စစ်ကြောင်းထိုး

  • May- 2024 -
    9 May
    စစ်ရေး

    တန်ဂျာရွာမှာ စစ်ကောင်စီတပ် စစ်အင်အား တစ်ရာကျော် စစ်ကြောင်းထိုးဝင်ရောက်နေ

    ပူတာအိုမြို့နယ် လုံရှာယန် နဲ့ တန်ဂျာကျေးရွာဘက်ရွာဘက်မှာ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမှာ တပ်စွဲနေထိုင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက မေလ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ပူတာအိုဘက်က စစ်ကား ၂ စီးနဲ့ ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည်တက်လာခဲ့ပြီး လက်ရှိ တန်ဂျာကျေးရွာထဲမှာ တပ်စွဲထားတယ်လို့ တန်ဂျာဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကြောင်းဝင်လာတာက ဒီမနက်ကဘဲဝင်လာကြတာ။ ပူတာအိုကနေ ကားနဲ့ ဆင်းလာတယ်။ လုံရှားယန်နဲ့ တန်ဂျာဘက်ရောက်တဲ့ အချိန်မှာက ခြေလျင်နဲ့ ဝင်လာကြတယ်။ စစ်အင်အားက များတယ်။ ရွာထဲမှာတွေ့တာတောင် ၁၀၀ လောက်ရှိမယ်ထင်တယ်”လို့ပြောပါတယ်။ ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက လက်ရှိ တန်ဂျာကျေးရွာမှာ ဒေသခံပြည်သူတွေကို အကာအကွယ်ယူပြီးတော့ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ရှိနေကြတယ်လို့ ပြောပြပါတယ်။ ဒီစစ်ကြောင်းတွေက ကျေးရွာအတွင်းဝင်ရောက်လာပြီးတော့‘ကျေးရွာအနီးတဝိုက်တွေမှာ KIA ရှိမရှိ စစ်ဆေးမေးမြန်းတာတွေ၊ KIA တပ်တွေရှိလို့ ဝင်ရောက်လာတာဖြစ်တယ်လို့’ပြောဆိုပြီး ကျေးရွာထဲမှာရှိနေကြတယ်လို့သိရပါတယ်။ စစ်အင်အားအလုံးအရင်းနဲ့ ကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲထားတာကြောင့် တန်ဂျာနဲ့ လုံရှာယန်ဒေသခံပြည်သူတွေက တဖက်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ တန်ဂျာဒေသခံအမျိုးသမီးက ဆက်ပြောပြပါတယ်။ “ကျမတို့ ဒေသခံတွေက မထင်မှတ်ပဲဝင်လာကြတော့ တိုက်ပွဲဖြစ်လာမှာ အရမ်းကြောက်နေတယ်။ ရွာအနီးတဝိုက်တွေမှာဖြစ်လာရင် ဘယ်ကို ထွက်ပြေးကြမလဲစိုးရိမ်နေရတယ်။ ဘာလို့လဲဆိုတော့ စစ်သားတွေက ရွာထဲမှာ ရှိနေကြပြီး ဘယ်တော့ ဘယ်လိုဖြစ်လာမယ်ဆိုတာကိုမသိဘူးလေ။ ကြောက်တာက အရမ်းကြောက်နေတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ လာရောက်တပ်စွဲနေထိုင်နေတာကြောင့်ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေ မရှိသေးပေမယ့် တိုက်ပွဲဖြစ်ပွားလာရင် လူသားဒိုင်းအဖြစ် အသုံးပြုခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းအဖွဲ့တွေဟာ ဆွမ့်ပရာဘွမ့်မြို့ကို လက်လွတ်လိုက်ရတဲ့အတွက် စစ်ရေးအရ စစ်ရေးလှုပ်ရှားလာတာဖြစ်နိုင်သလို ဆွမ်ပရာဘွမ့်ဘက်ကို တန်ပြန်စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ နှစ်လဝန်းကျင်လောက် မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းမပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၅ ရက်နေ့မှာ မြို့တစ်ခုလုံးအပါ စစ်တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 8 May
    စစ်ရေး

    ဆင်ဘိုသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီ ကသာမှာအင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားနေ

    စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ကသာမြို့ပြင်ကရွာတွေနဲ့ မြို့အစွန်ရပ်ကွက်တွေကို စစ်ကြောင်းထိုးနေတာလို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “သူတို့က မြို့ပတ်ဝန်းကျင်ကိုလှုပ်ရှားနေတာ ဒါ့ကြောင့်ဒီစစ်ကြောင်းတွေကိုပဲ ကျနော်တို့ကအာရုံစိုက်နေ တာ ဒီရက်ပိုင်းကို မြို့ပတ်ဝန်းကျင်မှာ အင်အားတော်တော်များတယ်ထွက်လာတာ မျက်မြင်တွေပြောတာက တော့ အင်အား ၂၀၀ ကျော်ရှိတယ်တဲ့ “လို့ပြောပါတယ်။ စစ်ကောင်စီတပ်က ပုံမှန်ဆိုရင် ကသာမြို့ပြင်တစ်လျှောက်စစ်ရေးလှုပ်ရှားတဲ့အခါ အင်အား ၈၀ ဝန်းကျင် လောက်နဲ့သာ စစ်ကြောင်းသွားလာနေပေမယ့် ဆင်ဘိုမြို့ကိုသိမ်းလိုက်တဲ့နောက်မှာတော့ သိသိသာသာအင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားလာနေတာဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလော စစ်ကောင်စီတပ်က ကသာမြို့နဲ့ ၃မိုင်ပတ်ဝန်းကျင်က နတ်ရေတွင်း၊ လမ်းခွ၊ ပင်းမလွှတ်၊ ဆင်အင်း၊ သုံးပုံး စတဲ့ ကျေးရွာတွေတစ်ဝှိုက်ကို စစ်ကြောင်းတွေထိုးနေတာလို့ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ “ဆင်ဘိုတို့ဘာတို့ကျပြီးတာလဲပါမယ် ဒီရက်ပိုင်းက ဗန်းမော်တစ်ဝှိုက်ကလည်း စခန်းသိမ်းပွဲတွေ ရှိတယ် လေ ဒီလိုနယ်မြေအနေအထားကြောင့်လို့ပဲယူဆပါတယ် မြို့ရဲ့ခပ်လှမ်းလှမ်းကနေ ကာဖို့လုပ်တာလားပေါ့ သူတို့က ကုန်းကျတဲ့နေရာတွေကိုများတပ်စွဲမလားပေါ့ ကျနော်တို့ကလည်း သတိထားရတာပေါ့”လို့ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ ကသာမြို့ပြင်က ကျေးရွာတွေနဲ့ မြို့အစွန်က ရွာတွေကို စစ်ကြောင်းပတ်ထိုးနေပြီး ကာကွယ်ရေးတပ်ဘက်က လည်း ဒရုန်းနဲ့တိုက်ခိုက်မှုတွေရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ စစ်ကောင်စီတပ်ဟာ ကသာမြို့တွင်းနေထိုင်တဲ့ စစ်မှုထမ်းဟောင်းတွေကို အတင်းအဓမ္မခေါ်ယူပြီးတော့ စစ်မှုပြန်ထမ်း ခိုင်းတာမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။  မနေ့က မေလ ၆ ရက်နေ့ညပိုင်းမှာ ကသာမြို့ပေါ် အမှတ် ၁ ရဲစခန်းရှေ့မှာ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့သူကို သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့ပြီး ထိခိုက်မှုရှိမရှိကိုတော့ KNG က အတည်မပြုနိုင်သေးပါဘူး။ ကသာမြို့နယ်ဟာ မြို့နယ်ရုံးတွေအခြေစိုက်ရာ မြို့ဖြစ်သလို  ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့မြို့နယ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ လူဦးရေ ၁သိန်း၆သောင်းကျော်ရှိတဲ့မြို့ကြီးဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Mar- 2024 -
    5 March
    စစ်ပြေးဒုက္ခသည်များ

    ရွှေကူနယ်ဘက်က စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၂ ခုက ဒေသခံတွေပိတ်မိနေ

    ရွှေကူ အခြေစိုက် ခလရ ၅၆ တပ် နဲ့ ခမရ ၆၀၂ တပ်ထဲရနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ လက်ရှိမြောက်ရွာနဲ့ တုန်းပုန်ကျေးရွာထဲဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာတွင်းစစ်ကြောင်းဝင်ရောက်လာချိန် ထွက်ပြေးတိမ်းရှောင်ခွင့်မရလိုက်တဲ့ ဒေသခံအများအပြားလက်ရှိ ကျေးရွာထဲမှာပိတ်မိနေတယ်လို့ တုန်းပုန်ကျေးရွာအနီးမှာနေထိုင်တဲ့အမျိုးသားတစ်ဦးကပြောပါတယ်

    Read More »
  • 4 March
    တိုက်ပွဲ

    KIA တပ်ရင်း ၁၂ ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တစ်ရက်ထဲ ၂ ကြိမ်တိုက်ခိုက်ခံရပြီး အထိနာ

    အဲဒီစစ်ကြောင်းဟာ မတ်လ ၃ ရက် မနေ့က နေ့မနက်ပိုင်းမှာ ရွှေကူမြို့ဘက်ကနေ မြို့အထက် နန့်ဖာဘက်ကို အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် လမ်းကူးကျေးရွာနဲ့ မီတာ ၂၀၀ ကျော်အကွာ (ဒေသအခေါ် )ကျောက်ကွင်းစခန်းအနီးမှာ  KIAနဲ့ KPDF ၊LPDF ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

    Read More »
  • Feb- 2024 -
    29 February
    တိုက်ပွဲ

    KIA သိမ်းပိုက်ထားတဲ့ စီခမ်းကြီးစခန်း ဘက်ကို စစ်တပ် စစ်ကြောင်းထိုးတိုက်ခိုက်နေ

    ကချင်ပြည်နယ် ၊ မံစီမြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ စီးခမ်းကြီးကျေးရွာဘက်ကို စစ်တပ်ကလေကြောင်းပစ်ခတ်တာအပြင် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ စီခမ်းကြီးကျေးရွာထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၉ ရက်…

    Read More »
  • 28 February
    တိုက်ပွဲ

    ဟိုပင်မှာ တိုက်ပွဲဖြစ်နေပြီး အရပ်သားတချို့တိမ်းရှောင်နေရ

    မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းရွာအနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေရှိတယ်လို့ Hopin PDF ဆီကသိရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာပဲ အပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတာဖြစ်ပြီးတော့ လက်ရှိသတင်းရေးသားနေတဲ့အချိန်ထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဟိုပင်…

    Read More »
  • Nov- 2023 -
    1 November
    တိုက်ပွဲ

    ဖားကန်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ

    ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ဘွမ်ရာယန်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ဖားကန့်လမ်း နန့်ယား၊ နမ်တိန့် ဘက်ကနေ စစ်အင်အား ၈၀ ဝန်းကျင်လောက်…

    Read More »
  • Oct- 2023 -
    9 October
    စစ်ပြေးဒုက္ခသည်များ

    ပုလဲမှာ စစ်ကြောင်းထိုးလာလို့ ရွာပေါင်း ၁၀ ရွာက ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ဂန့်ဂေါလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားသောင်းနဲ့ချီဘေးလွှတ်ရာကို ထွက်ပြေးတိမ်း‌ ရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က ဒီကနေ့ အောက်တိုဘာ ၉ရက်နေ့ မနက်ပိုင်းကနေစပြီးတော့ ပုလဲ– ဂန့်ဂေါလမ်းမတစ်လျှောက်မှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်း နေတာဖြစ်တယ်လို့ ပုလဲမြို့နယ် လူထုတိုက်ပွဲသပိတ်ဦးဆောင်ကော်မတီက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “သူတို့က ရွာတွေကိုစစ်ကြောင်းဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကားပေါ်တင်ယူတယ်။ သူတို့က ယူချင်တာယူတယ် ဆန်ဆီတွေရော အဝတ်အစားတွေရော…

    Read More »
  • Jul- 2023 -
    4 July
    သတင်းပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မြင်တွေ့ရတဲ့ နမ်ဆန်ယန်ရွ

    နမ်ဆန်ယန်မှာ စစ်တပ်ဘက်က စစ်အင်အားအလုံးအရင်းဖြည့်နေ

    KIO ဗဟိုဌာနချုပ်အနီးမှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာမှာ မနေ့ကမနက်ပိုင်းကနေစပြီးတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စစ်ရေးတင်းမာနေတဲ့အပြင် ဒီမနက်ပိုင်းကနေစပြီး အင်အားအလုံးအရင်းထပ်ဖြည့်နေတယ်လို့ KIA  နဲ့နီးစပ်သူတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီကနေ့မနက် ၆နာရီဝန်းကျင်ကနေ စစ်ကားအစီးရေ ၁၀ စီးနဲ့ ဗန်းမော်ဘက်ကနေစစ်အင်အားထပ်မံဖြည့်တင်းလာပြီးတော့ မနက် ၉နာရီဝန်းကျင်ကနေ နမ်ဆန်ယန်ချောင်းကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်ခတ်ပစ်ခတ်တာတွေ လုပ်နေတယ်လို့…

    Read More »
  • May- 2023 -
    8 May
    စစ်ပြေးဒုက္ခသည်များ

    ခင်ဦးတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာသဖြင့် ဒေသခံ ၇ ထောင်ကျော်ထွက်ပြေးနေရ

    ခင်ဦးမြို့နယ်အရှေ့ခြမ်းနှင့်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုး‌နေသောကြောင့် ရွာပေါင်း ၇ ရွာမှ ဒေသခံ ၇ ထောင်ဝန်းကျင်သည် ဘေးလွှတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား၂၀၀ ဝန်းကျင်သည် မေလ…

    Read More »
Back to top button