လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကသာမှာ ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မနေ့မနက်ပိုင်း ၉နာရီဝန်းကျင်မှာ ကလုံရွာမှာ စစ်ကောင်စီတပ်တွေက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်အုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ အင်းရွာအုပ်စုဦးစောကျွန်းရွာက ကလေးငယ်သေဆုံးခဲ့ရတာလို့ ကသာမြို့နယ်ကကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။

ကလုံမှာရွာကအဖွဲ့တွေက သူတို့ရဲ့အရှေ့ဘက်ကမ်း ကလုံနဲ့မျက်နှာချင်းဆိုင်ရွာ ဦးစောကျွန်းရွာကိုလက်နက်ကြီးနဲ့ လှမ်းပစ်တာဗျ အဲ့မှာပဲ ကလေးငယ်ကို လက်နက်ကြီးထိမှန်တယ် ဆေးရုံရောက်လိုက် သေးတယ် ဆေးရုံမှာတင်သေဆုံးခဲ့တာပေါ့ ည၁၀နာရီလောက်မှာ သေဆုံးသွားပြီလို့သိရတာပါလို့ပြောပါတယ်။

အဲ့ဒီကလေးငယ်ဟာ  အသက် ၁၀ နှစ်ဝန်းကျင်ရှိတဲ့ ကလေးငယ်ဖြစ်ပြီး အင်းရွာကဆေးရုံအရောက်မှာပဲ ဗိုက်ပွင့်ထွက်ဒဏ်ရာနဲ့သေဆုံးခဲ့ရ တာဖြစ်ပြီးတော့ ဦးစောကျွန်းရွာက ဦးဖိုးဆိုင်းနဲ့ဒေါ်ဆယ်တို့ရဲ့ သမီးဖြစ်တယ်လို့ သိရပါတယ်။ 

လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မန္တလေးကနေ ကချင်ပြည်နယ်ဘက်ကို ဧရာဝတီ မြစ်ကြောင်းအတိုင်း ဦးတည်တက်လာနေတဲ့ စစ်သင်္ဘောတွေကို လုံခြုံရေးယူပေးနေတဲ့ ခမရ ၃၆၇နဲ့ ၃၁၇ တပ်ဖွဲ့တွေဖြစ်ပြီး အင်အား ၁၀၀ကျော်လောက် ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။

ဒါ့အပြင် မြစ်ကြောင်းအတိုင်းတက်လာတဲ့ သင်္ဘော၉စီးဟာလည်း လက်ရှိမှာ ကသာသဖန်းကိုင်း ဆိပ်ကမ်း မှာ ဆိုက်ကပ်ထားတယ်လို့ ကသာမြို့နယ်ကကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလိုဆက်ပြော ပါတယ်။

ရေကြောင်းက သဖန်းကိုင်းဆိပ်ကမ်းမှာ ရပ်နေတယ် အခုကား၁၀စီးနဲ့ ရိက္ခာတွေတင်နေတယ်ဘယ်ကို သွားမယ်ဆိုတာတော့မသိရဘူး သူတို့က မြို့ကြီးတွေရဲ့ဆိပ်ကမ်းတိုင်း သူတို့ရဲ့တပ်ရင်းတွေရှိတဲ့အတွက် အဲ့တပ်ရင်းတွေကို ရိက္ခာတဲ့ပြတ်လပ်တဲ့ပစ္စည်း တွေကိုချပေးနေတာလို့ပြောပါတယ်။

လက်ရှိ ကသာမြို့နယ်မှာ ရေကြောင်းရော ကုန်းကြောင်းမှာပါ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေရှိနေတဲ့ အတွက် ဧရာဝတီမြစ်ရိုးတစ်လျှောက်က ရွာတွေအားလုံးက ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေ ထဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button