သတင်း

ဟုမ္မလင်းမှာ စစ်တပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံးပြီး လူနေအိမ်တွေလည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းနယ် မုံရွာဟုမ္မလင်းကားလမ်းပိုင်းက နောင်ပိုအောင်ကျေးရွာဘက်မှာရှိတဲ့ အိုက်ခွဲကျေးရွာ ၊ပင်ခုတ်ကျေးရွာ ၊နောင်ဖာမူကျေးရွာနဲ့ နတ်နန်းကျေးရွာလေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ၂၇ရက်နေ့အထိ ၄ ရက်ဆက်တိုက်ဗုံးကျဲခဲ့တာကြောင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက ပြောပါတယ်။

၂၄ ရက်နေ့တုန်းက နောင်ဖာမူကိုအရင်ကျဲတာ ဗုံးငါးလုံးကျဲတော့ အိမ်သုံးလုံးမီးလောင်တယ် ပြီးတော့ အမျိုးသားတစ်နှစ်ယောက်ဗုံးစမှန်တာ တစ်ယောက်ကပွဲချင်းပြီးပဲသေသွားတယ်နောက်တစ်ယောက်ကတော့ နောက်နေ့မှသွေးလွန်ပြီးသေတာလို့ အထက်ပါအမျိုးသမီးကပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသား ၂ဦးဟာ နောင်ဖာမူကျေးရွာထဲက ဖြစ်ပြီး အသက် ၂၀ ကျော်လူငယ်တစ်ဦးနဲ့အသက် ၃၀ ကျော်အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့သိရပါတယ်။

အလားတူ ဒီဇင်ဘာ ၂၅ရက်နေ့ကလည်း ကျေးရွာချင်းဆက်နေတဲ့ ပင်ခုတ်ကျေးရွာနဲ့ အိုက်ခွဲကျေးရွာကို နေ့လည် ၁ နာရီအချိန်မှာ ဗုံးသီး ၁၁ လုံးတိတိကျဲချခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့နဲ့ ၂၇ရက်နေ့ ၂ရက်ဆိုက်တိုက်ကတော့ နတ်နန်းကျေးရွာကို ဗုံးကျဲခဲ့တာလို့ဒေသခံတွေဆီကနေသိရပါတယ်။

ပင်ခုတ်ရွာနဲ့ အိုက်ခွဲရွာကိုတော့တစ်နေ့ထဲကျဲသွားတာ လေယာဥ်ကတော့တစ်စီးထဲလာပြီးပဲကျဲကျဲတာ ပင်ခုတ်နဲ့အိုက်ခွဲမှာတော့လူထိတာတော့မရှိဘူးဗုံးခိုကျင်းတွေမှာနေထားကြတာဆိုတော့ နတ်နန်းကိုတော့နှစ်ရက်ဆိုက်တိုက်ကျဲတယ် လေယာဥ်ကနေ စက်သေနတ်တွေနဲ့ကောပစ်တယ် နတ်နန်းမှာလည်းထိခိုက်တာတော့မရှိသွားဘူးစာသင်ကျောင်းနောက်ကြောနဲ့တောင်ပေါ်စောင်းတွေမှာကျတာလို့အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးကဆက်ပြောပါတယ်။

စစ်ကောင်စီဟာ အထက်မှာဖော်ပြခဲ့တဲ့ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုတ်တရက်ဗုံးကျဲနေတာဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်က ဗုံးကျဲနေတာကြောင့် ပင်ခုတ်၊အိုက်ခွဲ၊နောင်ဖာမူနဲ့ နတ်နန်းကျေးရွာဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေကြရသလိုအချို့လည်းနေအိမ်မှာဗုံးခိုကျင်းတူးပြီး ဗုံးခိုကျင်းတွေထဲမှာပဲ နေ နေရတယ်လို့သိရပါတယ်။

နောင်ပိုအောင် ကျေးရွာအနီးမှာရှိတဲ့ SNAနဲ့ စစ်ကောင်စီ တပ်တွေပူးပေါင်းတပ်ထိုင်ခဲ့တဲ့လွှစင်ကုန်းကျေးရွာကို ဟုမ္မလင်းမဟာမိတ်တပ်ပေါင်းစုက နိုဝင်ဘာလထဲမှာထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက်စစ်ကောင်စီတပ်ကအခုလိုကျေးရွာတွေကိုပစ်မှတ်ထားဗုံးကျဲလာတာလို့ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button