မိုးမောက်
-
Oct- 2023 -20 Octoberသတင်း
အောင်ဂျာတပ်စခန်း KIA တိုက်ခိုက်သိမ်းပိုက်
မိုးမောက်မြို့နယ် လိုင်လွမ့်အောင်ဂျာတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ လိုင်လွမ့်အောင်ဂျာ (Lailum Awng Ja) တပ်စခန်း ၃ ခုအနက် ကားလမ်းမဘေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကို အခုလိုပြောပါတယ်။ “စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်က စခန်းကတော့ ဟိုတစ်လောက သိမ်းလိုက်ပြီလေ ခုသိမ်းတာက။ မြစ်ကြီးကနေ ဆင်းလာရင် ခုကားလမ်းအသစ်တံတားကျော်ရင် ကားလမ်းဘေး ဘယ်ဘက်မှာရှိတဲ့ စခန်းကိုသိမ်းတာ။ မနက် ၂ နာရီလောက်ကနေ စသိမ်းတာ နေ့လည် ၁ နာရီလောက်မှာ သူတို့ဘက်က ဆုတ်သွားပြီ” လို့ ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးတာများပြီး KIA ဘက်ကလည်း ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသူများတယ်လို့ သူကဆက်ပြောပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁၀ နာရီခန့်ပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်နေချိန်တွင်း စစ်တပ်ဘက်က စစ်ရဟတ်ယာဉ် ၂ စီးနဲ့ စစ်လက်နက် ရိက္ခာ ၁၂ အိတ်လောက်လာရောက်ချပေးခဲ့ပေမယ့် အများပိုင်းကိုတော့ KIAဘက် က သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က မြစ်ကြီးနားကနေ လာတဲ့ဂျက်ဖိုက်တာ ၂ စီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ လွှဲချော်ခဲ့လို့ KIA ဘက် ထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိမှာ အောင်ဂျာဘက်ကို မြစ်ကြီးနားကနေ စစ်ကောင်စီတပ်တွေက စစ်ကား ၃ စီးနဲ့အင်အားဖြည့်လာဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းလည်း ကြားနေရပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။…
Read More » -
16 Octoberသတင်း
ဒိန်ဂါရွာက နေအိမ်တစ်ချို့ မီးရှို့ဖျက်ဆီး
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လုံဂျုံယန်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ဒိန်ဂါရွာကိုလည်း ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ ဒေါ့ဖုန်းယန်ကနေထွက်ခွာလာတဲ့ စစ်ကြောင်းတွေဟာ ဒိန်ဂါရွာထဲကို မနက် ၈ နာရီလောက်မှာဝင်ရောက်လာပြီး ကျေးရွာနေအိမ်တွေ နဲ့ အဆောက်အအုံတစ်ချို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးကအခုလို ပြောပါတယ်။…
Read More » -
14 Octoberသတင်း
ခလားနဲ့ ဒိန်ဂါကြားမှာ စစ်ရိက္ခာသယ်ယာဉ်တန်းကို လုံခြုံရေးယူတဲ့ စစ်ကြောင်း နဲ့ KIA တပ် တိုက်ပွဲဖြစ်
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အနီး ခလားနဲ့ ဒိန်ဂါ ကျေးရွာ ၂ ခုကြားမှာ စစ်ကောင်စီရဲ့ စစ်ရိက္ခာသယ် ယာဉ်တန်းထွက်ခွာဖို့ရန်အတွက် လုံခြုံရေးဖြည့်တင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာလ ၁၄ ရက် ဒီကနေ့ မနက်ပိုင်း…
Read More » -
11 Octoberသတင်း
စစ်ကောင်စီတပ်ဟာ နောင်ကွမ်ကျေးဒေသခံတွေရဲ့ နေအိမ်ထဲကပစ္စည်းတွေကိုခိုးယူသွား
ကချင်ပြည်နယ် မိုးမောက်မြို့နယ် နောင်ကွမ်ကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းတွေဝင်ရောက်လာပြီး ရွာသားတွေကိုဘုန်းကြီးကျောင်းမှာပြောင်းရွေ့ထားခိုင်းပြီးနောက် နေအိမ်တွေကိုဝင်မွှေပြီး ပစ္စည်းတွေကိုခိုးယူသွားတယ်လို့ မိုးမောက်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေါ့ဖုန်းယန်မြို့တွင်းတပ်ကနေ စစ်အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းက ဒေါ့ဖုန်းယန်နဲ့ လေးမိုင်လောာက်ဝေးတဲ့ နောင်ကွမ်ကျေးရွာထဲကိုဝင်ရောက်လာပြီး ရွာသားတွေကို နောင်ကွမ်ရွာ ဘုန်းတော်ကြီးကျောင်းထဲမှာပြောင်းရွေ့ခိုင်းထားပြီးနောက် ရွာထဲကလူနေအိမ်တွေကို ဝင်ရောက်ရှာဖွေကာ တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုယူဆောင်တာ…
Read More » -
Sep- 2023 -9 Septemberသတင်း
စစ်ယာဉ်တန်း ပြန်ထွက်နိုင်ဖို့ လက်နက်ကြီးနဲ့ ခြောက်လှန့်ပစ်ခတ်
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် ရိက္ခာသယ် ထောက်ပို့ယာဉ်တန်းတွေ ထွက်ခွာဖို့ ပြင်ဆင်နေချိန် အနီးနားက စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒီမနက် ၅ နာရီလောက်မှာ ဒေါ့ဖုန်းယန်မြို့အခြေစိုက် ဟန်းဂိုင်ဘွမ့် (Hanggai Bum) တပ် နဲ့ ဖွန်းပရန်ဘွမ့် (Hpun Pyen Bum) စတဲ့ စစ်တပ်စခန်း ၂…
Read More » -
May- 2023 -31 Mayဆောင်းပါး
စစ်ရေးနဲ့ ဝမ်းရေးကြားက အပူသည်များ
“ပြေးရ လွှားနေရတာနဲ့ဘဲ တစ်နှစ်ပြည့်လာနေပြီ ခုချိန်ထိဘာမှ မလုပ်ရသေးဘူး” လို့ ပြောလာသူကတော့ ဗန်းမော်ခရိုင် မိုးမောက်မြို့ ဝဝမ်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ကိုင်လိန် (အမည်လွှဲ) ဖြစ်ပါတယ်။ ဒေါ်ကိုင်လိန် (အမည်လွှဲ) တို့ မိသားစုဝင်တွေဟာ ဝဝမ်ကျေးရွာ ဒေသခံတွေဖြစ်ကြပြီးတော့ မိသားစုဝမ်းရေးအတွက် လယ်ယာလုပ်ငန်းကို အဓိက…
Read More » -
24 Mayစစ်ပြေးဒုက္ခသည်များ
လုံဂျာဘွမ်(Lung Ja Bum) တောင်ခြေတွင် စစ်ကောင်စီ တပ်စွဲထားဆဲဖြစ်သောကြောင့် ဒေသခံတောင်သူများ အခက်တွေ့နေ
ဗန်းမော်ခရိုင် မိုးမောက်မြို့ လုံဂျာဘွမ်(Lung Ja Bum) တောင်ခြေတွင် စစ်ကောင်စီတပ်စခန်းတိုးချဲ့ တပ်စွဲလိုက်သောကြောင့် အနီးတဝိုက်ရှိသော ဒေသခံပြည်သူများ တောင်ယာစိုက်ခင်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်စားသောက်ရန် အခက်ခဲများ ကြုံတွေ့နေရသည်ဟု သိရသည်။ လုံဂျာဘွမ်(Lungja bum) တောင်ခြေရှိ ၀ဝမ်ကျေးရွာမှ…
Read More » -
Nov- 2022 -12 Novemberတိုက်ပွဲ
မိုင်းဆွဲခံလိုက်ရသည့် စစ်ကောင်စီတပ်သည် မိုးမောက် မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့
ဗန်းမော်ခရိုင် မိုးမောက် မြို့နယ် လုံဂျာဘွမ်ဆုတောင်းတောင်ဘက်မှဆင်းလာသည့် စစ်ကြောင်းအား KIA တပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် မိုးမောက်မြို့တွင်းပစ်ခတ်မူများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင် လုံဂျာဘွမ်ဆုတောင်းတောင်မှဆင်းလာသည့်စစ်ကြောင်းနှင့်…
Read More » -
May- 2022 -13 Mayသတင်း
မီတာကြေး မပေးလျှင် မီတာဘောက်ပြန်သိမ်းခြင်းနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု EPC ခြိမ်းခြောက်
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ပြည်သူများ မီတာခ မပေးဆောင်ပါက လျှပ်စစ်မီး ဖြတ်တောက်ခြင်း၊ မီတာဘောက် ပြန်သိမ်းမည့်အပြင် တရားစွဲဆိုသည်အထိ ပြုလုပ်သွားမည်ဟု မိုးမောက် မြို့နယ်လျှပ်စစ်ရုံးက စာဖြင့် ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။…
Read More » -
Feb- 2022 -18 Februaryသတင်း
မိုးမောက်တွင် တိုက်ပွဲဆက်ဖြစ်လာနိုင်သဖြင့် ဒေသခံများ နေရပ်မပြန်သေး
ကချင်ပြည်နယ် မိုးမောက်မြို့အနီး ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ကွက်ကြားတွင် ယမန်နေ့ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ရှောင်များအတွက် လက်ရှိတွင် အစားအသောက်နှင့် အသုံးဆောင်ပစ္စည်များ ကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၇ ရက် ယမန်နေ့က စစ်ကောင်စီတပ်နှင့်…
Read More »









