စစ်ရေးတင်းမာမှု
-
Nov- 2023 -21 Novemberသတင်း
ကချင် – စစ်ကိုင်းသွားလမ်း ပြည်ထောင်စုလမ်းမကြီးကို စစ်ရေးအရပိတ်ဆို့ထားဟုဆို
စစ်ရေးတင်းမာနေတဲ့ ကချင် – စစ်ကိုင်းအစပ်ဘက်ကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မဝင်ရောက်နိုင်ဖို့ ပြည်ထောင်စုကားလမ်းကြီးကို စစ်ရေးအရယာယီပိတ်ဆို့ထားခြင်းဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ သူတွေဆီကနေ သိရှိရပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့ကနေ ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့ ကသာခရိုင် ထီးချိုင့်မြို့နယ်၊အင်းတော်မြို့နယ်တွေမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးအရ…
Read More » -
14 Novemberသတင်း
နမ့်ခမ်းမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံများအားလုံးထွက်ပြေးတိမ်းရှောင်နေရ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်းမြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLAဘက်က သိမ်းပိုက်ထိန်းချူပ်ထားနိုင်ပြီဖြစ်ပေမယ့် နမ့်ခမ်းမြို့နဲ့တစ်မိုင်ကျော်ဝေးတဲ့ စစ်တပ်ကုန်းစခန်းသိမ်းပိုက်နိုင်တာမရှိသေးတာကြောင့် နှစ်စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA ဘက်က နမ့်ခမ်းမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်နေ့က နမ့်ခမ်းမြို့တွင်း TNLA ထိန်းချူပ်မှုအောက်က ပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုအခြေအနေတွေ သတင်းစာမျက်နှာတွေမှာ…
Read More » -
1 Novemberသတင်း
ရွှေကူ ငဘတ်ကြီးရွာနားမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်
ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာထဲက KIA၊KPDFနဲ့LPDF တွေပူးပေါင်းသိမ်းပိုက်ထားတဲ့ငဘတ်ကြီးအထိုင်စခန်း (ကြေးနန်းကုန်းခေါ် )တာဝါကုန်းစခန်းကို စစ်တပ်ဘက် ပြန်လည်ရယူဖို့ စစ်ရေးလှုပ်ရှားလာနေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူ LPDF အဖွဲ့ကနေ သိရပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ငဘတ်ကြီးကျေးရွာမှာရှိတဲ့ရွှေတူ ခမရ ၆၀၂ နဲ့ခလရ ၅၆တပ်တွေ ပူးပေါင်းတပ်ထိုင်လေ့ရှိတဲ့ အထိုင်တပ်စခန်းတာဝါကုန်းကို KIAနှင့်တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းသိမ်းပိုက်လိုက်အပြီးမှာပဲ စစ်ကောင်စီတပ်တွေက တပ်ပြန်ထိုင်လာဖို့အတွက်အင်အားသုံးပြီးစစ်ရေးလှုပ်ရှားလာ နေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူနယ် LPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “သူတို့(စစ်ကောင်စီတပ်) မထိုင်နိုင်သေးဘူးသူတို့ရောက်တော့ ရောက်ရောက်လာတယ်…
Read More » -
Sep- 2023 -6 Septemberသတင်း
နမ်ဖမ်ကာရွာမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေ
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ စစ်တပ်ကလက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေသလို TNLA ဘက်ကလည်း စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံပြည်သူများ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်ပူပန်နေကြရတယ်လို့ သိရပါတယ်။ နမ့်ဖတ်ကာမှာ တပ်စွဲထားတဲ့ ခလရ ၁၂၃ စစ်တပ်ဟာ စက်တင်ဘာ ၆ ရက် ဒီနေ့မှာလည်း လက်နက်ကြီးအဆက်မပြတ် ရမ်းတမ်းပစ်ခတ်နေတဲ့အပြင် TNLA ဘက်ကလည်း ရွာသားတွေကို ရွာထဲက တိမ်းရှောင်ကြဖို့ ပြောဆိုနေတယ်လို့ နမ့်ဖက်ကာဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့ နမ့်ဖတ်ကာမှာ…
Read More » -
Aug- 2023 -23 Augustသတင်း
စစ်ရေးတင်းမာနေတဲ့ ဖားကန့်လမ်းပိုင်း ၂ နေရာမှာ KIA ဘက်က ပိတ်ဆို့ထား
စစ်ရေးတင်းမာနေတဲ့ ကားမိုင်း- ဖားကန့်သွားလမ်းမပေါ်မှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ကဘက် ဒီမနက်ကစပြီး နေရာ ၂ နေရာကို လမ်းပိတ်ဆို့ထားတယ်လို့ KIA နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ခုလို လမ်းပိတ်ဆို့ထားတာဟာာ နန့်ယားကျေးရွာမှာရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်ဘက်ကို ဆက်ပြီးတက်လာလို့မရအောင် မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်ထုနဲ့ ဂေါ့လိုယာန်နေရာနားက နေရာ ၂ နေရာမှာ ပိတ်ဆို့ထားဖြစ်တယ်လို့ KIA နဲ့ နီးစပ်သူ ဒေသခံတစ်ယောက်ကပြောပါတယ်။ “နန့်ယားမှာ…
Read More » -
Jul- 2023 -22 Julyသတင်း
စစ်ရေးတင်းမာနေတဲ့ မိုးစစ်ရွာနားတစ်ဝိုက်ဒေသခံများ အမြန်ဆုံးတိမ်းရှောင်ကြဖို့ မြို့လှ PDF သတိပေး
ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီတပ်က လက်ရှိမိုးစစ်ရွာထဲဝင်ရောက်နေပြီး ရွာသားတစ်ချို့ကို ဖမ်းဆီးထားတဲ့အပြင် မိုးစစ်ရွာအနီးတစ်ဝိုက်စစ်ကြောင်းထိုးဖို့ ထပ်ပြီးပြင်ဆင်နေတဲ့အတွက် ဒေသခံများ အမြန်ဆုံးရှောင်တိမ်းကြဖို့ မြို့လှကာကွယ်ရေးတပ်က အရေးပေါ်သတိပေးပြောဆိုလာပါတယ်။ “ခုချိန်ကျနော်တို့ဘက်က တစ်ချက်သွားပစ်ရင် ဖမ်းခံထားရတဲ့ပြည်သူတစ်ဦးကို သတ်ပြမယ်ဆိုတဲ့အနေထားဖြစ်နေတယ်။ ရွာသားတွေကို…
Read More » -
3 Julyတိုက်ပွဲ
နမ့်ဆန်ယန်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံများ ထွက်ပြေး
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်အနီး ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေထွက်ပြေးနေပြီလို့ သိရပါတယ်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီး နမ်ဆန်ယန်တံတားမှာ စစ်ကောင်စီ စစ်ကြောင်း နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ၁၀ နာရီဝန်းကျင်မှာတော့ နမ်ဆန်ယန်ပြည်သူတွေ ခေတ္တထွက်ပြေးတိမ်းရှောင်ကြဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက…
Read More » -
May- 2023 -1 Mayသတင်း
စစ်ရေးတင်းမာနေဆဲဖြစ်သည့် ကျေးရွာ ၃ ရွာမှ စစ်ရှောင်များအတွက် အကူညီလိုအပ်နေဆဲ
ဗန်းမော်မြို့နယ် ခဲမနိုင်၊ နမ့်သဲ၊ မံစီမြို့နယ် နမ့်အူကြီး ကျေးရွာ ၃ ရွာမှ ဒေသခံစစ်ရှောင်များ နေရပ်မပြန်နိုင်သေးသည့်အပြင် အကူအညီများ ဆက်လက်လိုအပ်နေသေးကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ အဆိုပါ စစ်ရှောင်များသည် ဧပြီလ ၂၆ ရက်နေ့ တိုက်ပွဲကြောင့် မံသာ…
Read More » -
Dec- 2022 -17 Decemberစစ်ပြေးဒုက္ခသည်များ
အင်ခိုင်ဘွမ်တောင်ခြေတွင် စစ်တပ် နှင့် KIA စစ်ရေးတင်းမာလာ
မြစ်ကြီးနားမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ တည်ရှိရာ အင်ခိုင်ဘွမ်တောင်ခြေဘက်သို့ စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားလာသဖြင့် စစ်ရေးတင်းမာလာနေသည်ဟု ဒေသခံများထံမှ သိရသည်။ ယခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်သည် အင်ခိုင်ဘွမ်တောာင်ဘက်သို့ နမ်ကျင်ဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ပလနဘက်မှ စစ်ကြောင်း တစ်ကြောင်းခွဲကာ KIA တပ်ရင်း ၁၁ ကို တိုက်ခိုက်ရန် လုပ်ဆောင်လာသောကြောင့် စစ်ရေးတင်းမာနေကြောင်း အမည်မဖော်လိုသူ ငွေပျော်စံပြဒေသခံ တစ်ဦးက ပြောသည်။ “ရွာသားတွေအားလုံးက တစ်ခုခုဖြစ်ပြီဆို လန့်ပြီး နေတောင်မနေရဲတော့တာ ဆုတောင်းပြီးနေရုံမှအပဆိုပြီး…
Read More »








