သတင်း

ဟုမ္မလင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အရပ်သားဖမ်းဆီးခံရသူများလာ

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့ထဲမှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး သတ်မှတ်အချိန်အတွင်း အပြင်ထွက်သူတွေကို ဖမ်းဆီးဝာာအပြင် ဖမ်းခံရတဲ့ အရပ်သားတွေထဲက တစ်ချို့ကို ငွေကျပ်သုံးသိန်းနဲ့ ပြန်ရွေးခိုင်းပြီးလွှတ်ပေးတာတွေရှိနေတယ်လို့ ဟုမ္မလင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့ကိုစစ်ကောင်စီက နိုဝင်ဘာ ၉ ရက်နေ့ကနေ ည၈နာရီနဲ့ မနက် ၆နာရီအချိန်အတွင်း ညမထွက်ရအမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပြီးနောက် ညဘက် အရပ်သားဖမ်းဆီးခံရမှုတွေ ခပ်စိတ်စိတ်ရှိလာနေပြီး တစ်ချို့ကိုငွေကျပ်သုံးသိန်းနဲ့ပြန်လွတ်ပေးသလိုတစ်ချို့ကိုပြန်မလွတ်ပဲ ထိန်းသိမ်းထားတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

ည၈ နာရီမထွက်ရအမိန့်က ထုတ်ပြန်တာမကြာသေးဘူး အဲ့အမိန့်မထုတ်ခင်ကလည်း ည ၁၀ နာရီ ၊ ၁၁ နာရီထွက်တဲ့လူတွေကိုကင်းလှည့်ပြီးဖမ်းတာဆီးတာရှိတယ် တစ်ည တစ်ည လူ ၂၀၊ ၃၀ ထိဖမ်းခံလိုက်ရတာ။ အများပိုင်းမလွတ်သေးဘူး။တချို့ကိုတော့ပိုက်ဆံသုံးသိန်းနဲ့ရွေးခိုင်းတယ် မနေ့ညထိညတိုင်းပဲ ကင်းလည်တယ်ဖမ်းခံရတာတွေလည်းရှိတယ်မနေ့ညကလို့သူကပြောပါတယ်။

စစ်ကောင်စီက ည ၈ နာရီ နောက်ပိုင်းညမထွက်ရအမိန့်မထုတ်ပြန်ခင် နိုဝင်ဘာ ၆ ရက်နေ့လောက်ကတည်းက ည ၁၀ နာရီ နောက်ပိုင်းထွက်တဲ့အရပ်သားတွေကိုဖမ်းဆီးတာမျိုးလုပ်ခဲ့ပြီး ဖမ်းဆီးခံရတဲ့ အရပ်သား ၅၀ လောက်ရှိခဲ့ရာ လူပေါင်း ၃၀ နီးပါးပြန်မလွတ်ပဲထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့သိရပါတယ်။

အမျိုးသမီးတွေဘာတွေတော့ပြန်လွတ်ပေးတာများတယ်။ ဒါပေမယ့်သုံးသိန်းနဲ့ရွေးခိုင်းတယ် သူတို့သံသယရှိတဲ့လူတွေကိုတော့မလွတ်ပေးဘူး။ ရွေးလည်းမရွေးခိုင်းဘူး။ လျှပ်စစ်က ဝန်ထမ်းနှစ်ယောက်ကိုလည်းဖမ်းထားတယ်လို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ ပြန်မလွတ်ပဲထိန်းသိမ်းထားတဲ့ အရပ်သား ၃၀ လောက်ထဲမှာ နိုဝင်ဘာ ၈ ရက်နေ့ည ၁၀ နာရီလောက်က KTV ကအပြန် ဖမ်းဆီးခံလိုက်ရတဲ့စစ်ကောင်စီလက်အောက်ခံ EPC ဝန်ထမ်းအမျိုးသား နှစ်ဦးလည်းပါဝင်နေတယ်လို့ ဟုမ္မလင်း ဒေသခံတွေက ပြောပါတယ်။

ညမထွက်ရအမိန့်ကိုစစ်ကောင်စီက ထုတ်ပြန်ထားပြီး‌ နောက် ညကင်းလှည့်တာ ၊ အရပ်သားတွေကိုဖမ်းဆီးတာတွေကို‌တော့ SNA တပ်က လုပ်ဆောင်နေတာလို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ကို ရပ်ကွက်တွေထဲ နှုတ်နဲ့လိုက်လံအသိပေးတာမျိုးပဲ ရှိခဲ့တာကြောင့် မြို့ပေါ်ဒေသခံနဲ့ မြို့အနီးက ကျေးရွာဒေသခံတွေ တစ်ချို့က ညမထွက်ရအမိန့်ကို မသိရှိလိုက်ရတာကြောင့် ဖမ်းဆီးခံရမှုတွေဆက်တိုက်ရှိနေတယ်လို့သိရပါတယ်။

လက်ရှိဖမ်းဆီးခံထားရတဲ့အရပ်သားတွေကို ဟုမ္မလင်းမြို့မရဲစခန်းထဲမှာထိမ်းသိမ်းထားပြီး မိသားစုဝင်နဲ့တွေ့ခွင့်တော့ပေးတယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ နိုဝင်ဘာ ၆ရက်နေ့လောက်ကတည်းက SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေစဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် အခုလိုမြို့တွင်းကိုစစ်ကောင်စီတင်းကြပ်ထားပြီး မြို့ဝင်၊မြို့ထွက်ဥရုချောင်းတံတားနဲ့ချင်းတွင်း မြစ်ကူးတံတားပိတ်ပင်တာတွေလည်းရှိခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button