စစ်ပြေးဒုက္ခသည်များသတင်း

ပုလဲမှာ စစ်ကြောင်းထိုးလာလို့ ရွာပေါင်း ၁၀ ရွာက ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ဂန့်ဂေါလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားသောင်းနဲ့ချီဘေးလွှတ်ရာကို ထွက်ပြေးတိမ်း‌ ရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က ဒီကနေ့ အောက်တိုဘာ ၉ရက်နေ့ မနက်ပိုင်းကနေစပြီးတော့ ပုလဲဂန့်ဂေါလမ်းမတစ်လျှောက်မှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်း နေတာဖြစ်တယ်လို့ ပုလဲမြို့နယ် လူထုတိုက်ပွဲသပိတ်ဦးဆောင်ကော်မတီက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

သူတို့က ရွာတွေကိုစစ်ကြောင်းဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကားပေါ်တင်ယူတယ်။ သူတို့က ယူချင်တာယူတယ် ဆန်ဆီတွေရော အဝတ်အစားတွေရော တစ်ခါတစ်လေ ကလေးကစားစရာကအစယူတယ်။ အိမ်တစ်အိမ်ကဆို ငွေ သိန်း ၂၀လောက်ပါသွားတယ်လို့ပြောတယ် “လို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၅ ရက်နေ့ကတည်းက ဆားလင်းကြီးမြို့နယ်ကနေ ပုလဲ မြို့ပေါ်မှာတပ်စွဲပြီး ဒီကနေ့မနက်ပိုင်းကစပြီး သံချပ်ကာကား၊၁၂ဘီးကား ၁၇စီး နဲ့ အင်အားအပြည့်တင်ပြီး စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းကြောင့် ပုလဲဂန့်ဂေါလမ်းမကြီးတစ်လျှောက်ကရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၁သောင်းကျော်ဘေးလွှတ်ရာကိုထွက်ပြေးနေကြရ တယ်လို့ သိရပါတယ်။

ခုလို ပုလဲမြို့နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအများအပြားသုံးပြီး စစ်ကြောင်းထိုးနေတာဟာ ဗျူဟာအရအရေးပါတဲ့ ပျူရွာနှစ်ရွာကြောင့်ဖြစ်နိုင်တယ်လို့ ပုလဲမြို့နယ်လူထုတိုက်ပွဲသပိတ်ခေါင်းဆောင်က သုံးသပ်ပါတယ်။

သူတို့က အင်မထီးပျူစောထီးစခန်းကို ပိုပြီးအင်အားဖြည့်ဖို့ကြိုးစားတာဖြစ်နိုင်တယ် ပုလဲနယ်မှာ အင်မထီး ပျူစောထီးစခန်းရှိတာက ပုလဲမြို့ရဲ့အလယ်ခေါင်မဟုတ်ဘူး ဆိုရင်တောင် ပုလဲ– ဂန့်ဂေါလမ်းမ ပုလဲမြို့ တောင်ဘက်ခြမ်းကိုထိန်းပြီးသားဖြစ်သွားတယ်။ ဟိုဘက်က ဇီးဖြူကုန်းပျူစခန်းက ပုလဲမြောက်ဘက်ကို ထိန်းပြီးသားပဲ အဲ့ဒီစခန်းနှစ်ခုကျသွားရင် ပုလဲနယ်ထဲရှိတဲ့ ကန်ဒေါင့်ရဲစခန်းကလည်း အလိုလိုကျပြီလို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေ ပုလဲဂန့်ဂေါလမ်းအတိုင်း စစ်ကြောင်းထွက်လာချိန် ပုလဲမြို့နယ်အတွင်းက ဒေသကာကွယ်ရေးတပ်ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား  သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံပြီးခဲ့တဲ့ အောက်တိုဘာ ၅ရက်နေ့က စစ်တပ်ဘက်က စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပုလဲနယ်ထဲက စစ်ဘေးရှောင်းများ

Show More

Related Articles

Back to top button