ဗန်းမော်
-
May- 2024 -7 Mayတိုက်ပွဲ
စင်းခန်းရဲစခန်းနဲ့ ကာကင်းဂိတ်တွေကို KIA မဟာမိတ်ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာထဲက စစ်ကောင်စီ ရဲစခန်းနဲ့ကာကင်းဂိတ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့ပြီး ကျေးရွာကိုထိန်းချုပ်လိုက်ပြီလို့သိရပါတယ်။ ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်အစပ်မှာရှိတဲ့ စင်းခန်းကျေးရွာထဲက စစ်ကောင်စီရဲစခန်းနဲ့ ကာဂင်းဂိတ်တွေကို KIA၊KPDF နဲ့ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက ဒီနေ့မနက် ၅…
Read More » -
7 Mayတိုက်ပွဲ
မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ ဗျူဟာမြောက်တပ်စခန်းအားလုံးနီးပါး KIA တိုက်ခိုက်နေ
ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ၁၀ နေရာလောက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ မြို့နယ် ၃ ခုက ဗန်းမော်မြို့နယ် ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာ၊ မိုးမောက်မြို့တွင်းတပ်နဲ့ မံစီမြို့တဝိုက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြို့နယ် ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်း ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာကို KIA က သိမ်းပိုက်လိုက်ပြီးတော့ ကျန်ရှိတဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်နဲ့ မံစီက တိုက်ပွဲပြင်းထန်နေတုန်းပဲ။ မိုးမောက်မှာဆိုရင် မြို့တွင်းထဲမှာကို တိုက်ပွဲဖြစ်ပွားနေတာ။ စင်းခန်းက ရွာတစ်ခုလုံးကို သိမ်းထားပြီ။ တံတား ဟိုဘက်ခြမ်း ဒီဘက်ခြမ်း စစ်တပ်စခန်းအားလုံးကို သိမ်းထားပြီ။ အခုက ရွာအပြင်မှာရှိတဲ့ တာဝါတိုင်စခန်းအနည်းငယ်ကျန်သေးတယ်”လို့ပြောပါတယ်။ စင်းခန်းရွာထဲမှာအထိုင်ချထားတဲ့ ရဲစခန်းအပါ၊ တပ်စခန်းနေရာတွေကို KIA သိမ်းပိုက်ထားပြီ လက်ရှိ ၁၀ နာရီဝန်းကျင်အထိ ရွာအပြင် တာဝါတိုင်တပ်စခန်းနေရာကို အပြီးသတ်ရှင်းလင်းဖို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ မိုးမောက်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ အားလုံးနီးပါးခန့်က မြို့တွင်းရပ်ကွက်တွေမှာ နေရာယူပုန်းရှောင်သွားတဲ့အတွက် မြို့တွင်းမှာတင် ၂ ဖက်တပ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ KIA တပ်တွေက မိုးမောက်မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ မြို့တွင်း ၂ နေရာမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဘက်ကို ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ စစ်တပ်ဘက်ကနေ ဂျက်လေယာဉ် တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် မြို့တွင်းထိခိုက်ပျက်စီးတာတွေရှိသလို ဒေသခံတွေလည်း ကိုယ်လွတ်ထွက်ပြေးနေကြဆဲဖြစ်တယ်လို့ မိုးမောက်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “တိုက်ပွဲက ဒီကမနက် ၆ နာရီလောက်ကဖြစ်ပြီ။ ပြည်သူတစ်ချို့က ထွက်ကြပြီလို့ ပြောတယ်။ တစ်ချို့က မြို့ထဲမှာ ကျန်နေသေးတယ်လို့လည်းကြားတယ်။ အားလုံးက တစ်ကွဲတပြားဖြစ်ကုန်ပြီ။ စစ်သားတွေအကုန်လုံးက မြို့ထဲကို ဝင်ပြေးသွားပြီဖြစ်တဲ့အတွက် မြို့ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပြီ”လို့ပြောပါတယ်။ မံစီမြို့မှာလည်း ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ မံစီ ခမရ ၆၀၁ တပ်ရင်းအနောက်မှာရှိတဲ့ ကာကင်းတပ်စခန်းကြီးနေရာမှာ ၂ ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့မံစီဒေသခံတွေကပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၃ နေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုအသေးစိတ်ကို သိရှိဖို့ရန် ခက်ခဲနေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Apr- 2024 -30 Aprilသတင်း
စင်းခန်းကျေးရွာပြည်သူတွေကို အရေးပေါ်ပြောင်းရွေ့ခိုင်း
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ်တို့က အရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့သိရပါတယ်။ စင်းခန်းကျေးရွာ ဟာ ဗန်းမော်မြို့နယ်နဲ့ရွှေကူမြို့နယ်အစပ် ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ရွာဖြစ်ပြီး ဒေသခံပြည်သူတွေကို ဧပြီလ ၂၀ ကျော်ကတည်းကနေ အရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့ စင်းခန်းကြီးဒေသခံ အမျိုးသားတစ်ဦးက KNG…
Read More » -
12 Aprilစစ်ရေး
ဗန်းမော်မှာ မြို့စွန့်ခွာတိမ်းရှောင်သူများလာပြီး ကားခ၊လေယာဉ်ခစျေးအဆမတန်မြင့်တက်နေ
ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေကြောင့် မြို့စွန့်ခွာတိမ်းရှောင်သူတွေများလာပြီး ကားခ၊ လေယာဉ်ခ ဈေးအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းအရှိန်မြင့်တက်နေပြီး ဗန်းမော်ခရိုင်ရဲ့ မြို့နယ်တစ်ချို့ကအထိုင်တပ်စခန်းကိုသိမ်းပိုက်လာနိုင်ချိန် ဗန်းမော်မြို့ဟာ မြို့သိမ်းတိုက်ပွဲဖြစ်နိုင်ချေရှိနေတာကြောင့် မြို့ခံတစ်ချို့မြို့စွန့်ခွာထွက်ပြေးနေကြပြီဖြစ်ပါတယ်။ ခုလို…
Read More » -
6 Aprilသတင်း
စိန်လုံဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ ဗျူဟာမှူးနဲ့တပ်သား ၂၆ ဦးထက်မနည်း KIA ဖမ်းဆီးရမိ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် စိန်လုံရွာ ဗျူဟာကုန်းကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေ လိုက်လံဖမ်းဆီးရာ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်နဲ့ တပ်သားအဆင့် ၂၆ ဦးထက်မနည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ KIA နဲ့နီးစပ်တဲ့ မိုးမောက်ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၆…
Read More » -
5 Aprilသတင်း
လမ်းခရီးကြောင့် တရုတ်ဘက်ပို့လို့မရတော့တဲ့ ဖရဲသီးနဲ့ငှက်ပျောသ်ီးများ ပြည်သူတွေကိုဝေပေးနေ
စစ်ရေးတင်းမာနေတဲ့ ဗန်းမော်– လွယ်ဂျယ်သွားသွားလမ်းမကြီးပိတ်ထားလို့ တရုတ်ပြည်ဘက်သွင်းမယ့် ငှက်ပျောသီးနဲ့ ဖရဲသီးတွေကို ကားသမားတွေဟာ မြို့မှာရှိတဲ့ပြည်သူတွေကို လိုက်ဝေပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီနေ့မှာတော့ ၁၂ ဘီးကားအပြည့်တင်ထားတဲ့ ဖရဲသီးတင်ထားတဲ့ကားနဲ့ ငှက်ပျောသီးတင်ထားတဲ့ကားတွေဟာ တရုတ်ပြည်ဘက်ကိုပို့ဖို့အဆင်မပြေတော့တဲ့အတွက် လူများတဲ့ဗန်းမော်မြို့ထဲက ရပ်ကွက်၊ ကျေးရွာတွေမှာရပ်ပြီး လိုက်ဝေပေးနေတယ်လို့ ဗန်းမော်မြို့ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ငှက်ပျော၊ ဖရဲကားတွေက လူများလောက်တဲ့နေရာတွေမှာရပ်ပြီး ဝေပေးနေကြတယ် တက်ယူတဲ့သူတွေကယူနဲ့ ကြိုက်သလောက် ယူနေကြတယ်။ တစ်ချို့က သုံးဘီးတွေနဲ့ တောင်လာယူကြတယ်၊ ဆိုင်ကယ်တွေနဲ့ရောဘဲ တင်ယူနေကြတယ်”လို့ပြောပါတယ်။ ဒီအသီးတွေဟာ ဗန်းမော်မြို့နယ် မန်တောင်၊ စီကော်၊ နောင်းဖောင်၊ နောင်လိုက်၊ မအူပင်၊ မန်ရွတ်၊ အောက်ခြောက်လမ်း၊ ငအိုဘက်လမ်းတွေစတဲ့ ငှက်ပျောခြံ၊ ဖရဲခြံတွေတင်လာတာဖြစ်ပြီး လမ်းခရီးအခက်ခဲကြောင့် တရုတ်ပြည်မပို့နိုင်တော့တာကြောင့် ခုလိုရပ်ကွက်၊ကျေးရွာတွေမှာ လိုက်ဝေပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ငှက်ပျောကား၊ ဖရဲကားတွေအနေနဲ့ အခုလို ရပ်ကွက်တွေမှာဘဲ လိုက်ဝေတာမျိုးအပြင် စစ်ဘေးရှောင်တွေဆီလည်း သွားရောက်လှူဒါန်းပေးစေချင်တယ်လို့လည်း ဗန်းမော်မြို့ဒေသခံတစ်ယောက်က ဆိုပါတယ်။ ဗန်းမော်–လွယ်ဂျယ်လမ်းပိတ်သွားပြီးနောက် လက်ရှိမှာ တရုတ်ပြည်ဘက်ကိုသွားနိုင်မယ့် တရားမဝင် မှောင်ခိုလမ်းတွေရှိပေမဲ့ အဲ့ဒီလမ်းကြောင်းတွေမှာ လေယာဉ်နဲ့ ပစ်ခတ်တာမျိုးတွေရှိတဲ့အတွက် အန္တာရယ်များတယ်လို့ ကားသမားတစ်ယောက်က ကိုပြောပါတယ်။ “ကျွန်တော်တို့ကတော့ လမ်းမပိတ်ခင်ကတည်းက အန္တရာယ်များလို့ မသွားဖြစ်တော့တာ သွားတဲ့သူတွေကျတော့လည်း ဒီလမ်းပိတ်သွားပေမဲ့ တင်ပြီးသားဖြစ်တဲ့အတွက် ရောက်အောင်သာသွားလိုက်တယ် အဆင်မပြေတာတွေ အများကြီးဖြစ်တယ်။ လမ်းကြောင်းမှာ လေယာဉ်ပစ်တာတို့ ရှိတယ် တရားဝင်လမ်းမဟုတ်တဲ့အတွက်ကြောင့်လေ”လို့ပြောပါတယ်။ အထက်ပါ တရားမဝင်လမ်းကြောင်းအတိုင်းသွားလို့ရပေမယ့် တစ်ဖက်မှာတရုတ်ဘက်ကခွင့်မပြုလျှင် အဆင်မပြေမှုတွေရှိလာနိုင်တာကြောင့် ကားသမားတွေအနေနဲ့ ကားဆက်မသွားတော့ဘဲ အခုလိုလိုက်ဝေးပေးနေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဗန်းမော်–လွယ်ဂျယ် လမ်းတစ်လျှောက် ဂိတ်စုစုပေါင်း ၈ ဂိတ်လောက်ရှိတယ်လို့ သိရပြီး ဂိတ်စခန်းတစ်ချို့ကု KIA ဘက်က တိုက်ခိုက်သိမ်းပိုက်ထားတာတွေရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဗန်းမော်– လွယ်ဂျယ်သွားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်စခန်းတွေကို KIA တပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး တိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေတဲ့အတွက် လုံးဝသွားလို့မရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ By – Bu Bu
Read More » -
5 Aprilသတင်း
ဗန်းမော် နမ့်ဖားဂိတ်မှာ စစ်ဆေးရေးတင်းကြပ်လို့ ရွာပေါင်း ၂၀ ကျော်ကပြည်သူတွေစားသောက်ကုန်သယ်ယူဖို့ခက်ခဲနေ
စစ်ကောင်စီတပ်စွဲထားတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့က နမ့်ဖားဂိတ်မှာ စစ်ဆေးရေးတင်းကြပ်နေပြီး ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေ စားသောက်ကုန်တွေနဲ့ စက်သုံးဆီသယ်ယူခွင့် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဆေးရေးတင်းကျပ်တာဟာ ဒီနှစ် ၁လပိုင်းလောက်ကနေ စခဲ့တာ ဖြစ်ပေမဲ့ လက်ရှိမှာတော့ ပိုမိုတင်းကျပ်လာတဲ့အနေအထားမှာ ရှိနေတယ်လို့ ဗန်းမော်မြို့နယ် ကျွဲချိုကျေးရွာက ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “သူတို့ကဒီ ကုန်ခြောက် စားနပ်ရိက္ခာတွေကို မသယ်ခိုင်းဘူးပေါ့၊ အဓိကကတော့ ဒီပွိုင့်ဖိနပ်တွေ၊ ခေါက်ဆွဲခြောက်တွေကို လုံးဝကိုသယ်ခိုင်းဘူး၊ ခေါက်ဆွဲဖာတွေဆိုရင် ၃ဖာသယ်လာပြီဆိုရင် တစ်ဖာဘဲ သယ်ခွင့်ရှိတယ်၊ သူတို့က မိသားစု သုံးဖို့အတွက်သာ ခွင့်ပြုချက်ပေးထားတာပေါ့၊ လိုက်မနာဘူးဆိုရင်လည်း အကုန်ပြန်သိမ်းသွားတယ်” စစ်တပ်ဂိတ်ဘက်က စားသောက်ကုန်၊ ဆေးဝါးတွေ သယ်ယူခွင့်ကို လိုတာထက်ပိုပြီး ပိတ်ပင်နေတာဟာ အထူးသဖြင့်တစ်ခြားအဖွဲ့အစည်းတွေကို ကူညီထောက်ပံ့မှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေအနေနဲ့ စားသောက်ကုန်၊ စက်သုံးဆီ ဝယ်ယူရာမှာ အခက်အခဲ ဖြစ်နေတဲ့အပြင် နိုင်ငံရေးအခြေအနေ မကောင်းတာကြောင့် လမ်းပိုင်းတွေမှာ အစစ်အဆေးများတဲ့အတွက် သွားရေးလာရေး မှာလည်း အခက်အခဲကြုံနေရတယ်လို့ သူကဆက်ပြောပါတယ်။ “အဓိက ကျွန်တော်တို့က တောင်သူတွေဆိုတော့ မြေဩဇာ၊ မြေဆီတွေထည့်ဖို့၊ မြေပဲတို့၊ ဒီဇယ်တို့၊ ဓာတ်ဆီတို့ ဝယ်တဲ့နေရာမှာ လုပ်ရကိုင်ရမဲ့ နေရာမှာ တအားကို ခက်ခဲတာ၊ ဒါကျွန်တော် နိုင်ငံရေးအခြေအနေ မကောင်းတော့ သွားလို့လည်းမရဘူး၊ သွားပြီဆိုရင်လည်း စစ်တယ် မေးတယ်၊ မြန်းတယ်၊ အခန့်မသင့်ရင် ရိုက်ချင်ရိုက်လိုက်မှာပေါ့ အဲ့တာကိုပြည်သူတွေက ကြောက်နေကြတာပေါ့” အခုလိုအခြေအနေတွေကြောင့် ကျေးရွာကနေသွားရေလာရေးအတွက် မနက် ၆နာရီ၊ ည၆ နာရီ သတ်မှတ်ပေးထားပေမဲ့ လမ်းပိုင်းအခြေအနေတွေကို စောင့်ကြည့်ပြီးမှ သွားလာရတာဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့အချိန်အတွင်း မရောက်နိုင်မှာကိုလည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဲ့ဒီကျေးရွာတွေမှာ စားသောက်ကုန်ပျက်လက်တာတွေရှိနေတဲ့အပြင် သွားရေးလာရေး အခက်အခဲတွေကြောင့် ရပ်ရွာအတွင်း ဈေးဆိုင်တွေမှာဘဲ ဈေးကြီးပေးဝယ် စားနေရကြတယ်လို့ ဆိုပါတယ်။ နမ့်ဖားဂိတ်မှာ စားသောက်ကုန် သယ်ယူခွင့် တင်းကြပ်မှုဒဏ်ကို ခံနေရတဲ့ ကျေးရွာ ၂၀ လောက်ရှိပြီး အဲ့ဒီကျေးရွာဒေသခံပြည်သူတွေဟာ စားဝတ်နေရေးအတွက် တောင်ယာကိုအဓိကလုပ်ကိုင်စားသောက်ကြတာဖြစ်ပါတယ်။ By – Bu Bu
Read More » -
5 Aprilတိုက်ပွဲ
ဟန်ထက်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ
နှစ်ရက်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော် – မန္တလေးလမ်းမပေါ်ရှိ လမ်းလေးဆုံနေရာက ဟန်ထက်(Han Htet)စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်က ဧပြီလ ၅ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဟန်ထက်တပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ…
Read More » -
4 Aprilစစ်ရေး
ဗန်းမော်မှာတိုက်ပွဲပြင်းထန်လာမှာစိုးလို့ မြို့ခံတစ်ချို့တိမ်းရှောင်နေ
ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေမှာရှိနေတဲ့အတွက် မြို့ခံတစ်ချို့တိမ်းရှောင်နေတဲ့အပြင် တစ်ချို့ကတော့ကတုတ်ကျင်းတူးပြီးပြင်ဆင်နေကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအရှိန်ဟာ တစ်ဖြည်းဖြည်းမြင့်တက်နေတဲ့အလျောက် ဗန်းမော်ခရိုင်ရဲ့ မြို့နယ်တွေထဲမှာရှိတဲ့ စစ်တပ်အထိုင်တပ်စခန်းအများပိုင်းတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်တက္ကသိုလ်နဲ့ စာသင်ကျောင်းနေရာတစ်ချို့မှာ တပ်စွဲနေရာယူပြီး မြို့တွင်းကင်းပုန်းချစစ်ဆေးဖမ်းဆီးတာကို ခပ်စိပ်စိပ်လုပ်ဆောင်နေတာကြောင့် မြို့တွင်းတိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ ဒါကြောင့် မြို့ခံပြည်သူတစ်ချို့က မြို့စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေရှိနေသလို တစ်ချို့ကတော့ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေကြတယ်လို့ သိရပြီး ကတုတ်ကျင်းတူးဖို့အနည်းဆုံးတစ်သိန်းကျပ်အထိ ပေးပြီးတူးနေရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “တော်တော်များများတော့ တူးနေကြပြီ တစ်ချို့ကျတော့လည်း လူငှားလို့မရတာရယ် ငွေကြေးအဆင်မပြေတာတွေရယ် အခုလည်းပိုက်ဆံတွေတစ်အားတောင်းတာ တစ်သိန်းအောက်မရဘူး။ ဟိုတုန်းကဆိုရင် သုံးလေးသောင်းဆိုရနိုင်တယ် အခုက ၁သိန်းကနေ ၄ သိန်းထိရှိတယ် ကျင်းက ကြီးရင်ကြီးသလိုပေးရတယ်၊ အဲ့တာကျင်းတူးခဘဲရှိသေးတာနော် အပေါ်မှာ အုပ်မဲ့ဟာတွေနဲ့ဆို ငါးသောင်းခြောက်သောင်းလောက်ပြန်ကုန်အုံးမှာ ကြိုတင်ပြင်ဆင်နေကြတာ ဟုတ်တယ် ”လို့ပြောပါတယ်။ ဗန်းမော်ဒေသခံတွေဟာ ကတုတ်ကျင်းတူးရာ အနက် ၅ပေ အကျယ် ၇ပေ လောက်ကို အနည်းဆုံး ၁ သိန်း ပေးရတာဖြစ်ပြီး ကျင်းအကျယ်အဝန်းအလိုက် သုံးလေးသိန်းထိ ပေးတူးရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးအခြေအနေ ကောလဟာလအမျိုးမျိုးကြောင့် တစ်ခြားမြို့တွေဆီ ထွက်ပြေးတိမ်းရှာင်သူတွေများလာတဲ့အလျောက် ကားခတွေလည်းအရင်ကထက်ဈေးမြင့်တက်သွားပြီလို့ ဒေသခံတစ်ယောက်က ဆက်ပြောပါတယ်။ “ဒီမနက်ဆိုရင် မန်းလေးထိကို ၁သိန်း၂သောင်း ခါတိုင်း သောင်းဂဏန်းဘဲလေ ဟိုတစ်လောကဆိုရင် ၁သိန်းဘဲရှိသေးတာ ဒီရက်တွေက နီးလာတာနဲ့အမျှ ဈေးတွေကလည်းတက်တက်နေတယ် အဲ့တော့လည်း ဘယ်လိုကနေဘယ်လိုရှာကြံ ချေးငှားပြီးသွားရမလဲ ရှိတဲ့သူတွေကတစ်မျိုးပေါ့၊ ဒီနေ့လည်း မြို့ကနေထွက်တဲ့သူတွေက ကားတွေအပြည့်ဘဲ”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့မှာရှိတဲ့ ရွှေဆိုင်တွေ၊ ကုန်စုံဆိုင်၊ စတိုးဆိုင် တွေ တော်တော်များများပိတ်ထားတယ်လို့သိရပြီး ဒေသခံရဲ့ပြောပြချက်အရ တစ်ချို့ ဌာနဆိုင်ရာရုံးတွေလည်း ပိတ်ထားတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းနဲ့အရှိန်မြင့်တက်လာနေပြီး ဗန်းမော်ခရိုင် စစ်ကောင်စီ စကခ ၂၁ တပ်ထိုင်တဲ့ ဗန်းမော်မြို့အနီးကိုလည်း တိုက်ပွဲတွေဦးတည်လာနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ ကုန်းကြောင်း၊ရေကြောင်း၊လေကြောင်း အဓိက အချက်ချာကျတဲ့မြို့ဖြစ်ပြီး အစိုးရခရိုင်စိုက်ရာမြို့ဖြစ်တဲ့အပြင် ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်လို့လည်း ပြောလို့ရသလို ကချင်ပြည်နယ်ထဲက သင်္ဘောဆိပ်ဆိုက်ရာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ဘက်ကလည်း လက်ရှိ ဗန်းမော်မြို့ကို အဖက်ဖက်ကနေ အင်အားတွေစုစည်းနေပြီး ခံစစ်သဘောနဲ့ပြင်ဆင်တာတွေရှိနေတယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဗန်းမော်မြို့နဲ့အနီးဆုံး မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲက စစ်ကောင်စီ ခမရ ၁၄၂ ဗျူဟာတပ်စခန်းလည်း ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာဘဲ KIA ပူးပေါင်းတပ်တွေတိုက်ခိုက်မှုကြောင့် အလံဖြူထောင်လက်နက်ချခဲ့သလို တစ်လဝန်းကျင်ကြာလာပြီဖြစ်တဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးမှာ စစ်တပ်ရဲ့စခန်း ၆၀ ကျော်သိမ်းပိုက်ရရှိထားပြီလည်းဖြစ်ပါတယ်။ By – Bu Bu
Read More » -
Mar- 2024 -26 Marchတိုက်ပွဲ
လိုင်ဇာသွားလမ်းပေါ်က ကျန်ရှိနေသေးတဲ့ တပ်စခန်း ၄ ခုကို KIA တပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်နိုင်
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်ရဲ့ နောက်ဆုံးကျန်ရှိနေသေးတဲ့ မြို့သစ်၊ ကုန်းလော၊ စလောင်းကုန်း(တာဝါတိုင်ကုန်း)နဲ့ လုံဂျာဘွမ့် တပ်စခန်း ၄ ခုကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၆ ရက်နေ့ ဒီကနေ့ တစ်ရက်ထဲမှာပဲ သိမ်းပိုက်လိုက်နိုင်ပြီးလို့ KIO အတည်ပြုပြောဆိုပါတယ်။…
Read More »