ပူတာအို
-
May- 2024 -29 Mayသတင်း
ဆွမ်ပီယန်စစ်ရှောင်တစ်ထောင်ကျော်အတွက် အရေးပေါ်အကူညီလိုအပ်နေ
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအုပ်စုက ဒေသခံစစ်ဘေးရှောင်ပြည်သူတစ်ထောင်ကျော်အတွက် အစားအသောက်၊ ဆေးဝါးနဲ့နေရာထိုင်းခင်း အရေးပေါ် ကူညလိုအပ်နေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေဆီကနေ သိရပါတယ်။ ဆွမ်ပီယန်ကျေးရွာအုပ်စု ၀ဒတ်(Wadat) နဲ့ မစီးယန်(Nsi yang) စတဲ့ ကျေးရွာ ၃ ရွာက အိမ်ခြေ ၃၀၀ ဝန်းကျင်၊ လူဦးရေ ၁၅၀၀ ကျော်ရှိတဲ့ ဒေသခံပြည်သူအားလုံးနီးပါးဟာ စစ်ရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကစပြီး တောထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒါပေမယ့် တောထဲမှာ အစားအသောက်နဲ့ နေရာထိုင်ခင်းအခက်ခဲကြောင့် မေလ ၁၆ ရက်နေ့ တောထဲကနေပြန်ထွက်လာကြပြီး လက်ရှိ ခင်ဒူယန်( Hkindu yang) နဲ့ လမ်းမကြီးဘေး ကျေးရွာတစ်ချို့မှာ ယာယီခိုလှုံနေကြရတယ်လို့ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အစတော့ တောထဲတိမ်းရှောင်ကြတယ် တောထဲမှာ ထွက်လမ်းပိတ်မှာစိုးတာနဲ့ အစားအသောက်အရမ်းခက်လာလို့ ပြန်ထွက်လာကြပြီး အခု ကားလမ်းမဘေး ခင်ဒူယန်မှာ ခေတ္တရပ်နားရင်း ယာယီခိုလှုံနေကြတယ်။ အခုဒီကနေ အခြားအဆင်ပြေမဲ့နေရာတောတစ်နေရာဆီ ထပ်ရွှေ့ဖို့ပြင်ဆင်နေတုန်းဖြစ်တယ်။ လောလောဆယ်တဲတွေထိုးဖို့ မိုးကာတွေမလောက်တာအပြင် အစားအသောက်က ခက်တာနဲ့ ဒုက္ခရောက်နေကြတယ်။” မေလ ၁၆ ရက်နေ့ ကားလမ်းဘက်ထွက်လာတဲ့သူတွေဟာ ဆွမ်ပီယန်ကျေးရွာဒေသခံအများပိုင်းဖြစ်ပြီး မစီးယန်နဲ့ ၀ဒတ်ကျေးရွာ ဒေသခံပြည်သူအများစုက မလိခမြစ်ကမ်းဘက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဒီစစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ရွာထဲစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာကာ ဒေသခံပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းပြုလုပ်လာတဲ့အပြင် စစ်ရေးအခြေအနေတင်းမာလာတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ခြေ ၈ အိမ်လောက်က တောထဲကနေ မထွက်လာနိုင်သေးပဲ ဆက်လက် ခိုလှုံကာတိမ်းရှောင်နေသူတွေလည်း ရှိသလို ဒီစစ်ရှောင်တွေထဲက ကလေးနဲ့ သက်ကြီးရွယ်အိုတွေ များစွာရှိပြီး နာတာရှည်ရောဂါသည်များ၊ ဖျားနာသူတွေ များနေတာကြောင့် ဆေးဝါးအကူအညီအပြင် နေရာထိုင်ခင်းအတွက် မိုးကာများ၊ အစားအသောက်များ အရေးပေါ်လိုအပ်နေတာပဲဖြစ်ပါတယ်။ “ကလေးကများ၊ သက်ကြီးရွယ်အိုကများ၊ ဖျားနာနေသူလည်းများတယ်။ နာတာရှည်ဖျားနာနေတဲ့သူတွေလည်း များတယ်။ အစားအသောက်က ကိုယ့်မှာမပါရင် ပါလာခဲ့တဲ့ သူတွေဆီကနေ ခွဲဝေမျှစားနေတယ်။ အခုက ကူညီတာတွေလည်း မရှိသေးတော့ စစ်ရှောင်တွေနေဖို့ တဲအဆောင်တွေ ဆောက်တော့ ဆောက်နေပေမဲ့ မိုးကာမရှိလို့ မိုးကရွာ အရမ်းဒုက္ခရောက်နေတယ်။”ဟု ဆွမ်ပီယန်ဒေသခံက ဆက်ပြောပါတယ်။ …
Read More » -
28 Mayသတင်း
ဆွမ်ပရာဘွမ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းတစ်ရင်းလုံးပြုတ်
ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ခလရ( ၄၆ )တပ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ ခလရ (၁၃၇) တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ဆွမ်ပရာမြို့အခြေစိုက် ခလရ(၄၆)တပ်ရင်းဘက်ကို စစ်ကူအနေနဲ့ သွားရောက်ကူညီတဲ့ ခရလ(၁၃၇)တပ်ရင်းမှူး အပါအဝင် စစ်ကောင်တပ်သား ၁၀ ဦးကျော်ကို မေလ ၁၈ ရက်နေ့ ပူတာအိုမြို့ ရှေ့တန်းတစ်နေရာမှာ ပူတာအိုခရိုင် PDF အဖွဲ့တွေ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ခလရ (၁၃၇) တပ်ရင်းမှူးဟာ တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာတွေကြောင့် တစ်ရက်အကြာမှာဘဲ သေဆုံးသွားခဲ့တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုထဲက အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဖမ်းမိတဲ့ အချိန် အဲဒီတပ်ရင်းမှူးက ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ် ခြေထောက်ကျိုးတာတို့ သွေးထွက်လွန်တာ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲက အတက်နိုင်ဆုံးကုသပေမယ့် သူရရှိတဲ့ဒဏ်ရာကြောင့် နောက်တစ်နေ့မှာဘဲ ဆုံးသွားတယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် ပူတာအိုတော်လှန်ရေးအင်အားစုတွေဘက်က ခလရ ( ၁၃၇ ) တပ်ဖွဲ့ဝင်များထဲက တပ်သား ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးရမိထားသလို တိုက်ပွဲတွင်းသေဆုံးသွားသူတွေလည်းများတာကြောင့် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဆွမ်ပရာဘွမ်တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တော်လှန်ရေးအင်အားစုတွေထဲကတာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ စစ်ဥပဒေ (Geneva Convention) နဲ့ အညီ ထိန်းသိမ်းထားတာ ရှိပါတယ်။ ခလရ ၁၃၇ ကတော့ ဖမ်းဆီးရမိတာ တစ်ခါ ၃ ယောက်၊ ၉ ယောက် ဖမ်းဆီးရထားတာရှိတယ်။ ခလရ(၄၆) တပ်ရင်းက တချို့ကတော့လွတ်မြောက်နေဆဲဖြစ်တယ်”လို့ဆိုပါတယ်။ ဒါပေမယ့် ဆွမ်ပရာဘွမ်အခြေစိုက် ခလရ(၄၆) တပ်ရင်းမှူးကတော့ လက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ခလရ (၄၆)တပ်ကို KIA/KPFနဲ့ ပူတာအို PDFပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကတည်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ ၅ ရက်နေ့မှာဘဲ တပ်ရင်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့တာဘဲ ဖြစ်ပြီး မတ်လ ၈ ရက်နေ့က စတင်လာတဲ့စစ်ဆင်ရေးကာလ ၂ လအတွင်း စခန်းကြီးငယ် ၁၀၀ ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆွမ်ပီယန်ဒေသတစ်လျှောက်မှာလည်း စစ်ကောင်စီဘက်က စစ်အင်အား ၁၀၀ကျော် ပြန်လည်ဖြည့်တင်းထားပြီး စစ်ရေးတင်းမာ လာနိုင်ချေရှိတယ်လို့ လည်း ပူတာအိုတော်လှန်ရေး အင်အားစုတွေ ဆီကနေ သိရပါတယ်။ By – Hope
Read More » -
27 Mayသတင်း
ပူတာအိုမြို့နယ်ထဲမှာ ဆန်ပြတ်လပ်နေပြီး ပြည်သူတွေတစ်ချို့ဆန်ပြုတ်သောက်နေရပြီလို့ဆို
မြစ်ကြီးနား- ပူတာအိုလမ်းမကြီး သွားလာခွင့်ပိတ်ထားတာ၂ လကျော်ကြာလာတာနဲ့အမျှ ပူတာအိုမြို့နယ်ထဲမှာ ဆန်ပြတ်လပ်မှုကြုံတွေ့နေကြရပြီး ဒေသခံတစ်ချို့ ဆန်ပြုတ်သာစားနေရကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ပူတာအိုမှာ ဆန်ပြတ်လပ်မှုတွေရှိနေတဲ့အပြင် ဒေသထွက်ဆန်တွေဟာဆိုရင်လည်း ဈေးကြီးပေးဝယ်စားနေရတဲ့အတွက် ဆန်ပြုတ်ကိုသာစားနေရတဲ့ ဒေသခံတွေရှိနေပြီဖြစ်တယ်လို့ ပူတာအိုဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ “တစ်ချို့ကျတော့လည်း ရှိတဲ့ဟာလေးတွေကိုရောင်းပြီး ဆန်ဝယ်စားတာတွေ ခက်ခက်ခဲခဲဖြေရှင်းနေကြတာ တွေရှိတယ်။ တစ်ချို့တစ်ချို့ဆိုရင်တော့ ထမင်းတောင်မချက်စားနိုင်တော့ဘူးလေ၊ ဆန်ပြုတ်လေးတွေ ချက်ပြီးမှ ဆန်ပြုတ်တွေသောက်ပြီး ဖြတ်သန်းနေကြတာတွေလည်းရှိတယ်လေ၊ အဓိကတော့ ဒီလမ်းမြန်မြန် ဖွင့်ပေးစေချင်တာပေါ့” လို့ပြောပါတယ်။ ပူတာအိုမှာ လက်ရှိဒေသဆန် တစ်ပုံး ၁ သိန်းခွဲ၊ ဓာတ်ဆီတစ်ပုလင်း ၈ သောင်းဝန်းကျင်၊ အိုင်အိုဒင်းဆားတစ်ထုပ် ၅ထောင်ကျပ်၊ မာမီးခေါက်ဆွဲတစ်ထုတ် ၂ထောင်ကျပ်ထိရှိနေတဲ့အပြင် ကျန်တဲ့ကုန်စိမ်းပစ္စည်းတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတွေလည်း ဈေးတွေသာတက်နေပြီး ဝယ်ယူလို့မရတော့ဘူးလို့ ဆိုပါတယ်။ အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် ကုန်စည်တွေပြတ်လပ်မှုတွေလည်း ရှိနေတဲ့အတွက် ငွေကြေးတတ်နိုင်ပေမယ့် ဝယ်လို့မရတော့ဘူးလို့ မချမ်းဘော့က ဒေသခံအမျိုးသားတစ်ယောက်က ခုလိုပြောပါတယ်။ “ပိုက်ဆံကလည်း တန်ဖိုးမရှိတော့ဘူးလေ၊ အခုဆို ဆိုင်တွေမှာ တစ်ထောင်နှစ်ထောင်နဲ့ ဘာမှမရတော့ဘူးလေ အကုန် တစ်သောင်းနှစ်သောင်းအထက်ဘဲဖြစ်ကုန်ပြီလေ၊ ကလေးတွေအတွက် မုန့်ဆိုတာတောင် မရှိတော့ဘူး။ ဆန်တွေဆိုရင်လည်း ၁ သိန်းနဲ့တောင်မရတော့ဘူး၊ မချမ်းဘော့မှာဆို…
Read More » -
25 Mayသတင်း
စက်သုံးဆီအခက်အခဲကြောင့် ပူတာအိုမှာဖုန်းလိုင်းအများပိုင်းပြတ်တောက်နေ
ကချင်ပြည််နယ် ပူတာအိုမြို့နယ်မှာ စက်သုံးဆီအခက်အခဲကြောင့် တာဝါတိုင်မှာဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းအများပိုင်းပြတ်တောက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ စစ်ရေးအခြေအနေကြောင့် မြစ်ကြီးနား– ပူတာအိုကားလမ်းပိတ်ထားတာ ၂ ကျော်ကြာလာချိန် စက်သုံးဆီတွေအဝင်ရပ်တန့်နေတာကြောင့် MPT/ MYTEL တာဝါတိုင်တွေမှာဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းပြတ်နေတာ ၂ ပတ်နီးပါးရှိလာပြီဖြစ်တယ်လို့ ပူတာအိုမြို့ခံ အသက် ၅၄ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။ “ဆီမရှိတော့တာဝါတိုင်တွေမလည်ပတ်နိုင်တော့ဘူးအဲ့ကြောင့်ဖုန်းလိုင်းတွေပြတ်တောက်နေတာ အခု MPT နဲ့ Mytel ကတော့ ပြတ်နေတာကြာပြီ ၂ပတ်လောက်ရှိပြီ အခု အော်ရီဒူးကအချိန်ပြည့်ရတယ်ပြောရမယ် တေလီနော(ATOM) ကတော့ မနက်ပိုင်း ခနလာတယ် ညမှာလာတယ်ပြီးရင် တစ်နေကုန်လိုင်းပျောက်တယ်”လို့သူကပြောပါတယ်။ လက်ရှိ ပူတာအိုမြို့နယ်မှာ MPTနဲ့ Mytel လိုင်းတွေပြတ်တောက်နေတာ ၂ ပတ်ကျော် ကြာနေပြီဖြစ်ပြီး အော်ရီဒူးနဲ့ Atom လိုင်းနှစ်ခုသာရတော့ပေမယ့် Atom ကတော့ အချိန်ပိုင်းနဲ့ပေးနေသေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “တယ်လီနော(ATOM)ကတော့ EPC ကမီးနဲ့ရတယ်ပြောတယ် လုံးစွတ်ရပ်ကွက်မှာEPC က မီးပေးတဲ့ချိန် တယ်လီနောလိုင်းရတယ် လုံးစွတ်မီးပျက်တာနဲ့တေလီနောလိုင်းက ပြတ်ပြီ”လို့ နောက်ထပ် အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ လက်ရှိအချိန်ပိုင်းနဲ့ဖွင့်ပေးတဲ့ Atomဖုန်း လိုင်းဟာ လုံးစွတ်ကိုမီးပေးတဲ့ မနက် ၅ နာရီ ကနေ့ ၁၁ နာရီထိရပြီး ည ၈ နာရီလောက်ကနေ ည ၁နာရီ လောက်အထိ ဖုန်းလိုင်းဖွင့်ပေးတယ်လို့ သိရပါတယ်။ ကားလမ်းပိုင်း ၂ လကျော်ကြာပိတ်ခံထားရတဲ့ ပူတာအိုဒေသမှာ အခြေခံစားသောက်ကုန်တွေအဆမတန် စျေးမြင့်တက်နေသလို စက်သုံးဆီတွေလည်းပြတ်တောက်နေပြီး ဆီလက်ကျန်သိုလောင်ရောင်းချနေသူတွေလည်း ဓာတ်ဆီတစ်လုံး ကျပ် ၈ သောင်းဝန်းကျင်၊ တစ်ပေပါ ကျပ်သိန်း ၁၀၀ အထိစျေးရှိနေတယ်လို့ သိရပါတယ်။ ခုလိုဖုန်းလိုင်းတွေပြတ်တောက်ပြီး အင်တာနက်လိုင်းဖွင့်လို့မရတော့တဲ့အတွက် ပူတာအိုဒေသခံတွေကြား ကောလဟာလသတင်းအမှားတွေအမျိုးမျိုးပျံ့နှံ့နေပြီး သတင်းအမှန်သိရဖို့ ခက်ခဲနေတယ်လို့ ပူတာအိုဒေသခံတွေ ပြောပါတယ်။ “လိုင်းလည်းမရတော့သတင်းလည်းကြည့်မရဘူး ဟိုလူကတစ်မျိုးပြောလိုက်ဒီလူကတစ်မျိုးပြောလိုက်တဲ့တချို့က ၂၆ ရက်နေ့နောက်ဆုံးထားပြီးရွေ့ရမယ်တဲ့တချို့ကတော့ရွေ့စရာမလိုဘူးတဲ့ ရွေ့တဲ့လူကရွေ့သွားကြပြီမရွေ့တဲ့လူကမရွေ့ဘူးသတင်းကအမျိုးမျိုးပျံ့နေတာ”လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ် ။ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့နောက်ပိုင်း ပူတာအိုမှာဒေသခံတွေ မေလ ၂၆ ရက်နေ့နောက်ဆုံးထားပြောင်းရွေ့ရမယ်ဆိုတဲ့သတင်းအမှားများလည်း ထွက်ပေါ်နေပြီး ဒေသခံတစ်ချို့ ပြောင်းရွေ့သွားကြသူတွေရှိနေပါတယ်။ အဲ့ဒီသတင်းနဲ့ပတ်သက််ပြီး ပူတာအိုမြို့နယ်ထဲက ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံဦးစောနွဲ့ခွန်ဆိုင်ခမ်းက ဟောလဟာလသတင်းသာဖြစ်ပြီး ပူတာအိုမြို့ခံပြည်သူတွေအနေနဲ့ မိမိအိမ်မှာပဲနေကြဖို့ ပြောဆိုပါတယ်။ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို လက်ရှိစစ်ကောင်စီတပ်ကပိတ်ထားတာဖြစ်ပါတယ်။ ကုန်ကြောင်းပိတ်ထားပြီ ဒေသခံတွေအတွက်လိုအပ်နေတဲ့ အခြေခံစားသောက်ကုန်တွေနဲ့လယ်ထွန်ဖို့ဒီဇယ်ဆီကိုတော့ လေယာဥ်နဲ့ သယ်ယူရောင်းချပေးပေမယ် ပြည်သူတွေနေ့စဥ်ဘဝမှာမရှိမဖြစ်လိုနေတဲ့ ဓာတ်ဆီတွေကို သယ်ယူပေးတာမရှိသလို အဝင်လည်းမခံဘူးလို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ပူတာအိိုဒေသမှာ ဓာတ်ဆီတွေအဝင်မရှိအောင်တားမြစ်ပြီးတော့ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ဆီကုန်သည်တွေ ဆီဒိုင်တွေနဲ့ပေါင်းပြီး စီးပွားရှာနေတာဖြစ်တယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံဦးစောနွဲ့ခွန်ဆိုင်ခမ်းကအခုလိုပြောပါတယ်။ “ပူတာအိုမှာ အာဏာရှိသူတွေခရိုနီလောက်ကောင်တွေနဲ့ပေါင်းပြီးလုပ်စားနေတာဗျ ပူတာအိုလမ်းပိတ်တာနဲ့ဆီဆိုင်တွေကဆီကုန်ပြီဆိုပြီးပုလင်းနဲ့ပဲရောင်းတော့တာ ဒါပေမယ့်အခုထိဆီတွေရောင်းနေကြတုန်း ဗျ ညညဆိုပေပါလိုက်ခိုးထုတ်ရောင်းနေကြတာ အချိန်ရောက်လာရင်တော့အခု စကစနဲ့ပေါင်းပြီးလုပ်စားနေတဲ့ ဆီဒိုင်တွေ၊ခရိုနီတွေအားလုံးကျနော်တို့နဲ့ရှင်းရလိမ့်မယ်စာရင်းတွေပြုစုထားပါတယ်”လို့ သူကပြောပါတယ်။ လက်ရှိ ပူတာအိုမှာ ဓာတ်ဆီပြတ်လပ်နေတဲ့အတွက် လုပ်ငန်းရှင်တစ်ချို့က တရုတ်ပြည်နယ်စပ်ကနေ ရှိန်းခေါင် –ခေါင်လန်ဖူးလမ်းကြောင်းအတိုင်း ပူတာအိုအထိသယ်လာပြီးသက်သာနဲ့စျေးနဲ့ရောင်းချဖို့ ကြိုးပမ်းခဲ့ပေမယ့် ခေါင်လန်းဖူးနဲ့ ပူတာအို ကြားက ရီဒမ်းစစ်ကောင်စီတပ်ဂိတ်ကနေဖြတ်သန်းခွင့်မပေးပဲ တားမြစ်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကို ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် မေလ ၈ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ KIA နှစ်ဖက်တပ်တွေက ပိတ်ထားခဲ့တာဖြစ်ပါတယ်။ By – Zaw…
Read More » -
23 Mayသတင်း
ပူတာအိုမှာ စစ်ကောင်စီက Smart Card စတင်လုပ်ပေးနေ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီက စမတ်ကဒ်လို့ခေါ်တဲ့ UID ကဒ်ကို စတင်လုပ်ပေးနေပြီလို့သိရပါတယ်။ စစ်ကောင်စီရဲ့ Electronic Identification ( E-ID) စနစ်ကနေ ပေါ်ထွက်လာတဲ့ စမတ်ကဒ် (ခေါ် ) UID စလစ်ကို ပူတာအိုဒေသခံတွေက ဧပြီလ လကုန်ပိုင်းကတည်းကစလုပ်ပေးနေပြီလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုတ်တယ် ၄ လပိုင်းကုန်ကတည်းကနေ စလုပ်ပေးနေပြီ အဓိကတော့ ကျောင်းသား၊သူတွေ မဖြစ်မနေလုပ်ရမယ့်သဘောမှာရှိတယ်”လို့ ပြောပါတယ်။ E-ID ဆိုတာ နိုင်ငံတွင်းမှာနေထိုင်သူတွေအားလုံး ကိုယ်ရေးအချက်လက်ဖောင်ဖြည့်ခိုင်းပြီး ဓါတ်ပုံရိုက်၊လက်ဗွေနှိပ်၊မျက်စိစကမ်ဖတ် (Scan) အစရှိတဲ့ ဇီဝအချက်အလက် ကိုယ်ရေးအချက်လက်ကောက်ယူမှတ်ပုံတင်ထားတာဘဲဖြစ်ပါတယ်။ ဒီစမတ်ကဒ်ဟာ မှတ်ပုံတင်အလားတူ ကိုယ်နယ်စပ်ဖြတ်ကျော်တာ၊နိုင်ငံကူးလက်မှတ်ပတ်စ်ပို့လုပ်တဲ့အခါ မဖြစ်မနေလိုအပ်တဲ့ကဒ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိပူတာအိုဒေသကနေ ပြည်ပကိုကျောင်းသွားတက်မယ့်လူငယ်တွေ၊ စစ်ကောင်စီအစိုးရနဲ့ချိတ်ဆက်ပြီးပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေတဆင့်ပြည်ပသွားရောက်အလုပ်သွားလုပ်မယ့်လူငယ်တွေနဲ့ အစိုးရဝန်ထမ်းတွေ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ စမတ်ကဒ်ကိုလုပ်နေကြပြီလို့ ဒေသခံတွေကဆိုပါတယ်။ “ဘယ်မှမသွားမလာ ဒီမှာပဲနေမယ့်သူတွေကတော့လောလောဆယ်မလုပ်လည်းရတယ်အေးဆေးပဲ ဒါပေမယ့် Non CDM တွေ ပြီးရင် စက်မှုတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေနဲ့ တခြားပေါ့ပြည်ပကိုကျောင်းတက်ဘာတက်အလုပ်သွားလုပ်တဲ့သူတွေကတော့မဖြစ်မနေကိုလုပ်ရတာ မလုပ်လို့မရဘူး သွားဖို့ဆိုရင်ပေါ့”လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။ အဲ့ဒီစမတ်ကဒ်တွေကို ပူတာအိုမြို့နယ် လ.ဝ.က ရုံးကနေပြုလုပ်ပေးနေတာဖြစ်ပြီး လူတစ်ဦးချင်းစီရဲ့ကိုယ်ရေးအချက်အလက်ကို လ.ဝ.ကရုံးမှာတင်သိမ်းဆည်းထားတာမျိုးမဟုတ်ပဲ ကွန်ပျူတာဆာဗာမှာထည့်သွင်းသိမ်းဆည်းရတာကြောင့် ခုရက်ပိုင်း ဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေလို့ ရက်ပိုင်းရပ်နားထားတယ်လို့လည်းသိရပါတယ်။ “အခုက ပြည်ပကျောင်းသွားထားတာတို့ အလုပ်သွားလုပ်ခိုင်းတာတို့ဆိုရင်ဒီစမတ်ကဒ်ရှိမှရတယ်ကော မှတ်ပုံတင်တောင်အဲ့လောက်အရေးမပါတော့ဘူး သမီးတစ်ယောက်ထိုင်ဝမ်ကို ကျောင်းထားမလို့တရုတ်ကျောင်းတက်ဖို့အပ်တာ စမတ်ကဒ်အရင် လုပ်ရမယ်တဲ့အဲ့တာမရှိရင်မရဘူးတဲ့ အ့ကြောင့်မလုပ်သေးပဲခြေနေစောင့်နေတာ သူတို့က အင်တာနက်ရမှလုပ်လို့ရတယ်တဲ့ အင်တာနက်လိုင်းတောင် MPT လိုင်းရမှပဲတဲ့တခြားဖုန်းလိုင်းတွေနဲ့လုပ်မရဘူးMPT ကအခုလိုင်းပျောက်တာတစ်ပတ်လောက်ရှိပြီ MPT လိုင်းရမှလုပ်ပေးမယ်ပြောတယ်တဲ့”လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပူတာအိုဒေသက ဒေသခံတွေမှတ်ပုံတင်အစား စမတ်ကဒ်တွေပြုလုပ်ကြဖို့စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ /ရပ်ကျေးတာဝန်ရှိသူတွေကနေတဆင့်ပြည်သူတွေဆီကို ဒီနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကနေစအသိပေးထားခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
21 Mayသတင်းဆောင်းပါး
စံချိန်တင် ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ပူတာအိုမြို့
ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာ ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ပိတ်ထားတာ နှစ်လကျော် ကြာမြင့်လာတာနဲ့အမျှ ပူတာအို ဒေသမှာ စံချိန်တင် ကုန်စျေးနှုန်းမြင့်တင်ပြီး ဒေသခံတွေ အဆိုးရွားဆုံး ခက်ခဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။ မတ်လ ၈ ရက်နေ့ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ပူတာအိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ကားလမ်းပိတ်ခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။ နှစ်လကျော်ကြာ ကားလမ်းပိတ်ခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ပူတာအိုဒေသမှာ အခြေခံ စားသောက်ကုန်၊ စက်သုံးဆီ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်လာပြီး ဒေသခံတွေရဲ့ လူနေမှုဘဝ တစ်နေ့တခြား ပိုမိုခက်ခဲလာနေတယ်လို့ ပူတာအိုမြို့ လုံးစွတ် ရပ်ကွက်နေ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးက KNG ကို အခုလို ပြောပါတယ်။ “ပူတာအိုဒေသအတွက် ကတော့ ဒါဟာ ဘယ်ခေတ်ဘယ်အခါမှ မကြုံဖူးခဲ့တဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုရမှာပဲ။ ဘာလို့ဆိုအရင်က ကားလမ်းတွေဘာတွေပိတ်တာမျိုးရှိပါတယ်။ NLD လက်ထက်မှာတုန်းကလည်း ကြုံခဲ့ရတယ် ဒါပေမယ့်အဲ့တုန်းက အနီးစပ်ဆုံး ဆိုရင် ဓာတ်ဆီတစ်ပုလင်း ၁၂၀၀၀ အလွန်ဆုံးစျေးတက်ခဲ့တယ်။ သွားသွားလာလာရသေးတယ် အခုဟာက အထိန်းအကွပ် မရှိတော့ဘူး။…
Read More » -
21 Mayသတင်း
မဂွမ်ရိမ်ဒူနော်အမှု တရားမျှတမှုရအောင်ဖြေရှင်းပေးမယ့် သက်ဆိုင်သူအားလုံးကိုစောင့်ကြည့်နေတယ်လို့ ပူတာအိုလူငယ်တွေပြော
ပူတာအိုမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကိုထိရောက်စွာ အရေးယူပေးဖို့ သက်ဆိုင်သူတွေကိုစောင့်ကြည့်နေမယ်လို့ ပူတာအိုလူငယ်တွေက ပြောပါတယ်။ မဂွမ်ရိမ်ဒူနော်ကို ရက်ရက်စက်စက်မုဒိန်းပြုကျင့်သတ်ဖြတ်ခဲ့သူ တရားခံတစ်ဦးဝန်ခံထားပြီဖြစ်ပြီး လက်ရှိမှာသက်ငယ်မဒိန်းမှုနဲ့ လူသတ်မှုပုဒ်မနှစ်ခုနဲ့ ခရိုင်အဆင့်စစ်ဆေးဖို့ ပြင်ဆင်နေပြီဖြစ်သလို ဒီပြစ်မှုနဲ့ပတ်သက်ဆက်နွယ်သူတွေကိုလည်း စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့ ဒေသခံလူငယ်တွေဆီကနေ သိရပါတယ်။ “မဒူနော်အမှုနဲ့ပတ်သက်ပြီး တရားခံကို လူသတ်မှုနဲ့ သက်ငယ်မဒိန်းမှု ဒီပုဒ်မ ၂ ခုနဲ့ ခရိုင်အဆင့် အမှုတည်ဆောက်ထားပြီသိရတယ်။ ဒါနဲ့ပတ်သက်ပြီး ခရိုင်က အကြီးဆုံး တရားသူကြီးလည်း ရောက်နေပြီလို့ ပြောတယ်။ အခုက မျက်မြင်သက်သေတွေကိုလည်း စုံစမ်းစစ်ဆေး ဖော်ထုတ်နေဆဲဖြစ်တယ်။” လို့ ပူတာအို ဒေသခံတစ်ဦးကပြောပါတယ်။ မုဒိန်းမှုကျူးလွန်သူကို တရားစီရင်ပေးဖို့၊ သေမိန့်ချပေးဖို့ဆိုပြီး ပြည်သူ့စစ်နဲ့ရဲတွေကို ပြောဆိုထားတာတွေရှိပေမဲ့ မေလ ၂၀ ရက်နေ့အထိတော့ ဒီအမှုဟာတရားရုံးထဲမရောက်ရှိသေးပဲ အမှုထဲပါဝင်ဆက်နွယ်သူတွေ၊ မျက်မြင်သက်သေတွေကို စုံစမ်းဖော်ထုတ်နေဆဲ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။ ဒေသခံတွေကတော့ ဒီအမှုကို တရားမျှတမှုရအောင် ဖြေရှင်းပေးဖို့ ဆန္ဒရှိနေပြီး အမှုဖြေရှင်းပေးမဲ့ သက်ဆိုင်သူတွေစောင့်ကြည့်နေတယ်လို့ ပြောဆိုပါတယ်။ “ဟိုတစ်နှစ်က စစ်တပ်ကို ဆန့်ကျင်လို့ ပူတာအိုက ဒေသခံလူငယ်တွေကို ဖမ်းဆီးတုန်းကဆိုရင် လက်ထိပ်ခတ်တာတွေထိလုပ်ပြီး အခု ဒီမုဒိန်းကောင်ကို ဖမ်းထားရာမှာတော့ ဘာရိုက်နှက်တာတွေလည်း မရှိဘူး။ အပျော်ပဲ အချုပ်ထဲမှာရှိနေတာ။ ဘာဒဏ်ရာဒဏ်ချက်မှ မရှိဘူး။ လက်ထိပ်ခတ်တာလည်း မရှိဘူး။ ဒါကြောင့် ဒေသခံတွေ အရမ်းစိတ်တိုနေတယ်။ ဒါက ဒေသခံတွေကို စော်ကားတာနဲ့အတူတူပဲ။ ရဝမ်ရိုးရာလူကြီးတွေလည်း ဒီအမှုကို တရားမျှမျှတတ လုပ်ဆောင်မလား၊ မလုပ်ဘူးလားဆိုတာကို စောင့်ကြည့်နေမယ်။ ဒီရဲတွေကို စောင့်ကြည့်နေတယ်။ ကောင်းကောင်းမလုပ်ကြည့်ဆိုပြီး အားလုံးက ကျိန်းဝါးနေကြတယ်။” လို့ နောက်ထပ် ပူတာအိုဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ဟာ မိခင်ဖြစ်သူနဲ့အတူ မုန်ညှင်းဆီသွားကြိတ်ရာ မိခင်ဖြစ်သူက မုန်ညှင်းဆီကြိတ်တဲ့နေရာမှာနေခဲ့ပြီး သူမတစ်ယောက်တည်း နေအိမ်ကိုပြန်လာချိန် လူပြတ်တဲ့လမ်းခုလတ် သက်ကယ်တောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီနောက် မေလ ၁၂ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူကို ဒေသခံလူငယ်တွေနဲ့ ရဝမ်ရိုးရာအဖွဲ့တွေ ခြေရာခံဖမ်းဆီးမိခဲ့ပြီး ရဲလက်ထဲချက်ချင်းအပ်ခဲ့တယ်လို့ ပြောပါတယ်။ မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့သူဟာ အသက် ၂၄ နှစ်ဝန်းကျင်ရှိ ကိုကျော်သူရကို ဆိုသူဖြစ်ပြီး မန္တလေးကနေ ပူတာအိုမှာ စတီးသံပန်းနဲ့ပရိဘောဂဆိုင်မှာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။ အဲဒီပြစ်မှုကျူးလွန်သူဟာ သေဆုံးသွားသူ မိန်းကလေးရဲ့ဖုန်းကို ဖုန်းဆိုင်တစ်ဆိုင်မှာ ရောင်းထားရာကနေ ဒေသခံတွေခြေရာခံမိသွားတာဖြစ်ပြီး သူရဲ့ဆိုင်ကယ်ခြေနင်းခုံမှာလည်း သွေးတွေပေနေတာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် မေလ ၁၂ ရက်နေ့မှာ ရှာတွေ့တဲ့ပြစ်မှုကျူးလွန်သူနဲ့အတူနေနေတဲ့ အမျိုးသားတွေကိုလည်း ရဲစခန်းကို ပို့ထားတာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူရဲ့ပြောဆိုချက်အရ ဒီပြစ်မှုကို သူတစ်ယောက်တည်းသာ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ပေမဲ့ အမှုခင်းနေရာနဲ့ သေဆုံးသူရဲ့အခြေအနေကို ကြည့်ခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်တည်း ကျူးလွန်ခဲ့တဲ့အခြေအနေမပေါ်လွင်တာကြောင့် အမှုဆက်လက်ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ရဝမ်လူငယ်ခေါင်းဆောင်တွေဘက်က ပြောဆိုပါတယ်။ မေလ ၁၃ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရေးအပြင် ပူတာအိုမှာသက်ငယ်မုဒိန်းပပျောက်ရေးနဲ့ အမျိုးသမီးတွေဘေးကင်းလုံခြုံရေးအတွက် ဒေသခံလူဦးရေ ၅,၀၀၀ ခန့် လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ပြည်သူ့စစ်ဘက်ကလည်း အင်အား ၁၀၀ ခန့်နဲ့ လုံခြုံရေးယူပေးခဲ့ပါတယ်။ ပူတာအိုလိုနေရာမျိုးမှာ ဒေသခံတွေသီးသန့်နေခဲ့တဲ့အချိန်က အခုလိုမုဒိန်းမှုဖြစ်ရပ်တွေမရှိခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေ့ပြောင်းအလုပ်သမားတွေ ပေါ်များလာပြီးနောက် အခုလို မုဒိန်းမှုတွေများပြားလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဒီအကြိမ်ဟာ မိန်းကလေးငယ်ကို ရက်ရက်စက်စက် မုဒိန်းကျင့်ထားတယ်။ ခြေထောက်တွေလည်း ရိုက်ချိုးထားတယ်။ လည်ပင်းမှာ ကြိုးတုတ်ရာတွေနဲ့ သနားစရာလေး။ ရက်ရက်စက်စက် သတ်ဖြတ်ထားတာ ဟုတ်တယ်။ ဒီအကြိမ်က လုံး၀ ယူကျူံးမရ ခံစားကြရတာဖြစ်တယ်။ အရှေ့တစ်ခေါက်တွေမှာလည်း သက်ငယ်မုဒိမ်းအမှုတွေရှိတယ်။ ဒါပေမဲ့ ထောင်ချတယ် ဒီလောက်နဲ့ ပြီးစီးတယ်။ ဒေသခံတွေပဲ သီးသန့်နေခဲ့ချိန်က ဒီလိုဖြစ်ရပ်မျိုးတွေမရှိခဲ့ဘူး။” လို့ ပူတာအိုဒေသခံလူငယ်တစ်ဦးက ဆက်ပြောပါတယ်။ ပူတာအိုမှာ သက်ငယ်မုဒိန်းမှုဆက်တိုက်ဖြစ်လာနေပြီး ရှေ့တစ်ခေါက်တွေမှာလည်း တရားခံတွေကို ထောင်ဒဏ်ချခဲ့တာတွေရှိပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်ရဲ့ဖြစ်စဉ်ဟာ ပူတာအိုမှာ ပထမဆုံး ရက်စက်စွာ သတ်ဖြတ်မှုနဲ့ မုဒိန်းပြုကျင့်မှုလုပ်ရပ်ဖြစ်ခဲ့ပါတယ်။ လက်ရှိ ပူတာအိုမှာ စစ်ရေးအခြေအနေအရ ကားလမ်းပိတ်ထားတာကြောင့် ထွက်စရာလမ်းမရှိ၊ ပြန်စရာလမ်းမရှိဘဲ ပူတာအိုမှာပိတ်မိပြီး အလုပ်အကိုင်မရှိသူတွေများစွာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
17 Mayသတင်း
ပူတာအိုမှာ တောင်သူတွေအတွက် ဒီဇယ်ဆီခွဲတမ်းစနစ်နဲ့ စတင်ရောင်းချပေး
ကချင်ပြည််နယ် ပူတာအိုမြို့နယ်အတွင်း လယ်ယာမြေထွန်ယက်မယ့်တောင်သူတွေအတွက် ဒီဇယ်ဆီခွဲတမ်းစနစ်နဲ့စတင်ရောင်းချပေးနေပြီလို့ ပူတာအိုမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့ မေလ ၁၆ရက်နေ့ မနက်ပိုင်းကနေစပြီး လယ်ယာမြေထွန်းယက်မယ့် ပူတာအိုမြို့ပေါ်ပြည်သူတွေနဲ့ မြို့နယ်အတွင်းကကျေးရွာနေပြည်သူတွေကို စစ်ကောင်စီတပ်က လယ်တစ်ဧက ဒီဇယ်တစ်ဂါလံနှုန်းနဲ့ စတင်ရောင်းချပေးနေတာလို့ ပူတာအိုခံအမျိူးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကောင်စီက ဒီဇယ်ရောင်းပေးနေတာဟုတ်တယ် လယ်တစ်ဧကကိုတစ်ဂါလံနှုန်းပဲရောင်းပေးတယ် အဲ့ဒါတောင်လယ်ပြေစာပြမှရတာ ပြေစာမရှိရင်တော့မရဘူးဗျ လယ်တစ်ဧက ကိုတစ်ဂါလံဆိုရင်တော့ဘယ်လောက်မလဲ မလောက်တော့မလောက်ဘူးလေ”လို့ သူကပြောပါတယ်။ ပူတာအိုမှာ ပုံမှန်အားဖြင့် ဒီဇယ်တစ်ဂါလံကို ၁၈၀၀၀ ကျပ်ရှိပြီီး လက်ရှိ စစ်ကောင်စီက တစ်ဂါလံကို ကျပ် ၁၆၀၀၀ နှုန်းနဲ့ရောင်းချပေးနေပေမယ့် ကန့်အသတ်နဲ့သာရောင်းပေးတာကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ တောင်သူတွေက စက်သုံးဆီ လုံလောက်မှုမရှိဘူးလို့ဒေသခံတွေ ဆိုပါတယ်။ “စျေးကတော့နည်းနည်းသက်သာသွားတာပေါ့ ဒါပေမယ့် တစ်ဂါလံက လယ်တစ်ဧကထွန်ဖို့မလောက်ဘူး အနည်းဆုံးတစ်ဧကကို ၂ဂါလံ တော့ကုန်တယ် နှစ်ဂါလံမကုန်ရင်တော့ နှစ်ဂါလံနီးနီးတော့ကုန်တယ်ဗျ တစ်ဂါလံနဲ့ကတော့ဘယ်လိုမှမလောက်ဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ခွဲတမ်းစနစ်နဲ့ဝယ်ယူနေရတဲ့ ဒီဇယ်စက်သုံးဆီတွေကို ပူတာအိုမြို့တွင်းက ဆီပန့်အရောင်းဆိုင်ကြီးတွေကနေတဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးတာဝန်ရှိသူတွေက ကြီးကြပ်ပြီးရောင်းချပေးနေတယ်လို့သိရပါတယ်။ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကို ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကစ စစ်ရေးအခြေနေကြောင့် နှစ်ဖက်လက်နက်ကိုင်တွေ ပိတ်ထားရာကနေ ဧပြီလ လကုန်ပိုင်းမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ဒေသခံတောင်သူတွေလိုအပ်နေတဲ့ စက်သုံးဆီတွေကို ကားလမ်းကနေ သယ်ယူခွင့်ပြုကြဖို့ ငြိမ်းချမ်းရေးအကျိုးဆောင် ( PCG ) ကနေတစ်ဆင့် စစ်တပ်ကို ညှိနှိင်းခဲ့ပေမယ့် စစ်တပ်ကခွင့်ပြုခြင်းမရှိခဲ့ပါဘူး။ အဲဒီနောက် မေလ ၇ ရက်နေ့ကစ ဒေသတွင်းတောင်သူတွေအတွက်လယ်ထွန်ဖို့ လိုအပ်နေတဲ့ ဒီဇယ်ဆီတွေကို စစ်ကောင်စီတပ်က Y8 လေယာဥ်နဲ့တင်ဆောင်ပြီး အခုလိုရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ မြစ်ကြီးနား ပူတာအို ကားလမ်းပိုင်းပိတ်ထားချိန် ၂လ ကျော်ကြာမြင့်လာချိန် ပူတာအိုမြို့မှာ ဓာတ်ဆီတွေပြတ်တောက်နေပေမယ့် ဆီပန့်ဆိုင်ကြီးတွေအချို့ကဆီလက်ကျန်တွေကိုမှောင်ခိုးရောင်းချတာတွေရှိနေပြီး တစ်ပေပါကျပ်သိန်း ၁၀၀ ကျော် တစ်ပုလင်းကျပ် ၇၀၀၀၀ ကနေ ကျပ် ၁၀၀၀၀၀ အထိပေါက်စျေးရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။ ပူတာအို မြစ်ကြီးနားကားလမ်းပိုင်း မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာမတ်လ ၈ ရက်နေ့ကနေစလို့တိုက်ပွဲတွေစဖြစ်ပွားလာရာကနေ ကားလမ်းပိတ်ထားတာဖြစ်ပါတယ်။ လက်ရှိချိန် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့ကို KIA သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်နက်ကိုင် ၂ ဖွဲ့အကြား စစ်ရေးတင်းမာနေဆဲဖြစ်သလို ပူတာအိုမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ဒေသခံတစ်ချို့ မြို့စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။…
Read More » -
15 Mayသတင်း
KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသေးတာကြောင့် ဒေသခံများနေရပ်ပြန်ဝင်ခွင့်မရသေး
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူများနေရပ်ပြန်လို့မရသေးဘူးလို့ ဆွမ်ပရာဘွမ်ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီး တိုက်ပွဲကာလ ၂ အတွင်းမှာ စစ်ကြွင်းစစ်ကျန် လက်နက်၊ ဗုံးများကို ရှင်းလင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်လက်ကျန်လက်နကဗုံးတွေအားလုံးရှင်းလင်းပြီးနောက် KIA ကနေရပ်ပြန်လာဖို့ပြောမှသာ ပြန်ဖို့ပြင်ဆင်ထားတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံတွေ ပြောပါတယ်။ “အခုချက်ချင်းပြန်ဖို့တော့ ခက်အုံးမယ် ၂ လလုံး အကြီးအကျယ် တိုက်ပွဲဖြစ်ထားတာဆိုတော့ ရှင်းလင်းရေးလုပ်ငန်းတွေ မပြီးမချင်း ဒေသခံစစ်ဘေးရှောင်တွေ ပြန်လာနေဖို့တော့ မရလောက်ဘူး။ သက်ဆိုင်ရာကနေမှ ပြန်လာနေလို့ရပြီဆိုပြီးပြောမှ ပြန်လာဖို့။ အခုက ဘယ်သူက ဘာမှမပြောသေးတော့ အကြောင်းစုံ သတိထားရအုံးမယ့်အနေအထားဖြစ်တယ်”လို့ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးကပြောပါတယ်။ တိုက်ပွဲကာလ နှစ်လကြာမြင့်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းအပြင်းအထန်အသုံးပြုခဲ့တာကြောင့် အရပ်သားနေအိမ် ၁၀ အိမ်ထက်မနည်း ပျက်စီးသွားတဲ့အပြင် ဒေသခံပြည်သူတွေက မြို့ထဲမှာ လုံခြုံရေးအခြေအနေအရသတိထားရမယ့် အခြေနေရှိနေသေးတဲ့တွက် တောတောင်၊ ကျေရွာတွေထဲမှာပဲ ဆက်ပြီးခိုလှုံနေကြရတာဖြစ်ပါတယ်။ ဆွမ်ပရာဘွမ်အခြေစိုက်စစ်ကောင်စီဗျူဟာတပ် ခလရ ၄၆ တပ်ရင်းကို KIA ပူးပေါင်းတပ်က မေလ ၄ ရက်နေ့ မနက် ၆ နာရီကစပြီး တစ်ဖန်ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ခုခံနိုင်စွမ်းမရှိတော့တာကြောင့် တပ်ရင်းမှူး ၂ ဦးနဲ့အတူ တပ်သားတချို့ ထွက်ပြေးသွားပြီး မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲကာလ ၂ လအတွင်း စစ်ကောင်စီတပ်ဘက်က အစာရေစာရိက္ခာပြတ်လပ်ပြီး ငှက်ပျောအူတွေသာ စားနေရတဲ့အခြေအနေရှိတာကို တွေ့ရှိခဲ့ရသလို စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၀ ကျော် သိမ်းဆည်းရမိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာပါဝင်ခဲ့တဲ့ KIA တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ “အခုအခြေအနေအရတော့ ဝမ်းသာတယ်။ ဟိုတလောကတော့ တိုက်ပွဲဝင်နေပြီ၊ စခန်းသိမ်းပွဲစနေပြီဆိုပြီး သတင်းတွေကတော့ကြားနေပေမဲ့ သိမ်းပြီ၊ နိုင်ပြီဆိုပြီး မကြားရမချင်းတော့ လည်ပင်းထဲတစ်ခုခုနင်နေသလို ခံစားရတယ်။ အခုနိုင်ပြီဆိုတဲ့နောက်ဆက်တွဲ ကျနော်တို့ အရမ်းကြိုးစားယူရမယ်လို့ မြင်တယ်။ သတိထားရမယ့်အရာတွေ လုံခြုံရေး–စတာတွေပေါ့။ နိုင်ပြီဆိုတော့ ဒေသခံပြည်သူတွေ၊ ကလေးတွေရဲ့ရှေ့ရေးအတွက် ဆက်လက်ပြီး အားစိုက်ပြီး ကြိုးစားရအုံးမယ်။ အခုတော့ ကျောင်းဖွင့်ချိန်ရောက်လာပေမဲ့ ကလေးတွေရဲ့ပညာရေးအတွက် ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူး”လို့ ဆွမ်ပရာဘွမ်ဒေသခံကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကျော်ကစပြီး ဆွမ်ပရာဘွမ်ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက်စခန်းကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ၊ KPF တပ်ပေါင်းစုတွေ စတင်တိုက်ခိုက်ခဲ့ရာ ၂ လနီးပါးအကြာ မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မြောက်ဖျားပိုင်းက စစ်ကောင်စီရဲ့သွေးကြောကြီးတစ်ခုဖြစ်တဲ့ ဆွမ်ပရာဘွမ်ဗျူဟာကုန်းကြီးကို သိမ်းပိုက်လိုက်နိုင်တာကြောင့် လက်ရှိ အဲဒီဒေသက စစ်ကောင်စီတပ်စခန်းတွေကို အလွယ်တကူ တိုက်ခိုက်နိုင်မယ့်အနေအထားရှိသွားပြီလို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
13 Mayသတင်း
ဆွမ်ပီယန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် ဝင်ရောက်တပ်စွဲနေလို့ ဒေသခံတစ်ထောင်ကျော် ထပ်မံတိမ်းရှောင်နေရ
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ ပူတာအိုဘက်ကနေ စစ်အင်အား ၁၀၀ ကျော်လောက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့…
Read More »








