မီးရှို့ဖျက်ဆီး
-
Feb- 2024 -21 Februaryသတင်း
စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ ကောလင်းမြို့ပေါ်မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရ
စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ပေါ်က နေအိမ်တွေကို စစ်တပ်က နေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး အရပ်သားတွေလည်း ဘေးလွှတ်ရာမှာ ဆက်လက်တိမ်းရှောင်နေရတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်တွေဟာ ကောလင်းမြို့ကို စစ်ကောင်စီတပ်ဆီ ပြန်လက်လွှတ်ခဲ့ရပြီး အဲ့ဒီနေ့ကစပြီး နေ့တိုင်းလိုလို မြို့ပေါ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ပြောပါတယ်။ “သူတို့မြို့ထဲကို စဝင်ပြီဆိုကတည်းကစရှို့နေတာပါပဲ မြို့လယ်ခေါင်ကအိမ်တွေကို ဖျက်တာတွေလည်းဖျက်ရှို့တာတွေလည်းရှို့ပေါ့ နေ့တိုင်းကိုရှို့တာ မီးခိုးတွေမြင်နေရတာ မြို့ထဲကိုတော့လုံးဝ ကပ်မရလို့ အခြေနေအသေးစိတ်တော့မသိပါဘူး”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့နေအိမ်တွေမှာ ကျန်နေတဲ့အဖိုးတန်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို ဝန်းသိုမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေဆီ ကားတွေနဲ့သယ်ယူတာတွေပါလုပ်နေတယ်လို့သိရပါတယ်။ တစ်ဖက်မှာ ကောလင်းမြို့နယ်က ဒေသခံတွေဟာလည်း ကောလင်းမြို့နယ်ထဲက ဘေးလွှတ်ရာရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံတွေကလည်း မြို့ထဲကို ပြန်မဝင်နိုင်ကြသေးဘူးလို့ပြောပါတယ်။ “စစ်တပ်က မြို့ကိုဖျက်ဆီးမီးရှို့နေတော့ အရပ်သားတွေကမဝင်ပါဘူး သူတို့ကပြီးရင် လိုချင်တဲ့ ပစ္စည်းတွေကို သယ်ပြီးတော့ ဝန်းသိုဘက်ကို ခိုးထုတ်နေတာ ပြည်သူကတော့ သူတို့ခေါ်ခေါ် မခေါ် ခေါ် ဝင်မယ်မထင်ဘူး ဝင်တာလည်းမတွေ့သေးဘူး” လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ ကောလင်းစစ်ဘေးရှောင်တွေဟာ ဘေးလွှတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်ကြရင်း တိုက်ပွဲကျန် လက်နက်ကြီးကျည်တွေနဲ့ မိုင်းတွေကြောင့် သေဆုံးတာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကဆိုရင် ကောလင်းမြို့ပေါ်ကနေ စစ်ဘေးရှောင်ဖို့ထွက်လာတဲ့ သားအမိနှစ်ယောက်မိုင်းထိပြီး အမေဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဒေါ်ချစ်ရီ နေရာမှာတင် ပွဲချင်း ပြီးသေဆုံးခဲ့ရတယ်လို့ Kawlin Revolution KR က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား ၂ ဒဿမ ၆ သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။ By – အမိုး
Read More » -
13 Februaryစစ်ပြေးဒုက္ခသည်များ
ယာယီစစ်ရှောင်စခန်းနဲ့ နေထိုင်ဖို့ပြင်ဆင်နေတဲ့ မအူပင်စစ်ရှောင်တွေ အကူအညီလိုအပ်နေ
“အစားအသောက်တွေလည်း လိုအပ်ပါတယ်။ အခုအရေးတကြီးလိုအပ်နေတာက ဆေးဝါးတွေလည်းဖြစ်တယ်။ ဒီမှာနေတာ တစ်ပတ်လောက်ရှိလာပြီ ဖျားနာတဲ့သူတွေ အရမ်းများလာတယ်။ ပြီးရင် ခြင်ထောင်တွေလည်း လိုအပ်တယ်။ နောက်ပြီး အဝတ်အထည်တွေလည်း လိုအပ်ပါတယ်”လို့ပြောပြပါတယ်။
Read More » -
7 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
မအူပင်ကျေးရွာတစ်ခုလုံး မီးရှို့ဖျက်ဆီးခံရ
ဖားကန့်သွားလမ်း ကားမိုင်းအထက်မှာရှိတဲ့ မအူပင်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ရွားလုံးကျွတ်မီးရှို့ဖျက်ဆီးပေးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းနဲ့ မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၇…
Read More » -
Oct- 2023 -16 Octoberသတင်း
ဒိန်ဂါရွာက နေအိမ်တစ်ချို့ မီးရှို့ဖျက်ဆီး
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လုံဂျုံယန်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ဒိန်ဂါရွာကိုလည်း ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ ဒေါ့ဖုန်းယန်ကနေထွက်ခွာလာတဲ့ စစ်ကြောင်းတွေဟာ ဒိန်ဂါရွာထဲကို မနက် ၈ နာရီလောက်မှာဝင်ရောက်လာပြီး ကျေးရွာနေအိမ်တွေ နဲ့ အဆောက်အအုံတစ်ချို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးကအခုလို ပြောပါတယ်။…
Read More » -
14 Octoberသတင်း
လုံဂျုံယန်ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ
ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန်အနီး လုံဂျုံယန်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းမှ ရွာလုံးကျွတ်နီးပါး မီးရှုံ့ဖျက်ဆီးလိုက်ပြီး ဒေသခံရွာသားများ ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်က ဗန်းမော်ကနေ ဒေါ့ဖုန်းယန်ကို ဝင်ရောက်ဖို့…
Read More » -
13 Octoberဖမ်းဆီးခံရမှု
ရွှေကူမှာ ရွှေမော်တော်ယာဉ် ၄ စီးမီးရှို့ခံရပြီး အရပ်သား ၆ ဦးဖမ်းဆီးခံရ
ကချင်ပြည်နယ် ရွှေကူမြို့ ၊ရွှေကူသင်္ဘောဆိပ်မှာကပ်ထားတဲ့ ရွှေမော်တော်လေးစီး မနေ့က ည ၄နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျကဆီးသွားပြီး အရပ်သား ၄ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ ရွှေကူမြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့ စစ်အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ ရွှေကူမြို့တွင်းတပ်ကနေ ရေယာဉ် ၂ စီးနဲ့ စုန်ဆင်းလာပြီး ရွှေကူသင်္ဘောဆိပ်အရောက်မှာမြစ်ကမ်းကပ်ထားတဲ့ ရွှေမော်တော်ယာဥ်အကြီး ၄ စီးကို မီးရှို့ဖျက်ဆီးသွားတာလို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်သားတွေက…
Read More » -
11 Octoberသတင်း
တိုက်ပွဲအတွင်းအထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်တွေကိုမီးရှို့
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ၉ရက်နေ့တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပေကြီးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီကသိရပါတယ်။ မနေ့က အောက်တိုဘာ ၁၀ရက်နေ့ ညနေပိုင်း ၃နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး တပ်ဖွဲ့တွေပူးပေါင်းပြီးတော့ လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ဝင်ရောက်ပြီး…
Read More » -
Sep- 2023 -19 Septemberစစ်ပြေးဒုက္ခသည်များ
ရွှေကူမှာ စက်လှေတွေမီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် စက်လှေပေါ်နေထိုင်တဲ့ လူပေါင်း ၆၀ ကျော်နေရာထိုင်ခင်း အခက်အခဲဖြစ်နေ
ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ စက်လှေတွေကို မနေ့ကမီးရှို့ဖျက်ဆီးလိုက်တဲ့နောက် စက်လှေပေါ်မှာ မှီခိုနေထိုင်နေတဲ့အရပ်သား ၆၀ ကျော် နေရာထိုင်ခင်း နဲ့ အစားအသောက်အခက်အခဲဖြစ်သွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၈နာရီခွဲမှာ…
Read More » -
18 Septemberဖမ်းဆီးခံရမှု
စစ်ကောင်စီတပ်တွေဟာ ရေလှဲကျေးရွာက လူနေအိမ်ရာချီမီးရှို့နေတဲ့အပြင် အရပ်သားတစ်ချို့ကိုလည်း ဖမ်းဆီးထား
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်မှာရှိတဲ့ ရေလှဲကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းကနေ ဝင်ရောက်နေပြီး လူနေအိမ်ရာချီကိုမီးရှို့နေတဲ့အပြင် အရပ်သားတစ်ချို့လည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့တွင်းတပ်ကနေ အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းတစ်ကြောင်းဟာ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီခွဲကတည်းက ရေမော်တော်တွေနဲ့…
Read More » -
18 Septemberဖမ်းဆီးခံရမှု
ကသာမှာ စစ်ကောင်စီတပ်က အရပ်သား ၈ ယောက်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၄ လုံးကိုလည်း မီးရှို့ဖျက်ဆီး
ကချင်ပြည်နယ် ဗန်းမော်ကိုဦးတည်တက်လာနေတဲ့စစ်သင်္ဘောတွေပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကသာမြို့နယ် တုတ်ကြီးရွာက နေအိမ် ၃၄ ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးအရပ်သား ၈ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၇နာရီလောက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘော၆စီးက တုတ်ကြီးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံတွေကို…
Read More »