲ့ဂိတ်လည်းမရှိတော့ဘူး။ အဲ့ကြောင့်ဒီဘက်ကနေအဝင်ကိုပဲသူတို့ကပိတ်နိုင်တာ သုံးသပ်ရသလောက်ကတော့သူတို့က ကောလင်းဘက်ကို ရိက္ခာလုံးဝဖြတ်တောက်ပစ်လိုက်ချင်တဲ့သဘောပါ”လို့ ပြောပါတယ်။ ကောလင်းမြို့နယ်ထဲကို လက်ရှိစစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့ကနေဝင်လို့ရသလို စစ်ကိုင်းတိုင်း အောက်ပိုင်း မန္တလေးဘက်ကနေလည်းဝင်လို့ရတာဖြစ်ပါတယ်။ “အထက်ကနေက အင်းတော်ကနေပိတ်ပြီးတော့ အောက်ပိုင်းကနေက မန္တလေး ကိုးပင်ဂိတ်ကနေ ပိတ်လိုက်တယ်တဲ့ ဘယ်ကနေမှဝင်လို့မရတော့ဘူး”လို့အထက်မှာဖော်ပြခဲ့တဲ့ အင်းတော်မြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။…

    Read More »
  • 12 December
    သတင်း

    ပုလဲမြို့နယ် ယာယီတရားရုံးကို ဗုံးကြဲတိုက်ခိုက်ခံရလို့ ၁ နှစ်ကျော်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၅ ယောက်သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မင်းတိုင်ပင်ရွာက ယာယီတရားရုံးကို ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ နှစ်ကျော်အရွယ်ကလေးငယ်တစ်ယောက်အပါအဝင် အရပ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဒီကနေ့ နေ့လည်ပိုင်း၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီအနီးတစ်ဝှိုက်တိုက်ပွဲဖြစ်ပွားတာမရှိသလို…

    Read More »
  • 4 December
    သတင်း

    အင်းတော်မှာ အရပ်သားဖမ်းဆီးခံရမှု ခပ်စိပ်စိပ်များလာ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ စစ်ကောင်စီတပ်က မြို့အဝင်အထွက် စစ်အဆေးတင်းကြပ်ထားပြီး ခရီးသွားပြည်သူတွေနဲ့ ဒေသခံအရပ်သားတွေကို ခပ်စိပ်စိပ်ဖမ်းဆီးလာနေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ နိုဝင်ဘာလ လဆန်းပိုင်းကနေစပြီး အင်းတော်မြို့ထဲတပ်က စစ်ကောင်စီတပ်တွေဟာ မန္တလေး–မြစ်ကြီးနားကားလမ်းပေါ်မှာရှိတဲ့ အင်းတော်မြို့နဲ့ နဘားကျေးရွာကြားက ဒေသအခေါ် (ဂျပန်လှိုင်ဂူ)နေရာနဲ့ နောက်ထပ် အင်းတော်မြို့အထွက် သံလမ်းအနီးတစ်နေရာတွေမှာ ခရီးသွားပြည်သူတွေနဲ့ ဒေသခံပြည်သူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးပြီးဖမ်းဆီးနေတာဖြစ်တယ်လို့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အဓိကစစ်ဆေးများတာက…

    Read More »
  • Nov- 2023 -
    23 November
    သတင်း

    ဟုမ္မလင်းနယ်က SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ထိုင်တဲ့ လွှစင်ကုန်းစခန်း PDF တွေတိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့စစ်ကောင်စီတွေပူးပေါင်းတပ်ထိုင်တဲ့ လွှစင်ကုန်းစခန်းကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ တပ်ထိုင်လာတဲ့ SNAနှင့်စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ လွှစင်ကုန်းစခန်းကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက မနေ့က နိုဝင်ဘာ ၂၂ ရက်နေ့ညပိုင်းကနေ…

    Read More »
  • 14 November
    သတင်း

    ကသာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မြေးအဖွားနှစ်ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ မနေ့က နိုဝင်ဘာလ ၁၃ ရက်နေ့ညပိုင်း ၁၁ နာရီလောက်က စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ မြေးအဖွားတော်စပ်သူ၂ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ကသာမြို့ပေါ်က ခမရ ၃၀၉ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး ကသာမြို့ပေါ်…

    Read More »
  • Oct- 2023 -
    27 October
    တိုက်ပွဲphoto - ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်

    ထီးချိုင့်မှာ စစ်ကောင်စီတပ်နဲ့KIA+PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းပစ်ကူ

    စစ်ကိုင်း– ကချင်အစပ် ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ KIA+PDF ပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီးတော့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ထီးချိုင့်မြို့ပေါ်ကနေထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒီကနေ့မနက်ပိုင်း ၃ နာရီလောက်မှာ ထီးချိုင့် အနောက်တောင်ဘက်ခြမ်းက ကြက်သွန်ခင်းရွာ နဲ့ မိချောင်းအိုင်ရွာအကြားမှာ တိုက်ပွဲပြင်းထန်နေတာလို့…

    Read More »
Back to top button