သတင်း

မိုးမောက် ၅ မိုင်ဂိတ်နားက ဘုရားကျောင်းနဲ့နေအိမ်တစ်အိမ်ကို စစ်တပ်က ဓါးမြဝင်တိုက်

မိုးမောက်မြို့အဝင် ၅ မိုင် ဂိတ်နားက နေအိမ်နဲ့ ဘုရားကျောင်းထဲကို စစ်ကောင်စီတပ်တွေက ဓားမြဝင်တိုက်ပြီး ရွှေ ၊ ငွေအမြောက်အများယူဆောင်သွားတဲ့အပြင် ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိုးမောက်ဒေသခံတွေဆိကနေ သိရပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့် မိုးမောက် လုံဂျာဘွမ်(LungJa Bum)တောင်ခြေမှာ နေရာယူလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ထဲက စစ်သား ၁၀ ဦးခန့်ဟာ ၅ မိုင်ဂိတ်နားက တိုက်အိမ်တစ်အိမ်ထဲကို ဓားမြဝင်တိုက်ပြီး ရွှေ၊ငွေ တွေယူသွားတဲ့အပြင် အိမ်ရှင်ကိုလည်း ဖမ်းခေါ်သွားတယ်လို့ မိုးမောက်ဒေသခံများထံမှ သိရပါတယ်။

မိုးမောက်မြို့အဝင် မိုင်ဂိတ်နားက တိုက်အိမ်အမြင့်မှာဟုတ်တယ်။ အဲ့ဒီအိမ်ကို ဓားမြဝင်တိုက်ပြီး ရွှေ၊ငွေတွေ ယူသွားတယ်။ ဆိုင်ကယ်တွေလည်း ယူသွားပြီး အိမ်ရှင်ကိုလည်း ဖမ်းခေါ်သွားတယ်။ အခုလွတ်ပြီလား မလွတ်သေးဘူးလား မသိဘူး။ လုံဂျာဘွမ်တောင်ခြေမှာ တပ်ချနေတဲ့ အဲ့ဒီစစ်တပ်အဖွဲ့တွေပဲလို့မိုးမောက်ဒေသခံအမျိုးသမီးက ပြောပါတယ်။

အိမ်ရှင်အမျိုးသားကို ဖမ်းခေါ်သွားခြင်းဖြစ်ပြီး ရွှေ၊ ငွေ တွေ ဘယ်လောက် ဓားမြတိုက်ယူသွားတယ်ဆိုတာကိုတော့ အသေးစိတ် မသိရှိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီနောက် တစ်ဆက်တည်းမှာဘဲ ည ၁၀ နာရီခန့်မှာတော့ ၅ မိုင်ဂိတ်နားက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်ထဲ ထပ်ပြီးဝင်ရောက်လာကာ ဘုရားကျောင်းထဲက အလှူငွေ ၁၀၀ နဲ့ရွှေတစ်ချို့ကိုလည်း ခြိမ်းခြောက်ကာ ဓားမြဝင်တိုက်သွားတယ်လို့ မိုးမောက်ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။

စစ်သားတွေ ဝတ်စုံအပြည့်နဲ့ ၁၀ ယောက်ကျော်ဟုတ်တယ်။ ဘုရားကျောင်းအလှူငွေ သိန်း ၁၀၀ နဲ့ ရွှေတွေလည်း ယူသွားတယ်။ သူတို့က NUG ကိုတိုင်မလား၊ ဘယ်သူ့ကို တိုင်မလဲ တိုင်လေ ဆိုပြီးပြောဆို ခြိမ်းခြောက်သွားတာလို့ ပြောပါတယ်။

နေအိမ်နဲ့ဘုရားကျောင်းထဲ ဓါးမြဝင်မတိုက်ခင် စစ်ကောင်စီတပ်တွေက ညက ၉ နာရီချိန် ၅ မိုင်ဂိတ်တိုက်ခိုက်ခဲ့ခဲ့ရတာကြောင့် ဗန်းမော်ဂေါက်ကွင်းဘေးလမ်းမပေါ်မှာလည်း ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ပြည်သူတွေကိုလည်း ရိုက်နှက်ပြီး ဆိုင်ကယ် ၅ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း  သိရပါတယ်။

မိုးမောက်မြို့ထဲ ဓားမြဝင်တိုက်တဲ့ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ကတည်းက လုံဂျာဘွမ် မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လုံဂျာဘွမ်တောင်ခြေ ဆုတောင်းတောင်နားထိ နေရာယူ တပ်စခန်းချနေတဲ့ အဖွဲ့တွေ ဖြစ်ကြောင်း သိရပါတယ်။

Show More

Related Articles

Back to top button