ဗန်းမော်

  • Mar- 2024 -
    21 March
    တိုက်ပွဲ

    ဒုံးတပ်နဲ့ အမြှောက်တပ်ရှိတဲ့ နွမ့်လန့်နဲ့ နောင်ကွန်တပ်စခန်းကြီး ၃ ခုကို KIA တိုက်ခိုက်နေ

    မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ဒေါ့ဖုန်းယန်မြို့အနီး စစ်ကောင်စီတပ်ရဲ့ ဒုံးတပ်အပါ အမြှောက်တပ်တည်ရှိတဲ့ တပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မတ်လ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်ကနေ တပြိုင်နက်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နွမ်လန့်ဒေသခံတွေဆီကနေ သိရပါတယ်။ KIA ဘက်က ဒီမနက်တိုက်ခိုက်နေတဲ့ စခန်းတွေဟာ ဒေါ့ဖုန်းယန်မြို့မရောက်မှီ ၁၀ မိုင်လောက်အကွာ နွမ့်လန့်ကျေးရွာမှာရှိတဲ့ ခလရ ၄၃၈ တပ်ရင်း၊ ခလရ ၆၁၆ ဒုံးတပ် နဲ့ နောင်ကွန်မြှောက်တပ်စတဲ့ တပ်စခန်းကြီး ၃ နေရာဖြစ််််််််တယ်လို့ နွမ်လန့်ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုခုလိုပြောပါတယ်။ “နွမ်လန့်မှာ အခု ၁၁ နာရီအထိ တိုက်ပွဲပြင်းထန်နေတုန်းပဲ။ ၂ ဖက်တပ်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်နေကြတယ်။ နောင်ကွန်မှာက ခဏလေးမှာတင် လေယဉ်နဲ့ လာပစ်တာ ၂ ခါရှိသွားပြီ။ လေယာဉ်က ကင်းထောက်နဲ့ပစ်တာ။ ကုန်းလောစစ်တပ်ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ”လို့ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ နွမ်လန့်နဲ့ နောင်ကွန် ကျေးရွာမှာ စစ်ကောင်စီဘက်ကနေ တပ်စခန်းလက်မလွတ်ရအောင် ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံနေရတဲ့စခန်းတွေကို လေကြောင်းနဲ့ တစ်လှည့်စီ ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ညနေပိုင်း ၁ နာရီဝန်းကျင်အထိ တပ်စခန်း ၃ နေရာကို KIA က သိမ်းဆည်းနိုင်ခြင်းမရှိသေးသလို  ၂ ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေဖြစ်နေပြီး တိုက်ပွဲအခြေအနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ နောင်ကွန်မြှောက်တပ်နေရာဟာ နွမ့်လန့်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း ၅ မိုင်လောက်အကွာမှာရှိတဲ့ မြှောက်တပ်တစ်ခုဖြစ်ပြီး အဲဒီအမြှောက်တပ်နေရာကနေ ဒေါ့ဖုန်ယန်နဲ့ နွမ်လန့်အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတစ်ခုဖြစ်ပါတယ်။ နွမ်လန့်တပ်စခန်းကတော့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိပြီး တပ်စခန်း ဧရိယာ ၁၃၀၀ ကျော်လောက်ကျယ်ဝန်းတဲ့ နေရာမှာ တပ်ရင်းနဲ့ အမြှောက်တပ်တစ်ဆက်တည်း နေရာယူထားတဲ့ တပ်စခန်းကြီးဖြစ်တာကြောင့် စစ်တပ်ရဲ့ အလွန်အရေးပါတဲ့ တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီတပ်စခန်းတွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ KIA က သိမ်းပိုက်ထားတဲ့ ဒါဆိုင်းစစ်ကောင်စီတပ်စခန်းရဲ့ အထက်မှာရှိတဲ့ စခန်းနေရာတွေဖြစ်ပြီး ဒေါ့ဖုန်းယန်နဲ့ ဒါဆိုင်းကြားမှာ အနှစ် ၂၀ ဝန်းကျင်လောက် သက်တမ်း ကြာမြင့် တပ်စခန်း ၅ ခုအထက်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ KIA တပ်တွေက ဒေါ့ဖုန်းယန်နဲ့ ဒါဆိုင်းကျေးရွာကို သိမ်းပိုက်ထားတဲ့နောက်ပိုင်း အဲဒီတစ်ကြောမှာ ကျန်ရှိနေသေးတဲ့ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်၊ စီဟတ်နဲ့ နောင်ကွန် စတဲ့ တပ်စခန်းနေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ တစ်ဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ်မှာ မတ်လ ၇ ရက်ကနေစတင်ခဲ့တဲ့တိုက်ပွဲမှာ ဒေါ့ဖုန်းယန်အပါအဝင် KIA လိုင်ဇာအနီးတဝိုက်ရှိမှာတဲ့ နှစ်ရှည်တပ်စွဲထားတဲ့ အရေးကြီးတဲ့ တပ်စခန်းကြီး ၁၀ ခုကျော်နဲ့ ရှေ့တန်းတပ်စခန်းအငယ် စုစုပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားပြီဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်မှာ ဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ စခန်းအားလုံး ၃၀ ကျော်လောက် သိမ်းပိုက်ထားနိုင်ပြီ။ အဲထဲမှာ စစ်တပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းအကြီး ၁၀ ခုကျော်ပါတယ်။ အဲဒီတပ်စခန်းအကြီးတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတွေနဲ့ပေါင်းရင် ၃၀ ကျော်လောက်ရှိပြီ။ အခုလည်း ဆက်သိမ်းနေတာဖြစ်တဲ့အတွက် တိုက်ပွဲကရှိနေဆဲဖြစ်တယ်လို့”မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ မတ်လ ၇ ရက်နေ့စကပြီး ကချင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် KIO လိုင်ဇာ အနီးတဝိုက်နဲ့ ဖားကန့်၊ ဆွမ်ပရာဘွမ့်နဲ့ ဝိုင်းမော်ဒေသတွေမှာ နေ့တိုင်းလိုလို KIA က စခန်းသိမ်းတိုက်ပွဲဆင်းနွှဲနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 18 March
    ဖမ်းဆီးခံရမှု

    ဖမ်းဆီးခံထားရတဲ့ ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသား ၁၅ ဦးပြန်ပြီးလွတ်မြောက်

    ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းကနေ ဖမ်းဆီးခံထားရတဲ့ စစ်ရှောင်အမျိုးသား ၁၅ ဦး မနေ့ညနေပိုင်းပြန်ပြီးလွတ်မြောက်လာပြီဖြစ်တယ်လို့ စစ်ရှောင်စခန်းကနေ သိရပါတယ်။ အဲဒီစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်ည စစ်တပ်ကစစ်ရှောင်စခန်းထဲကနေ လာရောက်ဖမ်းဆီးခေါ်သွားတာဖြစ်ပြီး မတ်လ ၁၇ ရက်နေ့ မနေ့ ညနေ ၄ နာရီလောက်မှာ ပြန်လွတ်ပေးလိုက်တာဖြစ်တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံဆရာတစ်ဦးက ပြောပါတယ်။ “အကုန်ပြန်လွတ်လာပြီ၊ ဒီက ရပ်မိရပ်ဖတစ်ချို့နဲ့ သွားခေါ်ခဲ့တာပေါ့၊ သူတို့ဘက်ကလည်း မေးစရာရှိတာနည်းနည်းပါးပါးပြန်မေးပြီး ဘာအပြစ်မှမရှိဘူး ဆိုပြီး ခံဝန်ချက်ထိုးပြီး ပြန်လွတ်လိုက်တာပေါ့”လို့ပြောပါတယ်။ မတ်လ ၇ ရက်နေ့ကတည်းကစပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ထဲကို ကာကွယ်ရေးတပ်ဖွဲ့ KPDF တွေဝင်ရောက်လာပြီဆိုတဲ့ အကြောင်းပြချက်နဲ့မြို့တွင်း၊မြို့ပြင် အရပ်သားပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာ လုပ်ဆောင်လာပြီး မတ်လ ၈ ရက်နေ့မှာလည်း ဟိုတယ်၊ တည်းခိုခန်းအားလုံးမှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး မြစ်ဆုံဟိုတယ်ပိုင်ရှင်ကို ဖမ်းဆီးသွားတဲ့အပြင် မတ်လ ၉ ရက်နေ့ညမှာလည်း ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်ဖမ်းဆီးရသူ စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အဲဒီထဲ စစ်ရှောင်ကလေးတစ်ဦးကို အသက်မပြည့်သေးတာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေ့မှာဘဲ ပြန်လွတ်ပေးခဲ့သလို အမှုတော်ဆောင်ဆရာကိုတော့  မတ်လ ၁၀ ရက်နေ့ ၁၂ နာရီ ပြန်လွတ်ပေးလိုက်တာဖြစ်ပြီး ကျန်တဲ့ ၁၅ ယောက်ကိုတော့ တစ်ပတ်အကြာ မတ်လ ၁၇ ရက်အကြာမှပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လွတ်ပေးလိုက်တဲ့ ၁၅ ယောက်ကို ၃ လအပြင်မထွက်ဖို့ခံဝန်ကတိထိုးခိုင်းခဲ့တယ်လို့ စစ်ရှောင်စခန်းက နီးစပ်သူအမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။ “လွတ်တာကလွတ်တာပေမဲ့၊ သူတို့ကို အပြင်မထွက်ရလို့ လက်မှတ်ထိုးထားရတာပေါ့၊ သူတို့ စစ်စရာမေးစရာရှိလာရင် အချိန်မရွေးပြန်လာခေါ် နိုင်တယ်လို့လည်းပြောတယ်”လို့ဆိုပါတယ်။ အခုလို ပြန်လွတ်လာပေမဲ့ စစ်တပ်ဘက်က အချိန်မရွေးပြန်ခေါ်ပြီး စစ်ဆေးမေးမြန်နိုင်တဲ့အတွက် ဖမ်းခံခဲ့ရတဲ့ လူငယ်တွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ သူကဆက်ပြောပါတယ်။ ရောဘတ်စစ်ရှောင်စခန်းမှာနေထိုင်တဲ့ စစ်ရှောင်တွေဟာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် လာသူတွေဖြစ်ပြီး လူဦးရေ စုစုပေါင်း ၃၃၁၀ ယောက်နဲ့ အိမ်ထောင်စုပေါင်း ၅၆၂ စု ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေကို စကခ ၂၁ မှာဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးချိန် အရောင်သတ်မှတ်ကာ အညိုရောင်၊အနက်ရောင်၊ အဖြူရောင်အဆင့်လို့ သတ်မှတ်ပြီး စစ်ဆေးခဲ့ကာ ဒီစစ်ရှောင် ၁၅ ဦးကလည်း အဖြူရောင်အဆင့်ရှိသူတွေဖြစ်လို့ ပြန်လွတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ခုလို အရပ်သားတွေကို ပစ်မှတ်ထားဖမ်းဆီးအပြင် လက်နက်ကြီးပစ်ခတ်နေတာဟာ  ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေဘက်က မြစ်ကြီးနား– ဗန်းမော်လမ်းတစ်လျှောက်အပါအဝင် ကချင်ဒေသနေရာအနှံ့ ဆိုသလို စစ်မျက်နှာဖွင့် စစ်ဆင်ရေးစတင်လိုက်တဲ့နေ့ကစတာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့ အမှတ် –၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာကုန်းနဲ့ဗန်းမော်မြို့အခြေစိုက် ၂၃၆ ဟာ  မြို့ပတ်ပတ်လည် လက်နက်ကြီးပစ်ခတ်တာဟာ အင်မတန်ကိုဆိုးရွားလွန်းနေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ သင်္ဘောဆိပ်ကမ်းရှိတဲ့တစ်ခုတည်းသော မြို့နယ်ဖြစ်သလို အစိုးရအဆက်ဆက် ခရိုင်ရုံးစိုက်တဲ့မြို့နယ်ဖြစ်ပါတယ်။မြို့ဧရိယာနည်းပြီး ကျေးလက်ဧရိယာများကာ ဧရာဝတီမြစ်ကမ်းနံဘေးမှာတည်ရှိတဲ့မြို့နယ်ဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ရဲ့တောင်ဘက် မိုင် ၁၁၄ မိုင်အကွာမှာရှိပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ အကွာမှာရှိတာလည်းဖြစ်ပါတယ်။ ပထဝီမြေအနေထားအရရော စစ်ရေးအရပါ အရေးကြီးတဲ့နေရာမှာတည်ရှိပြီး ဗန်းမော်မြို့ရဲ့အရှေ့မြောက်ဘက် မိုင် ၄၀ အကွာမှာတော့ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဗန်းမော်ခရိုင်မှာ မံစီမြို့နယ်၊မိုးမောက်မြို့နယ်၊ရွှေကူမြို့နယ်၊ဗန်းမော်မြို့နယ်ဆိုပြီး မြို့နယ် ၄ မြို့နယ်ရှိပြီး လက်ရှိ ဗန်းမော်မြို့နယ်ထဲက ဗျူဟာကျစခန်းတွေကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နေတာလည်းဖြစ်ပါတယ်။ By – Bu…

    Read More »
  • 14 March
    သတင်းဆောင်းပါး

    ဗန်းမော်လက်မလွတ်ရေး စစ်တပ်က အစွမ်းကုန်ပြင်ဆင်နေ

    ပစ်သတ်ခံရသူတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိရှိခွင့်မပေးဘဲ မှောက်လျှက်အနေထားနဲ့ထားရှိပြီး အလောင်းသယ်ယူတဲ့ နာရေးကူညီမှုအသင်းတွေကိုလည်း မှတ်တမ်းဓါတ်ပုံရိုက်ယူခွင့်မပြု မှောက်လျှက်အနေထားနဲ့သာသယ်ဆောင်ဖို့ ခန်ဝံကတိရေးထိုးခိုင်းစေတယ်လို့ ဆိုပါတယ်။

    Read More »
  • 14 March
    တိုက်ပွဲ

    မိုးမောက်နယ် ဒါဆိုင်း(Dasai) တပ်စခန်းကို KIA က သိမ်းပိုက်နိုင်

    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နောင်လိုက်ကျေးရွာအနီးမှာရှိတဲ့ ဒါဆိုင်း(Dasai Dap) စစ်ကောင်စီတပ်ရဲ့ ခလရ ၂၃၇ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ မတ်လ ၁၄ ရက် ဒီကနေ့ မနက်ပိုင်းက အပြီးသတ်ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်ကလည်း အဆက်မပြတ်…

    Read More »
  • 13 March
    လူ့အခွင့်အရေးချိုးဖောက်မှု

    ဗန်းမော်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စကခ ၂၁ စစ်တပ်က ပစ်ခတ်နေတဲ့လက်နက်ကြီးကျည်တွေဟာ ကမ်းနီကျေးရွာအပါအဝင် ရွာ ၄ ရွာမှာကျရောက်ပေါက်ကွဲလို့ အသက် ၁၀ နှစ်အောက် ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ အမှတ် –၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာကုန်းကနေ ဗန်းမော်မြို့ပတ်ပတ်လည်ကို နေ့၊ည မပြတ်လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာဖြစ်ပြီး ဗန်းမော်မြို့ တစ်ဖက်ကမ်း ဧရာဝတီမြစ်အနောက်ဘက် အလယ်ကျွန်းရှိ မိုးစိမ်းကျွန်းနှင့် မိုင်းကာကျေးရွာအပြင် ကမ်းနီကျေးရွာနဲ့ စင့်ကင်ရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက ခုလိုပြောပါတယ်။ “ခုက ပတ်ပတ်လည်ပစ်နေတာ သေတဲ့သူတွေရဲ့နာမည်စာရင်း အတိကျတော့သိရဖို့ခက်တယ် တိတိကျကျပြောလို့ရတာက အသက် ၁၀နှစ်အောက် ကလေး ၃ယောက်ပါတယ် အမျိုးသမီး ၂ ယောက်ပါတယ်”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားသူတွေဟာ မိုင်းကာရွာ အသက် ၃၀ နှစ်ဝန်းကျင်အမျိုးသမီးတစ်ဦး၊ မိုးစိမ်းကျွန်း တစ်နှစ်ကျော်အရွယ်ကလေးတစ်ဦး၊ စင့်ကင်ရွာ အသက် ၅၇ နှစ်အရွယ် မဝင်းချစ်နဲ့ ကမ်းနီရွာမှာနောက်ထပ် ကလေး ၁၀အောက်ကလေး ၃ ဦးနဲ့ အသက် ၃၀ ဝန်းကျင် မိခင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်မြို့လမ်းမတစ်လျှောက် စစ်ကောင်စီတပ်စခန်းကို KIA ကစခန်းသိမ်းတိုက်ပွဲ စတင်လာတဲနေ့ကတည်းကနေစပြီး ဗန်းမော်မြို့ထဲမှာ စစ်ကောင်စီတပ်တွေက KPDF တွေမြို့ထဲဝင်ရောက်နေပြီဆိုတဲ့အကြောင်းပြချက်နဲ့ မြို့တွင်းမြို့ပြင် အရပ်သားတွေပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ ပစ်သတ်တာတွေများလာနေပြီဖြစ်တယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ လက်ရှိ မြို့ရှောင်လမ်း၊ ၃မိုင်၊ အရှေ့သာစည်၊ ၂ မိုင်အောင်သာ၊ဟန်းတဲရပ်ကွက်တွေမှာ လမ်းမပေါ်ထွက်လာတဲ့သူမှန်သမျှ စစ်တပ်က ပစ်သတ်နေလို့ သေဆုံးတဲ့ အရပ်သား ၁၀  ဦးထက်ဦးထက်မနည်းရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပစ်သတ်ခံရတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို သိခွင့်မရဘဲ စစ်တပ်က မှောက်လျက်အနေထားနဲ့ပစ်သတ်ထားပြီး နာရေးကူညီမှုအသင်းကလည်း မှောက်လျက်အနေထားနဲ့ သယ်ယူဖို့နဲ့ ဓါတ်ပုံမှတ်တမ်းတွေမရိုက်ဖို့ ခံဝန်ကတိရေးထိုးပြီး သယ်ယူနေကြတယ်လို့ ဆိုကြပါတယ်။ “နာရေးကူညီမှုအသင်းတွေအများကြီးရှိတယ် အဲထဲကမှသူတို့ရွေးပြီးခေါ်တာလို့သိရတယ် မှောက်တဲ့အနေထားနဲ့ပစ်သတ်ထားတယ် မျက်နှာကြည့်ခွင့်မရှိ လူနာတင်တဲ့သူတွေကလည်း မှောက်လျက်တင်ပြီး မီးရှို့ရတယ်ပြောတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။ မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်မြို့လမ်းမတစ်လျှောက် စစ်ကောင်စီတပ်စခန်းကို KIA ကစခန်းသိမ်းတိုက်ပွဲ စတင်လာတဲနေ့ကတည်းကနေစပြီး ဗန်းမော်မြို့မှာအကြောင်းမဲ့ဖမ်းဆီးခံရတဲ့သူတွေလည်း များလာနေပြီဖြစ်သလို လက်ရှိဗန်းမော်မြို့မှာ MPT နဲ့ဖုန်းလိုင်းတစ်ချို့လည်းပိတ်ခံထားရတယ်လို့ဆိုပါတယ်။ By – ဇမီ

    Read More »
  • 11 March
    သတင်း

    ဖမ်းဆီးခံထားရတဲ့ စစ်ရှောင် ၁၇ ဦးထဲက အမှု‌တော်ဆောင်ဆရာတစ်ဦးနဲ့ စစ်ရှောင်တစ်ဦးလွှတ်မြောက်

    ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက ဖမ်းဆီးခံထားရတဲ့ အမှာတော်ဆောင်တစ်ဦးအပါအဝင်စစ်ရှောင်အမျိုးသား ၁၇ ဦးထဲက  အမှုတော်ဆောင်ဆရာနဲ့ စစ်ရှောင်လူငယ်တစ်ယောက် ပြန်လွတ်လာပြီလို့ စစ်ရှောင်စခန်းနဲ့နီးစပ်တဲ့ ဗန်းမော်မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်တွေဟာ…

    Read More »
  • 11 March
    တိုက်ပွဲ

    စစ်ဆင်ရေး ၃ ရက်အတွင်း စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင် KIA မဟာပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

    မြစ်ကြီးနား – ဗန်းမော်ကားလမ်းမ တစ်လျောက် နဲ့ လိုင်ဇာမြို့အနီးပတ်ဝန်းကျင်က စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်အရှိန်မြှင့်ပြီး KIO ဌာနချူပ် လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြောရှိ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက် တိုက်ခိုက်နေရာ ၃ ရက်အတွင်း စခန်းပေါင်း ၂၀ ဝန်းကျင် သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။ “နောက်ဆုံးအခြေအနေက သူတို့ရဲ့ အင်အားတွေစုထားတဲ့ နောင်ရာဇိန်ခန် (Naura Zinghkang) စစ်တပ်စခန်းကြီးကို သိမ်းပိုက်ထားတယ်။ ၇ ရက်နေ့ကစပြီး မနေ့ညအထိ သိမ်းပိုက်ထားတာ စခန်းကြီး၊ စခန်းငယ် အားလုံးပေါင်းရင်တော့ ၂၀ လောက်ရှိပြီ။” ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ အရေးကြီး တပ်စခန်းကြီးတွေကတော့  ခယာဘွမ် (Hkaya bum)၊ နောင်ရာဇိန်ခန်(Naura Zinghkang)၊ ဖွန်းပရန်ဘွမ် (Hpun pyen bum) ၊ အင်တပ်ဘွမ် (Ntap Bum)၊ ရှဒန်ပါ လေယာဉ်ကွင်းစခန်း၊ မလိ (Mali myen dap) ၊ လဂျားယန်ဘက်က မဆဲန်ဘွမ်( Masen bum)၊ ဒေါ့ဖုန်းယန် စတဲ့တပ်စခန်းတွေဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေါ့ဖုန်းယန် – ဗန်းမော်ဘက် မြို့သစ် – ကုန်းလောက စစ်တပ်စခန်းတွေအပါအဝင် ပန်စွန်တပ်စခန်း၊ ခလားကုန်းတပ်၊ ခန်းကိုင်ကုန်းစစ်တပ် စတဲ့စခန်းတွေနဲ့ ရှေ့တန်းစခန်းငယ်အမြောက်အများ သိမ်းပိုက်ထားနိုင်တဲ့အခြေအနေရှိကြောင်း သိရပါတယ်။ လက်ရှိ လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်း ၊ တောင်ကုန်းတစ်ကြော စစ်တပ်စခန်းအများပိုင်းကို KIA သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ဘွမ်ရေဘွမ်စခန်းကြီးနဲ့ စခန်းငယ်တချို့ကျန်ရှိသေးကာ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ “အကြီးဆုံး ဘွမ်ရေဘွမ်စခန်း ကျန်တယ်။ အဲ့ဒီအနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြော လုံရော့ (Lungrawk) တပ်စခန်းတွေကျန်တယ်။ သူ့ရဲ့ ရှေ့တန်းစခန်းတော်တော်များကျန်တယ်။ အဲ့လို တပ်စခန်းကြီးတွေ ကျန်နေသေးတာဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ဆက်လက်တိုက်ခိုက်နေတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက် မနက်အစောပိုင်းကပြီး မြစ်ကြီးနား – ဗန်းမော်ကားမတစ်ကြောရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ လိုင်ဇာမြို့ကို အမြဲလက်နက်ကြီး ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က တပ်ပေါင်းစုတွေ တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက်နေ့မနက်ထိ ၃ ရက်အတွင်းက အခြေအနေဖြစ်ပါတယ်။ လက်ရှိ ရွှေညောင်ပင်နဲ့ အောင်မြေ ၁ ကြားမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူနေကြောင်း ဒေသခံတွေ ပြောပါတယ်။ အဲ့ဒါအပြင် စစ်တပ်က နေ့တိုင်းလေကြောင်းကနေ အပြင်းအထန် လာရောက်ပစ်ခတ် ဗုံးကြဲတာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ အောင်မြေ ၁ ၊ အောင်မြေ ၂ ကျေးရွာတွေမှာ စစ်ကောင်စီက ရွာသားတွေကို ထွက်ပြေးခွင့်မပေးပဲ လူသားဒိုင်းပြုလုပ်ထားပြီး ဘုန်းကြီးကျောင်းတစ်နေရာထဲမှာပဲ စုထားတာကြောင့် ဒေသခံပြည်သူအမြောက်အများ ပိတ်မိနေတာလည်း ရှိပါတယ်။…

    Read More »
  • 10 March
    သတင်း

    ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းက အမှုတော်ဆောင် ဆရာတစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် 

    ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက အမှုတော်ဆရာတစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်က မနေ့ညမှာ ဖမ်းဆီးသွားတယ်လို့ စစ်ရှောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၉ ရက်ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်တွေဟာ…

    Read More »
  • 8 March
    ဖမ်းဆီးခံရမှု

    ရွှေမြစ်ဆုံဟိုတယ်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေအပါအဝင် တည်းခိုနေတဲ့ဧည့်သည်တွေအားလုံး စစ်တပ်ဖမ်းဆီးသွား

    ဗန်းမော်မြို့ သာစည်ရပ်ကွက်မှာရှိတဲ့ ရွှေမြစ်ဆုံဟိုတယ်က ဟိုတယ်ပိုင်ရှင်နဲ့ဝန်ထမ်းများအားလုံးအပါအဝင် ဟိုတယ်မှာလာရောက်တည်းခိုနေတဲ့ဧည့်သည်တွေကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ မတ်လ ၈ ရက်နေ့ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ထဲမှာရှိတဲ့ ဟိုတယ်၊တည်းခိုခန်းအားလုံးရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် မြစ်ဆုံဟိုတယ်က တည်းခိုကိုဝင်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက KNG ကိုပြောပါတယ်။ “အရင်ဆုံးက ဟိုတယ်က ဝန်ထမ်းယောကျာ်းလေး ၃ ယောက်အရင်ဖမ်းသွားတာ တအောင့်နေတော့ ပြန်လာပြီး အားလုံး ယောကျာ်းလေးမှန်သမျှ ဝန်ထမ်းရော တည်းခိုတဲ့ဧည့်သည်ယောကျ်ားလေးတစ်ယောက်မကျန်ဖမ်းသွားတယ်လို့ သိရတယ်။ နေ့လည် ၁၂ နာရီကနေ တစ်မြို့လုံးမှာရှိတဲ့ ဟိုတယ်၊တည်းခိုခန်းအားလုံကိုစစ်တာတဲ့ ဒါပေမယ့် ကျန်တဲ့ဟိုတယ်တွေက ဖမ်းဆီးတာမကြားမိဘူး မြစ်ဆုံဟိုတယ်တစ်ခုတည်းကိုဘဲ ရွေးပြီးဖမ်းသွားတာလို့ သိရတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြို့ထဲမှာရှိတဲ့ ဟိုတယ်အားလုံးကိုစစ်ဆေးခဲ့ပေမေယ့်  ရွှေမြစ်ဆုံဟိုတယ်က ဝန်ထမ်း၊ဧည့်သည်တွေကိုသာ စစ်ဆေးဖမ်းဆီးသွားတာဟာ မင်္သကာတာတစ်ခုခုရှိနိုင်တာကြောင့်ဖြစ်နိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ဖမ်းဆီးခံသွားရသူတွေရဲ့ လူဦးရေစာရင်းတိတိကျကျကိုလည်းမသိရသေးတဲ့အပြင် လက်ရှိချိန်ထိဘယ်နေရာမှာထိန်းသိမ်းထားလဲဆိုတာကိုလည်း မသိရသေးဘူးလို့ မြို့ခံတွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့ မနေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်လမ်းတစ်လျှောက် စစ်တပ်စခန်းကို KIA၊ KPDF ပူးပေါင်းတပ်တွေဘက်က စခန်းသိမ်းစစ်ဆင်ရေးလုပ်ဆောင်နေပြီး စစ်တပ်စခန်းအများအပြားကိုလည်း KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိိုက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ ကြိုတင်ပြင်ဆင်နေတာဖြစ်သလို ဗန်းမော်မြို့ထဲကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်နေပြီဆိုတဲ့ သတင်းတွေရရှိထားတာကြောင့် ခုလိုလိုက်လံစစ်ဆေးဖမ်းဆီးတာတွေလုပ်နေတာဖြစ်တယ်လို့လည်း ဗန်းမော်ဒေသခံတွေကပြောဆိုနေကြပါတယ်။ “ခုတိုက်ပွဲက နီးလာတော့ ဗန်းမော်မြို့ထဲတပ်ကလည်း ၂ ရက်ရှိပြီ လက်နက်ကြီးနဲ့ထုနေတာ ပစ်လိုက်နားလိုက်နဲ့ ခုလည်း မြို့ထဲ PDF တွေဝင်နေပြီဆိုတဲ့သတင်းမျိုးကြားတာထင်တယ် စစ်ဆေးတာတွေဆက်တိုက်လုပ်နေတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့တက္ကသိုလ်ကျောင်းက ဝန်ထမ်းတွေနဲ့ကျောင်းသား၊သူတွေကိုလည်း မနေ့ညမှာ နေရာပြောင်းရွှေ့ထွက်သွားခိုင်းပြိးနောက် စစ်တပ်က ကျောင်းမှာတပ်စွဲနေပြီလို့လည်း သိရပါတယ်။ လက်ရှိ ဗန်းမော်မြို့နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ မိုးမောက်မြို့ဘက်ကိုလည်း KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ By – Alaxia

    Read More »
  • 7 March
    စစ်ပြေးဒုက္ခသည်များ

    မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဒေသခံတစ်ချို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာမှာကိုစိုးရိမ်ကြတဲ့ အတွက် မြို့ခံပြည်သူအများအပြားဟာ ရိက္ခာတွေပြေးဝယ်နေကြပြီး တစ်ချို့မြို့ပြင်ဘက်ကို တိမ်းရှောင်သွားကြတာတွေရှိတယ်လို့သိရပါတယ်။ ဒီကနေ့ မတ်လ ၇ ရက်နေ့မနက်ပိုင်းမှာ မြစ်ကြီးနား–ဗန်းမော်ကားလမ်းပိုင်း ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်စစ်ကောင်စီတပ် စခန်းနဲ့ မိုးမောက်နယ်ထဲက နွမ်လန်း၊…

    Read More »
Back to top button