စစ်ကိုင်း
-
Nov- 2023 -21 Novemberသတင်း
ကချင် – စစ်ကိုင်းသွားလမ်း ပြည်ထောင်စုလမ်းမကြီးကို စစ်ရေးအရပိတ်ဆို့ထားဟုဆို
စစ်ရေးတင်းမာနေတဲ့ ကချင် – စစ်ကိုင်းအစပ်ဘက်ကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မဝင်ရောက်နိုင်ဖို့ ပြည်ထောင်စုကားလမ်းကြီးကို စစ်ရေးအရယာယီပိတ်ဆို့ထားခြင်းဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ သူတွေဆီကနေ သိရှိရပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့ကနေ ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့ ကသာခရိုင် ထီးချိုင့်မြို့နယ်၊အင်းတော်မြို့နယ်တွေမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးအရ…
Read More » -
13 Novemberသတင်း
ဟုမ္မလင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အရပ်သားဖမ်းဆီးခံရသူများလာ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့ထဲမှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး သတ်မှတ်အချိန်အတွင်း အပြင်ထွက်သူတွေကို ဖမ်းဆီးဝာာအပြင် ဖမ်းခံရတဲ့ အရပ်သားတွေထဲက တစ်ချို့ကို ငွေကျပ်သုံးသိန်းနဲ့ ပြန်ရွေးခိုင်းပြီးလွှတ်ပေးတာတွေရှိနေတယ်လို့ ဟုမ္မလင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့ကိုစစ်ကောင်စီက နိုဝင်ဘာ ၉ ရက်နေ့ကနေ ည၈နာရီနဲ့…
Read More » -
8 Novemberသတင်း
စစ်ကောင်စီတပ်များ အုပ်စုလိုက်အညံ့ခံလိုက်တဲ့အတွက် ပင်လည်ဘူးမြို့ထပ်ပြီး သိမ်းပိုက်ရရှိ
စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို မနေ့က နိုဝင်ဘာလ ၇ ရက်နေ့မှာပဲ ကချင်လွတ်လပ်ရေး တပ်မတော်KIA နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ကိုင်း–ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက KNG ကိုအတည်ပြုပါတယ်။ ပင်လည်ဘူးမြို့ပေါ် မြို့မရပ်ကွက် ရဲစခန်းမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့က…
Read More » -
Oct- 2023 -16 Octoberသတင်း
စစ်ကိုင်း- ကချင်အစပ်ဒေသကို ထောက်ပို့လုပ်ပေးနေတဲ့ ထောက်ပို့ရဲဘော်တစ်ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာ စစ်ကိုင်းတိုင်းရဲ့ မြောက်ပိုင်းဒေသတစ်ခုလုံးကို ထောက်ပို့လုပ်ပေးနေတဲ့ ထောက်ပို့ရဲဘော် ကိုသိန်းဇော်ဦး(ခ) ကိုရော့ကတ် သတ်ဖြတ်ခံလိုက်ရကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ အင်းတော်မြို့အထွက် သံလမ်းကူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးဖမ်းဆီးခံလိုက်ရတဲ့ ထောက်ပို့ရဲဘော်ကိုသိန်းဇော်ဦးဟာ…
Read More » -
11 Octoberသတင်း
တိုက်ပွဲအတွင်းအထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်တွေကိုမီးရှို့
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ၉ရက်နေ့တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပေကြီးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီကသိရပါတယ်။ မနေ့က အောက်တိုဘာ ၁၀ရက်နေ့ ညနေပိုင်း ၃နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး တပ်ဖွဲ့တွေပူးပေါင်းပြီးတော့ လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ဝင်ရောက်ပြီး…
Read More » -
Sep- 2023 -15 Septemberသတင်း
ချောင်းဦးမှာ သိုးကျောင်းနေတဲ့အရပ်သားတစ်ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ကံကြီးကုန်းရွာအရှေ့ဘက်တောထဲမှာ သိုးကျောင်းနေတဲ့ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်သားနဲ့ပျူစောထီးပူပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်း ၂နာရီလောက်မှာ ကံကြီးကုန်းပျူရွာက အင်အား ၂၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတပ်ဖွဲ့တွေက သူတို့တပ်စွဲထားတဲ့ရွာရဲ့အရှေ့ဘက် တောထဲသိုးကျာင်းနေတဲ့ အရပ်သားကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တာလို့…
Read More » -
15 Septemberသတင်း
ကသာနယ်မှာ အရပ်သား ၉ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းဒေသကြီး ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ အရပ်သား ၄၀ ကျော်ထဲက ၈ ဦးသတ်ဖြတ်ခံရတဲ့အပြင် နောက်ထပ် အင်းရွာနားမှာလည်း တစ်ဦးသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ကသာကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့ ကသာနယ် ငအိုးတပ်ထဲကနေ ကျောက်ထုံးကြီးရွာ ၊အင်းဒရန့်ရွာနှင့်ပျဥ်းလေးပင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ပါ ငအိုး ၁၂၁…
Read More » -
Aug- 2023 -21 Augustသတင်း
ကလေးမြို့နယ် သာစည်ရွာကို စစ်တပ်က ၆ ရက်ဆက်တိုက်မီးရှို့
စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ရွာကို စစ်ကောင်စီတပ်က တပ်စွဲထားပြီး မီးရှို့ဖျက်ဆီးနေတာ ၆ ရက်ဆက်တိုက်ရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်အား ၃၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက သာစည်ရွာကိုတပ်စွဲပြီး ၂၁ ရက်နေ့…
Read More » -
9 Augustသတင်း
ခင်ဦးမှာ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး လက်နက်ကြီးထိမှန်
စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာစစ်ကြောင်းနှစ်ကြောင်းနဲ့ ရွာတွေကိုဝင်ရောက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦးလက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။ “ခင်ဦးနယ်အနောက်ခြမ်းမှာတော့ စစ်တပ်က စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေနဲ့ပစ်တယ် ၁၀ ချက် မကဘူး အဲ့မှာလက်နက်ကြီးက မရမ်းအင်းရွာထဲကျတယ်။ ဒေသခံ၄ဦးထိခိုက် ဒဏ်ရာရတယ်ပေါ့နော် အဲ့ဒီထဲမှာ ၁၀နှစ်သားအရွယ်ကလေးငယ်တစ်ဦးလည်းပါတယ်”လို့…
Read More » -
4 Augustသတင်း
ကသာမှာ ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ မနေ့မနက်ပိုင်း ၉နာရီဝန်းကျင်မှာ ကလုံရွာမှာ စစ်ကောင်စီတပ်တွေက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်အုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ အင်းရွာအုပ်စုဦးစောကျွန်းရွာက ကလေးငယ်သေဆုံးခဲ့ရတာလို့ ကသာမြို့နယ်ကကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ “ကလုံမှာရွာကအဖွဲ့တွေက သူတို့ရဲ့အရှေ့ဘက်ကမ်း ကလုံနဲ့မျက်နှာချင်းဆိုင်ရွာ…
Read More »









