သတင်း

ခင်ဦးမှာ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး လက်နက်ကြီးထိမှန်

စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာစစ်ကြောင်းနှစ်ကြောင်းနဲ့ ရွာတွေကိုဝင်ရောက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ  ဦးလက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။

ခင်ဦးနယ်အနောက်ခြမ်းမှာတော့ စစ်တပ်က စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေနဲ့ပစ်တယ် ၁၀ ချက် မကဘူး အဲ့မှာလက်နက်ကြီးက မရမ်းအင်းရွာထဲကျတယ်။ ဒေသခံ၄ဦးထိခိုက် ဒဏ်ရာရတယ်ပေါ့နော် အဲ့ဒီထဲမှာ ၁၀နှစ်သားအရွယ်ကလေးငယ်တစ်ဦးလည်းပါတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

လက်နက်ကြီးကြောင့် မရမ်းအင်းရွာသားတွေဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် ဒေါဝင်းစိန်၊ အသက် ၄၉ နှစ် အရွယ် ဒေါ်မာလာဦး၊ အသက်၃၃နှစ်အရွယ် ကိုဇင်မျိုးထွန်းနဲ့ ၁၀နှစ်အရွယ် မောင်ဇင်လင်းဖြိုးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Sagaing Khin Oo

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးတာတွေကြောင့် ခင်ဦးနယ်တောင်ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက ဒေသခံပြည်သူ ၈၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

ဒီမနက်မှာ ခင်ဦးမှာ စစ်ကြောင်းနှစ်ကြောင်းဝင်ရောက်ခဲ့တယ် အဲ့ဒီစစ်ကြောင်းကြောင့် ဒေသခံရှစ်ထောင် ကျော် နေရပ်စွန့်ပြီးပြေးနေရတယ် အခုတော့ စစ်ကြောင်းနှစ်ကြောင်းလုံးကသူတို့အထိုင်နေရာတွေကို ပြန်ဆုတ်သွားပေမဲ့လို့ ဒေသခံအားလုံးတော့ပြန်မဝင်နိုင်သေးဘူးလို့ပြောပါတယ်။

ရွှေဘိုနယ်ဖုတ်ကုန်းပျူရွာ နဲ့ ရွှေဘိုမြို့ အမှတ်၈ အခြေခံလေ့ကျင့်ရေးတပ်ပူးပေါင်းစစ်ကြောင်း အင်အား ၁၀၀ခန့်ဟာ ခင်ဦးနယ်တောင်ဘက်ခြမ်းက ရွာတွေကိုဝင်ရောက်နေပြီးတော့ခင်ဦးနယ်အနောက်ဘက်ခြမ်း မှာတော့ အင်းပတ်ကွေ့ဈေးတန်းအထိုင်တပ်နဲ့ ရွာသစ်ကုန်းရွာကပျူစောထီး ၃၀ ကျော်လောက်ပေါင်းပြီး စစ်ကြောင်းထိုးနေခဲ့တာလို့ သိရပါတယ်။

ခင်ဦးမြို့နယ်ထဲက အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ကုန်းသာ၊ လက်ပံလှ၊ ကျီးကန်၊ ရေအေးကုန်း၊ ရွာသန်း၊ ပဒွင်း၊ လက်ပံကြီး နဲ့ လောင်းရှည်စတဲ့ ကျေးရွာပေါင်း ၁၃ရွာက ဒေသခံ ၈၀၀၀ကျော် ထွက်ပြေးနေရတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၂ သန်းနီးပါး ရှိလာနေပြီး အဲ့ဒီထဲမှာ ၇၇၈,၉၀၀ဟာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင် တွေဖြစ်တယ်လို့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က ဩဂုတ်လ  ရက်နေ့က ထုတ်ပြန် ထားပါတယ်။

Show More

Related Articles

Back to top button