ပူတာအို

  • Jul- 2025 -
    1 July
    သတင်း

    နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ စက်ချို့ယွင်းမှုကြောင့် ပူတာအိုတစ်မြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ လျှပ်စစ်ဓာတ်အား ထုတ်လွင့်ပေးနေတဲ့ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှာ စက်ပိုင်းဆိုင်ရှာချို့ယွင်းမှုတွေဖြစ်နေတာကြောင့် တစ်မြို့နယ်လုံးလျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ သိရပါတယ်။ ပူတာအိုတစ်မြို့နယ်လုံးကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံကို ထိန်းချုပ်ထားတဲ့ ကွန်ပျူတာစနစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်နေတယ်လို့ ပူတာအိုမြို့နယ် EPC ရုံးမှ တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဒီနေ့နဲ့ဆိုရင်တော့သုံးရက်ရှိပါပြီ။ မီးပြတ်တာက စက်ရုံတစ်ခုလုံးက Computer Systerm နဲ့ထိန်းချုပ်ထားတာလေး အဲ့Control room ကနေပျက်သွားတော့ဘာမှလုပ်မရဘူး Systerm တစ်ခုလုံးရပ်သွားတာ ပြင်တော့ပြင်နေတယ်”လို့ သူကပြောပါတယ်။ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံးကိုထိန်းချုပ်ထားတဲ့ ကွန်ပျူတာစနစ်ပျက်သွားတာကြောင့် ဇွန်လ ၂၈ ရက်နေ့ကတည်းက လျှပ်စစ်မီးပြတ်တောက်သွားတာဖြစ်ပြီးအနည်းဆုံးရက်ပေါင်း ၂၀ နီးပါးကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။ “ဒီကလူတွေနဲ့ရသလောက်တော့ပြင်နေတယ် အဲ့တာမှမရရင် ပညာရှင်တွေသီးသန့်ခေါ်ပြီးပြင်ရမှာဗျအနည်းဆုံး ၁၅ ရက် ရက်၂၀ တော့ကြာမယ်ထင်တယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ ပူတာအိုမြို့နယ် EPC ရုံးမှ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ လျှပ်စစ်မီးရက်ရှည် ပြတ်တောက်လာပါက အဓိကအားဖြင့် လျှပ်စစ်မီးကိုအားကိုးနေရတဲ့ Stalink wifi ဖွင့်ထားတဲ့ဆိုင်တွေ၊ရေခဲသေတ္တာအသုံးပြုရတဲ့စားသောက်ဆိုင်တွေ၊Beauty Salon ဆိုင်တွေနဲ့အခြားလျှပ်စစ်မီးသုံးရတဲ့ လုပ်ငန်းတွေအတွက် လည်ပတ်ဖို့အခက်အခဲလာမှာဖြစ်ကြောင်း Starlink wifiဆိုင် ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ကျွန်မတို့ကတော့ Power Station နဲ့ Epc ကမီး နဲ့ ပဲတွဲပြီးလည်ပတ်နေတာ အခုက epcမရဘူးဆိုတော့ ဘာမှလုပ်ရဘူး wifi ဘေလ်ဖိုးလည်းတလစာကမနည်းဘူးအခွန်ကလည်းပေးရသေးတယ်။ သူများလည်းကိုယ်တွေလိုပဲညည်းနေကြတာပါ့”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးကပြောပါတယ်။…

    Read More »
  • Jun- 2025 -
    25 June
    သတင်း

    နောင်မွန်မှာ ဖုန်းလိုင်းအချိန်အကန့်အသတ်ဖြင့်သာဖွင့်ပေး

    ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ ဖုန်းလိုင်းအချိန်အကန့်အသတ်နဲ့ သာဖွင့်ပေးတာကြောင့် ပြည်သူတွေအကြား ဆက်သွယ်ရေးမှာ အခက်အခဲတွေရှိ နေတယ်လို့သိရပါတယ်။ MPT ဖုန်းဆက်သွယ်ရေးလိုင်းတစ်ခုတည်းသာရရှိနေတဲ့ နောင်မွန်မြို့မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလလောက်အထိ ဖုန်းလိုင်းအချိန်ပြည့်ဖွင့်ထားပေးပေမယ့် အဲ့ဒီနောက်ပိုင်း စက်သုံးဆီအခက်အခဲကြောင့်လို့ဆိုကာ အချိန်ကန့်သတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “ဖုန်းလိုင်းက ညဘက်နဲ့မနက်စောစောမှာပဲလိုင်းကကောင်းတယ်။ ပုံမှန်လိုင်းရတဲ့အချိန်မှာ စကားပြောလို့ကြည်တယ်။ ဒါပေမယ့် မနက်နဲ့ညက မဖွင့်ပေးဘူး။ လိုင်းမကောင်းတဲ့နေ့ခင်းဘက်ဆိုရင်တော့ဖွင့်ပေးတယ်။ တစ်ခါတစ်လေ ဖုန်းတောင်ခေါ်မရဘူးနေ့ခင်းဘက်က”လို့ နောင်မွန်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ ဒေသခံတွေပြောတာက ဖုန်းလိုင်းကောင်းတဲ့ မနက်၊ည ဖွင့်ပေးခြင်းမရှိပဲ နေ့ခင်းဘက်အချိန်အကန့် အသတ်နဲ့သာဖွင့်ပေးတာကြောင့် ပြည်သူတွေမှာ ဆက်သွယ်ရေးပိုင်း အခက်အခဲကြုံနေရတယ်လို့ သူကဆက်ပြောပါတယ်။ “ကျမတို့က အရေးကြီးကိစ္စရှိပြီဆိုရင် ဖုန်းလိုင်းဘယ်ချိန်ဖွင့်ပေးမလဲ အဲ့တာပဲစောင့်နေရတာ။ အဲဖုန်းလိုင်းစောင့်တာက အလုပ်တစ်ခုလိုဖြစ်နေတာ ပြီးတော့…

    Read More »
  • 24 June
    သတင်း

    နောင်မွန် – ပူတာအိုလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး ညအိပ်ခရီးဖြင့်သွားလာနေရ

    ကချင်ပြည်နယ်အထက်ပိုင်း နောင်မွန် – ပူတာအိုကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့အတွက် ညအိပ်ခရီးဖြင့်သွားလာနေရတယ်လို့ နောင်မွန်မြို့ခံတွေဆီကနေ သိရပါတယ်။ ဇွန်လဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်မွန်–ပူတာအိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်ဆီးနေပြီး လက်ရှိချိန်ထိပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ညအိပ်ခရီးဖြင့်သွားလာနေရတယ်လို့ နောင်မွန်မြိုအခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ကုန်ကားကြီးတွေတော့လာလို့မရဘူး ဖောဝီး(Four-Wheel ) ကားတွေပဲလာတယ်။ လမ်းမှာ တစ်ည၊နှစ်ညအိပ်ရတယ် မိုးအရမ်းရွာတဲ့နေ့တွေဆို နှစ်ညလောက်အိပ်မှပဲဒီကိုရောက်တာ”လို့ နောင်မွန်မြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ တစ်လနီးပါးကြာမိုးရွာသွန်းမှုကြောင့် ပူတာအို– နောင်မွန်လမ်းပိုင်းရှိ နောင်မွန်နဲ့ မဂွေဇကြား လမ်းပြိုတာ၊ တံတားကျိုးတာတွေ ဖြစ်ပေါ်နေပြီး ခက်ခက်ခဲခဲသွားလာနေရတယ်လို့ နောင်မွန် – ပူတာအိုကားလမ်းပိုင်းမှာမောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကိုပြောပါတယ်။ “မဂွေဇဟိုဘက်ကပိုဆိုးတာပေါ့။ ဒီခြမ်းကအဲ့လောက်မဟုတ်ဘူး လမ်းကတစ်လမ်းလုံးလိုပဲပြိုထားတယ် တချို့နေရာက ဘတ်ဖိုးတွေနဲ့ဆွဲတင်ရတယ်ကားကို လူနဲ့တွန်းရတဲ့နေရာရှိတယ် အဖွဲ့တွေရှိတယ် ပိုက်ဆံပေးရတယ် ဘတ်ဖိုးသမားတွေကို”လို့ ပြောပါတယ်။ နောင်မွန်–ပူတာအိုကားလမ်းပိုင်းဟာ ပုံမှန်အားဖြင့်ကား၊ဆိုင်ကယ်နဲ့တစ်ရက်ခရီးသာဖြစ်ပေမယ့် လက်ရှိမှာတော့လမ်းပိုင်းပျက်စီးမှုကြောင့် တစ်ညကနေ နှစ်ညအထ်ိညအိပ်ရတယ်လို့သိရပါတယ်။ အခုလိုလမ်းပိုင်းပျက်းစီးပြီးခက်ခက်ခဲခဲသွားလာနေရတာကြောင့် ကားခတွေလည်း ယခင်ကထက်မြင့်တက်လာပြီး အတက်ခရီးသည် တစ်ဦးကိုကျပ် ၉၀၀၀၀( ကိုးသောင်း) အဆင်းခရီးသည်တစ်ဦးကိုကျပ် ၅၀၀၀၀ (ငါးသောင်း) အထိရှိတယ်လို့သိရပါတယ်။ အလားတူ ကုန်စည်စီးဆင်းမှုတွေလည်း နှောင့်နည်းနေတဲ့အတွက် ကုန်စျေးတက်တာ ၊ကုန်စည်ပြတ်လပ်တာမျိုးတွေလည်းကြုံတွေ့နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “ကြက်ဥကတော့တစ်လုံးတစ်ထောင် ရှားတယ် မရှိသလောက်ပဲ။ ခရမ်းချဥ်သီးကတော့ တစ်ပိဿကို တစ်သောင်းခွဲ ဟိုတလော တစ်သောင်းပဲတန်ဆာခအရမ်းတက်တယ် လမ်းမှာလည်းကားဆွဲခတွေပေးရတော့ ဘာမဆိုစျေးတက်နေတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ လက်ရှိပျက်စီးနေတဲ့ နောင်မွန်–ပူတာအိုလမ်းပိုင်းဟာလည်း တချို့နေရာတွေ ဆိုးဆိုးဝါးဝါးမြေပြိုထားတာကြောင့် လမ်းပိုင်းပြန်ကောင်မွန်ဖို့ အချိန်တစ်လနီးပါးလောက်ကြာမြင့်နိုင်ကြောင်းသိရပါတယ်။ နောင်မွန်–ပူတာအိုလမ်းပိုင်းနဲ့ အလားတူ နောင်မွန်မြို့နယ်ထဲက ပန်နန်းဒင်မြို့အဝင်တံတား၊ တဆူထုတံတား၊ ဂဝိုင်တံတား၊မရီမိုင်းတံတားအပါတံတားကြီး ခြောက်စင်းအထိ ရေစီးနဲ့မျောပါသွားတာကြောင့် ဒေသခံတွေကြိုးတံတားမရှိပဲ ခက်ခက်ခဲခဲသွားလာနေရတယ်လို့ သိရပါတယ်။ “ပန်နန်းဒင်တံတားလည်းမပြီးသေးဘူးဟိုဘက်လည်းတစ်စင်းမှမဆောက်သေးဘူးမိုးကရွာတုန်းဆိုတော့ အခုကတံတားမရှိတော့ ကြိုးတစ်ချောင်းကိုချောင်းဟိုဘက်ကမ်းဒီဘက်ကမ်းသွယ်တန်းပြီးတော့အဲ့ကြိုးမှာထိုင်ခုံချည်ပြီးစွန့်စွန့်စားစားသွားနေရတယ်”လို့ နောက်ထပ်နောင်မွန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ နောင်မွန်မြို့ဟာ မြန်မာပြည်မြောက်ဖျားပိုင်းမှာရှိတာဖြစ်ပြီး လမ်းပိုင်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသဖြစ်တာကြောင့် နှစ်စဥ်မိုးရာသီကာလမှာ လမ်းပိုင်းမြေပြိုတာတွေခကြာခနကြုံတွေ့လျက်ရှိကြောင်းသိရပါတယ်။ By…

    Read More »
  • 23 June
    သတင်း

    ပူတာအိုမှာ ပြည်သူ့စစ်တပ်ဖွဲ့ ၁၀ ဦး လက်နက်နဲ့အတူထွက်ပြေးသွားဟုဆို

    ကချင်ပြည်နယ် ပူတာအိုမြို့ပေါ် ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦးလက်နက်နဲ့အတူထွက်ပြေးသွား‌ ကြောင်းဒေသခံတွေဆီကနေသိရပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်သား ၁၀ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ လက်နက်တွေနဲ့အတူထွက်ပြေးသွားတာလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြေးသွားတာက…

    Read More »
  • 14 June
    သတင်း

    ပူတာအိုခရိုင်တွင်းရှိ စာသင်ကျောင်းအားလုံးမှာ ကျောင်းသုံးပုံနှိပ်စာအုပ်များ မရရှိသေး

    ကချင်ပြည်နယ် ပူတာအိုခရိုင်တွင်းရှိ အခြေံခံစာသင်ကျောင်းအားလုံးမှာ ကျောင်းသုံးပုံနှိပ် စာအုပ်မရရှိတဲ့အတွက် ကျောင်းသား၊ကျောင်းသူတွေ စာသင်ကြားရေးမှာ အခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။ ဇွန်လ ၂ ရက်ကစပြီး ပူတာအိုခရိုင်တွင်း အခြေခံစာသင်ကျောင်းအားလုံးဖွင့်လှစ်ထားပြီဖြစ်ပေမယ့် ကျောင်းကနေ ကျောင်းသုံးပုံနှိပ်စာအုပ်ထုတ်မပေးတဲ့အပြင်၊ အပြင်မှာဝယ်ယူဖို့လည်းခက်ခဲနေတယ်လို့ ပူတာအိုမြို့ခံ ကျောင်းသားမိဘတစ်ဦး KNG ကိုပြောပါတယ်။ “မူလတန်း၊အလယ်၊ အထက်တန်းကျောင်းတွေကော အခုချိန်ထိပုံနှိပ်စာအုပ်ထုတ်မပေးသေးဘူး။ တချို့ကတော့မနှစ်ကအဟောင်းသုံးကြတယ်။ အဲ့တာတောင်ဘာသာစုံမရှိဘူးတချို့ကလေးတွေဆို ဗလစာအုပ်ထည့်ပြီးမှပဲကျောင်းတက်နေကြတယ်ပုံနှိပ်စာအုပ်မရှိဘူး”လို့ အထက်ဖော်ပြပါ အမျိုးသမီးတစ်ဦးကပြောပါတယ်။ ပူတာအိုမြို့ခံတွေပြောချက်အရ ပူတာအိုမြို့တွင်း စျေးဆိုင်တစ်ချို့မှာ ပုံနှိပ်စာအုပ်ရောင်းတာရှိပေမယ့် အလုအယက်လုဝယ်နေရတဲ့အပြင် ဘာသာစုံတစ်တွဲမှာ ကျပ် တစ်သိန်းဝန်းကျင်ထိပေးဝယ်နေရတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • 4 June
    သတင်း

    မိုးရာသီဝင်ရောက်လာသည်နှင့် စစ်ရှောင်များ ရာသီတုပ်ကွေးနဲ့ ဖျားနားမှု ကြုံတွေ့နေရ

    ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် တောတွင်းတဲများဖြင့် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် မိုးရာသီစတင် ဝင်ရောက်လာသည်နှင့်အတူ ရာသီတုပ်ကွေးနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားနေပြီး အမိုးအကာ ပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။ ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပူတာအိုမြို့နယ်ကြားရှိ တောတွင်းတစ်နေရာတွင် စစ်ဘေးရှောင်နေကြရသော ဆွမ်ပီယန်ပြည်သူများသည် တောတွင်းတဲထိုးပြီး…

    Read More »
  • May- 2025 -
    21 May
    သတင်း

    ပူတာအို-မြစ်ကြီးနားကားခ အဆ မတန်မြင့်တက်

    ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနား လမ်းပိုင်းမှာ ကားခအဆမတန်မြင့်တက်လာတယ်လို့ ခရီးသွားသူ‌တွေဆီကသိရပါတယ်။ ဒီနှစ် ဇန်နဝါရီလစလို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ အဆင်းခရီးသည်တစ်ဦးလျှင် ကားခ ကျပ် ၁၂၀၀၀၀ ( တစ်သိန်းနှစ်သောင်း)၊ အတက်ခရီးသည်တစ်ဦး ကျပ် ၂၀၀၀၀၀ ( နှစ်သိန်း)အထိစျေးတက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG…

    Read More »
  • 10 May
    သတင်း

    ပူတာအိုမှာအိမ်ငှားခစျေးအဆမတန်မြင့်တက်

    ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ အိမ်ငှားခတွေ ဈေးအဆမတန်မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အာဏာသိမ်းပြီးနောက် လူနေထူထပ်လာတဲ့ ပူတာအိုမြို့မှာ အိမ်ငှားနဲ့အခန်းငှားနေထိုင်သူတွေများလာတာကြောင့် အိမ်ငှားခ၊အခန်းငှားခ ဈေးမြင့်တက်လာနေတယ်လို့ ကောင်ကထောင်ရပ်ကွက်က အိမ်ငှားနေထိုင်သူအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပထမတစ်နှစ်က အခန်းဆိုတစ်ခန်းကို ၁၅၀၀၀၊၂၀၀၀၀ပေါ့တစ်လကို အခုက…

    Read More »
  • 6 May
    သတင်း

    လုံရှာယန်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ ခရီးသည်များ ဒဏ်ငွေပေးဆောင်နေရ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေ ဒဏ်ငွေပေးဆောင်ပြီးသွားလာနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်း ဆွမ်ပရာဘွမ်မြို့နဲ့ ပူတာအိုမြို့ကြားမှာရှိတဲ့ လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေအနေနဲ့ တစ်ဦးကို ကျပ်ငွေတစ်သိန်းဝန်းကျင်အထိ ဒဏ်ငွေပေးဆောင်ရတာတွေရှိနေတယ်လို့  ခရီးသည်အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မှတ်ပုံမပါရင်အရမ်းစစ်တယ်…

    Read More »
  • 2 May
    သတင်း

    မိုးရွာသွန်းမှု‌ကြောင့် ပူတာအို-ခေါင်လန်ဖူးကားလမ်း ဆိုးဆိုးဝါးဝါးပျက်စီး

    ကချင်ပြည်နယ် အထက်ပိုင်းမှာမိုးသည်းထန်စွာရွာသွန်းလို့ ပူတာအိုခရိုင်၊ ခေါင်လန်ဖူး–ပူတာအိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့သိရပါတယ်။ ဧပြီလ တတိယအပတ်မှာ ရွာသွန်းခဲ့တဲ့မိုးကြောင့် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းမြေပြိုပြီး အသွားလာပြတ်တောက်တဲ့အထိ ပျက်စီးနေတယ်လို့ ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပူတာအိုကနေတက်သွားရင် ရီဒမ်းဂိတ်အထိ ရီဒမ်းကနေ ငွားလုံဒမ်းရွာအထိပဲရတယ် ငွားလုံဒမ်းကနေဟိုဘက်ကိုတော့လုံးဝသွားလို့မရဘူး…

    Read More »
Back to top button