ဖမ်းဆီးခံရမှုသတင်း

ဖမ်းဆီးခံထားရတဲ့ ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသား ၁၅ ဦးပြန်ပြီးလွတ်မြောက်

ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းကနေ ဖမ်းဆီးခံထားရတဲ့ စစ်ရှောင်အမျိုးသား ၁၅ ဦး မနေ့ညနေပိုင်းပြန်ပြီးလွတ်မြောက်လာပြီဖြစ်တယ်လို့ စစ်ရှောင်စခန်းကနေ သိရပါတယ်။

အဲဒီစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ မတ်လ  ရက်ည စစ်တပ်ကစစ်ရှောင်စခန်းထဲကနေ လာရောက်ဖမ်းဆီးခေါ်သွားတာဖြစ်ပြီး မတ်လ ၁၇ ရက်နေ့ မနေ့ ညနေ  နာရီလောက်မှာ ပြန်လွတ်ပေးလိုက်တာဖြစ်တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံဆရာတစ်ဦးက ပြောပါတယ်။

အကုန်ပြန်လွတ်လာပြီ၊ ဒီက ရပ်မိရပ်ဖတစ်ချို့နဲ့ သွားခေါ်ခဲ့တာပေါ့၊ သူတို့ဘက်ကလည်း မေးစရာရှိတာနည်းနည်းပါးပါးပြန်မေးပြီး ဘာအပြစ်မှမရှိဘူး ဆိုပြီး ခံဝန်ချက်ထိုးပြီး ပြန်လွတ်လိုက်တာပေါ့လို့ပြောပါတယ်။

မတ်လ  ရက်နေ့ကတည်းကစပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ထဲကို ကာကွယ်ရေးတပ်ဖွဲ့ KPDF တွေဝင်ရောက်လာပြီဆိုတဲ့ အကြောင်းပြချက်နဲ့မြို့တွင်း၊မြို့ပြင် အရပ်သားပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာ လုပ်ဆောင်လာပြီး မတ်လ  ရက်နေ့မှာလည်း ဟိုတယ်၊ တည်းခိုခန်းအားလုံးမှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး မြစ်ဆုံဟိုတယ်ပိုင်ရှင်ကို ဖမ်းဆီးသွားတဲ့အပြင် မတ်လ  ရက်နေ့ညမှာလည်း ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်ဖမ်းဆီးရသူ စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

အဲဒီထဲ စစ်ရှောင်ကလေးတစ်ဦးကို အသက်မပြည့်သေးတာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေ့မှာဘဲ ပြန်လွတ်ပေးခဲ့သလို အမှုတော်ဆောင်ဆရာကိုတော့  မတ်လ ၁၀ ရက်နေ့ ၁၂ နာရီ ပြန်လွတ်ပေးလိုက်တာဖြစ်ပြီး ကျန်တဲ့ ၁၅ ယောက်ကိုတော့ တစ်ပတ်အကြာ မတ်လ ၁၇ ရက်အကြာမှပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြန်လွတ်ပေးလိုက်တဲ့ ၁၅ ယောက်ကို  လအပြင်မထွက်ဖို့ခံဝန်ကတိထိုးခိုင်းခဲ့တယ်လို့ စစ်ရှောင်စခန်းက နီးစပ်သူအမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။

လွတ်တာကလွတ်တာပေမဲ့၊ သူတို့ကို အပြင်မထွက်ရလို့ လက်မှတ်ထိုးထားရတာပေါ့၊ သူတို့ စစ်စရာမေးစရာရှိလာရင် အချိန်မရွေးပြန်လာခေါ် နိုင်တယ်လို့လည်းပြောတယ်လို့ဆိုပါတယ်။

အခုလို ပြန်လွတ်လာပေမဲ့ စစ်တပ်ဘက်က အချိန်မရွေးပြန်ခေါ်ပြီး စစ်ဆေးမေးမြန်နိုင်တဲ့အတွက် ဖမ်းခံခဲ့ရတဲ့ လူငယ်တွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

ရောဘတ်စစ်ရှောင်စခန်းမှာနေထိုင်တဲ့ စစ်ရှောင်တွေဟာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် လာသူတွေဖြစ်ပြီး လူဦးရေ စုစုပေါင်း ၃၃၁၀ ယောက်နဲ့ အိမ်ထောင်စုပေါင်း ၅၆၂ စု ရှိတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို စကခ ၂၁ မှာဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးချိန် အရောင်သတ်မှတ်ကာ အညိုရောင်၊အနက်ရောင်၊ အဖြူရောင်အဆင့်လို့ သတ်မှတ်ပြီး စစ်ဆေးခဲ့ကာ ဒီစစ်ရှောင် ၁၅ ဦးကလည်း အဖြူရောင်အဆင့်ရှိသူတွေဖြစ်လို့ ပြန်လွတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခုလို အရပ်သားတွေကို ပစ်မှတ်ထားဖမ်းဆီးအပြင် လက်နက်ကြီးပစ်ခတ်နေတာဟာ  ကချင်လွတ်လပ်ရေးတပ်မတော် KIA  ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေဘက်က မြစ်ကြီးနား– ဗန်းမော်လမ်းတစ်လျှောက်အပါအဝင် ကချင်ဒေသနေရာအနှံ့ ဆိုသလို စစ်မျက်နှာဖွင့် စစ်ဆင်ရေးစတင်လိုက်တဲ့နေ့ကစတာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

လက်ရှိ ဗန်းမော်မြို့ အမှတ် –၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁ဗျူဟာကုန်းနဲ့ဗန်းမော်မြို့အခြေစိုက် ၂၃၆ ဟာ  မြို့ပတ်ပတ်လည် လက်နက်ကြီးပစ်ခတ်တာဟာ အင်မတန်ကိုဆိုးရွားလွန်းနေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ သင်္ဘောဆိပ်ကမ်းရှိတဲ့တစ်ခုတည်းသော မြို့နယ်ဖြစ်သလို အစိုးရအဆက်ဆက် ခရိုင်ရုံးစိုက်တဲ့မြို့နယ်ဖြစ်ပါတယ်။မြို့ဧရိယာနည်းပြီး ကျေးလက်ဧရိယာများကာ ဧရာဝတီမြစ်ကမ်းနံဘေးမှာတည်ရှိတဲ့မြို့နယ်ဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ရဲ့တောင်ဘက် မိုင် ၁၁၄ မိုင်အကွာမှာရှိပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ အကွာမှာရှိတာလည်းဖြစ်ပါတယ်။

ပထဝီမြေအနေထားအရရော စစ်ရေးအရပါ အရေးကြီးတဲ့နေရာမှာတည်ရှိပြီး ဗန်းမော်မြို့ရဲ့အရှေ့မြောက်ဘက် မိုင် ၄၀ အကွာမှာတော့ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဗန်းမော်ခရိုင်မှာ မံစီမြို့နယ်၊မိုးမောက်မြို့နယ်၊ရွှေကူမြို့နယ်၊ဗန်းမော်မြို့နယ်ဆိုပြီး မြို့နယ်  မြို့နယ်ရှိပြီး လက်ရှိ ဗန်းမော်မြို့နယ်ထဲက ဗျူဟာကျစခန်းတွေကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နေတာလည်းဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button