,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

မိုးမောက်တွင် တိုက်ပွဲဆက်ဖြစ်လာနိုင်သဖြင့် ဒေသခံများ နေရပ်မပြန်သေး

ကချင်ပြည်နယ် မိုးမောက်မြို့အနီး ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ကွက်ကြားတွင် ယမန်နေ့ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ရှောင်များအတွက် လက်ရှိတွင် အစားအသောက်နှင့် အသုံးဆောင်ပစ္စည်များ ကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက် ယမန်နေ့က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ရပ်ကွက်ရှိ ဒေသခံ အိမ်ခြေ ၆၀ ခန့်နှင့် စစ်ရှောင်ဦးရေ ၂၀၀ ကျော်မှာ မြို့မရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စခန်းတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မနေ့ကနေ ဒီကနေ့အထိတော့ ဘုရားကျောင်းကနေ တတ်နိုင်သလို အစားအသောက်စီစဉ်ပေးနေတယ်။ ဒါပေမယ့် အခြေအနေက သူတို့အတွက် အစားအသောက်တွေနဲ့ သူတို့ ဒီမှာရှိတဲ့အချိန်မှာ သုံးဖို့ အသုံးအဆောင်ပစ္စည်းတွေပေါ့လေ။ ဘယ်အချိန်အထိ တိမ်းရှောင်ရမယ်ဆိုတာမသိဘူးလေ။ အချိန်ကြာလာရင်တော့ ပိုခက်ခဲလာနိုင်တယ်” ဟု ပြောဆိုသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ယခုချိန်ထိလည်း စစ်ကောင်စီဘက်က စစ်အင်အား တိုးချဲ့ထားသောကြောင့် စစ်ပွဲထပ်ဖြစ်လာနိုင်သဖြင့် နေရပ်မပြန်သေးကြောင်း သိရသည်။

ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ကွက်အနီး တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ပြည်သူများ ထိခိုက်သေဆုံးမှု မရှိသော်လည်း လူနေတစ်ချို့ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စွဲထားသည့်နေရာသို့ စစ်ကောင်စီတပ်ဘက်က စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းများအရ သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သောနေရာများသည် ယခင်နှစ်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော မြို့သစ်၊ ကုန်းလော ကျေးရွာများဖြင့် ၁၀ မိုင်ခန့်သာ ဝေးကွာတော့သည်ဟု သိရပါသည်။

Read Previous

ချောင်းဦး အိမ်ခြေ ၂၀၀ ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

Read Next

ပူတာအို ဒေသသို့ စစ်ကောင်စီတပ် လေယာဉ်ဖြင့် အင်အား ပို့ဆောင်