တိုက်ပွဲသတင်း

ကလေးမြို့နယ် သာစည်ရွာကို စစ်တပ်က ၆ ရက်ဆက်တိုက်မီးရှို့

စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ရွာကို စစ်ကောင်စီတပ်က တပ်စွဲထားပြီး မီးရှို့ဖျက်ဆီးနေတာ ၆ ရက်ဆက်တိုက်ရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အင်အား ၃၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက သာစည်ရွာကိုတပ်စွဲပြီး  ၂၁ ရက်နေ့ မနက်ပိုင်းအထိ ကျေးရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူ ကိုသူရိန်ဇင်က ပြောပါတယ်။

ဒီနေ့အထိကိုတောက်လျှောက်ရှို့နေတာ ဒီနေ့နဲ့ဆို ၆ရက်လောက်ရှိပြီ ကျနော်တို့သိရသလောက်အိမ်ခြေ ၁၀၀ကျော်လောက်ပြီ တိုက်ပွဲဖြစ်ပြီး သူတို့သာစည်ရွာကိုဝင်ကတည်းက စမီးရှို့တော့တာပဲသူတို့က အစက အင်အား ၈၀ လောက်ပဲ နောက်တော့ ကာကွယ်ရေးတပ်တွေကိုမကျော်လွှားနိုင်လို့ အင်အားတွေ ဆက်တိုက် ဖြည့်လာတာလို့ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် ကွယ်ရေးတပ်ဘက်က လက်နက်ခဲယမ်းလိုအပ်မှုတွေရှိလာတဲ့အတွက် သာစည်ရွာကနေနောက်ဆုတ်ပေးလိုက်ရချိန်မှာပဲ စစ်တပ်က အခုလို နေအိမ်တွေကို ဆက်တိုက်မီးရှို့မှုတွေလုပ်နေတာလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေက သာစည်ရွာနဲ့အနီးတစ်ဝိုက်ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ နေ့စဥ်ဆိုရသလို ရမ်းသမ်းပစ်ခတ်မှုတွေရှိပြီး တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ဒေသခံတွေကိုတော့ အကူညီတွေမပေးနိုင်သေးဘူးလို့ ကိုသူရိန်ဇင်ကအခုလိုပြောပါတယ်။

ဒေသခံတွေကတော့ မြို့ထဲရှောင်တာပိုများတယ် သူတို့က တိုက်ပွဲဖြစ်တာနဲ့တော့ဒုက္ခရောက်ကြတယ် နေထိုင်ဖို့တော့ ဆွေမျိုးနဲ့မိတ်ဆွေတွေဆီရှောင်တော့အဆင်ပြေတယ်စစ်ဘေးရှောင်ရတာကြာလာတာနဲ့အမျှစားနပ်ရိက္ခာတွေခက်ခဲလာတယ် အကူညီပေးဖို့လည်းတောင်းဆိုလာတယ်ကျနော်တို့လည်းအခုလိုအခြေနေ မှာလုံးဝမကူညီနိုင်ဖြစ်နေတယ် ဘာလို့ဆို ပြည်ပကအကူညီတွေလည်းမရတာပေါ့လို့ ပြောပါတယ်။

သာစည်ရွာကို စစ်တပ်ဘက်က ကလေးမြို့နယ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)မှူးပြောင်းလဲပြီးတဲ့ နောက်မှာ သာစည်ရွာကိုရွာလုံးကျွတ်မီးရှို့မယ်ဆိုပြီး အင်အားအများအပြားသုံးပြီး စစ်ကြောင်းထိုးနေတာလို့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်နေတဲ့ သာစည်ရွာအပါအဝင် အနီးတစ်ဝှိုက်က ရေလဲဦး၊ပေါက်ခုံစတဲ့ကျေးရွာ တွေက ဒေသခံ ၄ ထောင်ကျော် ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့စစ်ဘေးရှောင်ကူညီ နေသူတွေဆီကသိရပါတယ်။

 သာစည်ကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး ကလေးမြို့နယ် ၃ မိုင်အကွာမှာရှိတဲ့ ကျေးရွာကြီးတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ ဒေသခံရှစ်သိန်းနီးပါး ဘေးလွှတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA) က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button