ဖမ်းဆီးမှု

  • Oct- 2023 -
    16 October
    သတင်း

    မိုးမောက် ၅ မိုင်ဂိတ်နားက ဘုရားကျောင်းနဲ့နေအိမ်တစ်အိမ်ကို စစ်တပ်က ဓါးမြဝင်တိုက်

    မိုးမောက်မြို့အဝင် ၅ မိုင် ဂိတ်နားက နေအိမ်နဲ့ ဘုရားကျောင်းထဲကို စစ်ကောင်စီတပ်တွေက ဓားမြဝင်တိုက်ပြီး ရွှေ ၊ ငွေအမြောက်အများယူဆောင်သွားတဲ့အပြင် ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိုးမောက်ဒေသခံတွေဆိကနေ သိရပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့် မိုးမောက် လုံဂျာဘွမ်(LungJa Bum)တောင်ခြေမှာ နေရာယူလှုပ်ရှားနေတဲ့…

    Read More »
  • 13 October
    သတင်း

    ရွှေကူမှာ ရွှေမော်တော်ယာဉ် ၄ စီးမီးရှို့ခံရပြီး အရပ်သား ၆ ဦးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ရွှေကူမြို့ ၊ရွှေကူသင်္ဘောဆိပ်မှာကပ်ထားတဲ့ ရွှေမော်တော်လေးစီး မနေ့က ည ၄နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျကဆီးသွားပြီး အရပ်သား ၄ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ ရွှေကူမြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့ စစ်အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ ရွှေကူမြို့တွင်းတပ်ကနေ ရေယာဉ် ၂ စီးနဲ့ စုန်ဆင်းလာပြီး ရွှေကူသင်္ဘောဆိပ်အရောက်မှာမြစ်ကမ်းကပ်ထားတဲ့ ရွှေမော်တော်ယာဥ်အကြီး ၄ စီးကို မီးရှို့ဖျက်ဆီးသွားတာလို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်သားတွေက…

    Read More »
  • 11 October
    သတင်း

    ခွန်စိုင်ဇွပ် ဒေသခံ ၂ ယောက်ကို စစ်ကောင်စီဖမ်းဆီးသွားပြီး ငွေသား သိန်း ၂၀၀ ကျော် လုယူသွား

    ဖားကန်သွားလမ်းမပေါ်မှာရှိတဲ့ ကပ်မှော်အုပ်စု ခွန်စိုင်ဇွပ်ကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက  ဒေသခံ ၂ ယောက်ကို ဖမ်းဆီးသွားတဲ့အပြင် ငွေကျပ် သိန်း ၂၀၀ ကျော် ကိုပါ လုယူသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့…

    Read More »
  • 9 October
    သတင်း

    နန်းကင်ရွာက လူငယ် ၂ ဦး စစ်ကောင်စီတပ်ပစ်ခတ် ဖမ်းဆီး

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မဲဇာဒေသက နန်းကင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ချိန် လူငယ် အမျိုးသား ၂ ဦး ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီစစ်သားနဲ့ ပျူစောထီးတွေပါဝင်တဲ့ အင်အား ၂၀ ကျော်ပါ စစ်ကြောင်းတစ်ကြောင်းဟာ အောက်တိုဘာလ မနေ့က ည ၅ နာရီခွဲအချိန် နန်းကင်ကျေးရွာထဲကို ဝင်ရောက်စီးနှင်းရှာဖွေတာတွေပြုလုပ်ခဲ့ပြီး အင်းတော်ဘက်ကပြန်လာတဲ့ လူငယ်အမျိုးသားနှစ်ဦးကိုပစ်ခတ်ဖမ်းဆီးသွားတာဖြစ်တယ်လို့…

    Read More »
  • 9 October
    သတင်း

    တနိုင်းနဲ့ရှင်ဗွေယန် ကားလမ်းပိုင်းမှာ နာဂလူငယ်တွေ ပစ်မှတ်ထားဖမ်းဆီးခံနေရ

    ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့ကြား လီဒိုကားလမ်းပိုင်းမှာ နာဂလူငယ်တွေကိုပစ်မှတ်ထားပြီး ဖမ်းဆီးနေတာကြောင့် နာဂလူငယ်တွေခရီးသွားလာဖို့ခက်ခဲလာနေတယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း တနိုင်းဒေသမှာအခြေစိုက်ပြီးအသစ်ဖွဲ့စည်းထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့အစည်းအသစ် ကနေ ခရီးသွားလာနေတဲ့ ခရီးသည်တွေထဲက နာဂလူငယ်တွေကို အဓိကပစ်မှတ်ထားပြီး တပ်သားသစ်အဖြစ်ဖမ်းတာမျိုး ဆက်တိုက်ရှိလာနေတာကြောင့် နာဂလူငယ်တွေ ခရီးသွားလာဖို့ခက်ခဲလာနေတယ်လို့ တနိုင်းမြို့နေ အမျိုးသားတစ်ဦးက KNGကို ပြောပါတယ်။ “တခြားလူမျိုးထဲကလူငယ်တွေကိုတော့မဖမ်းဘူးဗျ။ နာဂလေးတွေကတော့ အတော်များ…

    Read More »
  • 3 October
    သတင်း

    မြစ်ကြီးနားမှာ KIA အရာရှိ ၂ ဦးနဲ့ အရပ်သား ၂ ဦး ဖမ်းဆီးခံရ

    မြစ်ကြီးနားမြို့  ကြာရာပတ္တီးရပ်ကွက်အနီး ထီဝန်းရပ်ကွက်လမ်းဆုံမှာ KIA အုပ်ချုပ်ရေးအရာရှိ ၂ ဦးနဲ့အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ KIA နဲ့ နီးစပ်သူတွေက အတည်ပြုပြောဆိုပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့၊ ညနေ ၆ နာရီခွဲလောက်မှာ ကြာရာပတ္တီးရပ်ကွက်ကနေ ပြန်လာတဲ့ အရပ်သား ၂ ဦးကို ထီဝန်းလမ်းဆုံ မှာ…

    Read More »
  • 2 October
    အင်တာဗျူး

    ဖားကန့်မှာ ခိုးဆိုးလုယက်မှုအခြေနေ ဘယ်လောက်ထိဆိုးရွားနေပြီလဲ (လူထုအသံ)

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဟာ အစိုးရအဆက်ဆက်က သန်းခေါင်စာရင်း တိတိကျကျ ကောက်ယူလို့မရအောင် လူနေထူထပ်ပြီး ရွှေ့ပြောင်းနေထိုင်သူ အများဆုံးနေရာဖြစ်သလို အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း လူဦးရေတစ်နေ့ထက် တစ်နေ့ များလာနေတာ ဖြစ်ပါတယ်။ လူဦးရေ ထူထပ်များလာတာနဲ့အမျှ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသုံးစွဲသူအများဆုံးရှိလာပြီး ခိုးဆိုးလုယက်မှုမှာ လျှပ်စစ်ထရန်စဖော်မာပေါ်က မီးကြိုးခိုးယူဖြုတ်ရောင်းခံရတဲ့ထိ အခြေနေရှိခဲ့ပါတယ်။ အခုလို မူးယစ်ဆေးဝါးသမားတွေနဲ့ လောင်ကစားဝိုင်းတွေ…

    Read More »
  • Sep- 2023 -
    28 September
    သတင်း

    လူသားဒိုင်း အသုံးပြုခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်ပေမယ့် တစ်ဦး ဒဏ်ရာရရှိ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်လာခဲ့ပေမယ့် တစ်ဦးကတော့ ရှေ့တန်းမှာ မိုင်းပေါက်ကွဲပြီး ခြေထောက်ဒဏ်ရာနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၇ ရက်၊ မွန်းလွဲ ၁…

    Read More »
  • 27 September
    သတင်း

    ကဇူးကျေးရွာမှာ ထွက်ပြေးနေတဲ့ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

    မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ် ၊ ကဇူးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းမှာခိုလှုံနေတဲ့ နမ်ဆန်ယန် စစ်ရှောင်ပြည်သူ ၈ ဦးကို စစ်တပ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၇၊ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဘုရားကျောင်းဝင်းထဲကို ပြည်သူ့စစ်အဖွဲ့က ကား ၁ စီးနဲ့ ဝင်လာပြီး စစ်ရှောင် ၈ ဦးကို လာရောက်ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။…

    Read More »
  • 26 September
    အင်တာဗျူး

    မိုးကောင်းမြို့ မှာ အရပ်သားဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး  ဆက်သွယ်မေးမြန်းချက်

    မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က စက်တင်ဘာလ လဆန်းပိုင်းအထိ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီထဲက စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်ခံရတာတွေကြောင့် စစ်ကြောရေးမှာ သေဆုံးသူ ၂ ယောက်ထိရှိခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ အာမခံနဲ့လွတ်မြောက်လာသူ တွေအနည်းအကျဉ်းရှိခဲ့ပေမေယ့် အများပိုင်းကတော့ ဖမ်းဆီးခံထားရဆဲလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဘာကြောင့်ခုလို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတာလဲ ဒီအခြေနေနဲ့ပတ်သက်ပြီး မိုးကောင်းမြိုခံ ရပ်မိရပ်ဖတစ်ဦးကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မေး– မိုးကောင်းမှာ ဒေသခံတွေကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးမှုတွေလုပ်လာတာ ဘာ့ကြောင့်လဲ။ “အချက်နှစ်ချက်လောက်တော့ရှိတယ် သူတို့ စကခ မှူးရဲ့အပြောင်းအရွေ့ပေါ့ ဒါလည်းပါတယ် ပြီးရင် တိုင်းအဆင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးပါပြောင်းလဲလိုက်တာပေါ့အဲ့တာတွေလည်းပါတယ်။ပြီးရင် ကျနော်တို့မြို့မှာ ဒလန်ရှင်းလင်းရေးလုပ်တဲ့ အခြေနေမှာ အခုနောက်ဆုံးဖြစ်သွားတဲ့ အထက ၁…

    Read More »
Back to top button