လက်နက်ကြီး

  • Jan- 2024 -
    8 January
    သတင်း

    ဖားကန့် ဝှေခါမှာ စစ်တပ်ကလေယာဥ်နဲ့ဗုံးကျဲ၊ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီထွက်ပြေးနေရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာဘက်ကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းလေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေလည်းဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့ ဝှေခါရဲစခန်းနဲ့စစ်တပ်စခန်း ၂ခုကို KIA၊ KPDF တပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဝှေခါဘက်ကို စစ်ကောင်စီတပ်က မနေ့ညနေပိုင်းကတည်းကနေ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့သလို ဒီကနေ့ဇန်နဝါရီလ ၈ရက်နေ့ မနက် ၁၁ နာရီမှာလည်း ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက KNGကိုအတည်ပြုပြောဆိုပါတယ်။ “ဖားကန့်လက်ရှိအခြေအနေက လက်ရှိကျန်နေတဲ့ကုန်းကိုကာတဲ့သဘော နဲ့လေယာဥ်နဲ့လာပစ်သွားတယ်ဗျ။ လာတာက…

    Read More »
  • 2 January
    သတင်း

    ကောလင်းမြို့မဈေးပေါ် လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်ထပ်မံသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်က ကောလင်းမြို့မဈေးထဲကို ဇန်နဝါရီလ ၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်သေဆုံးခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဝန်းသိုမြို့နယ်က ခမရ ၁၂၀ တပ်ရင်းကနေ ကောလင်းမြို့ပေါ် နဲ့ ကောလင်းမြို့မဈေးထဲကို ဟောင်ဝစ်ဇာ လက်နက်ကြီးအမျိုးအစားနဲ့ မနက် ၉ နာရီဝန်းကျင်ကနေ ၉ နာရီခွဲလောက်အထိ ၆ လုံးတိတိ ပစ်ခတ် တိုက်ခိုက် ခဲ့တာလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ဒီကနေ့မနက်တော့လက်နက်ကြီးနဲ့၆ကြိမ်ပစ်တယ် ပစ်တဲ့အချိန် မှာ မြို့ထဲကိုကျတယ် တစ်လုံးကတော့ မြို့မဈေးထဲကျတယ် အဲ့မှာက များသောအားဖြင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းသည် နဲ့ သားငါးသည်တွေ ကြားထဲကိုကျတာဖြစ်တဲ့အတွက် အမျိုးသမီးကြီး ၂ ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်လို့သိရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် လူစည်ကားတဲ့မြို့မဈေးထဲကိုကျတာဖြစ်တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သား ၇ ယောက်လောက် ဒဏ်ရာရခဲ့ပြီးတော့ ထိခိုက်သေဆုံးသူတွေရဲ့အသေးစိတ်အခြေနေနဲ့ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကိုတော့စစ်ကောင်စီတပ်ဘက်က ပြန်လည် တိုက်ခိုက်ဖို့ဝန်းသိုမြို့နယ်ဘက်ကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးတာတွေလည်းလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ “ ဝန်းသိုမြို့ထဲက စကစတပ်တွေဖြစ်တဲ့ စကစတပ်တွေဖြစ်တဲ့ ၁၁၁ နဲ့ ၁၂၀ တပ်ရင်းတွေကနေ အဲ့မှာရှိတဲ့ ပျူတွေနဲ့ပေါင်းပြီးတော့ ကောလင်းမြို့ဘက်ကိုထိုးတာပါ ကောလင်းမြို့နဲ့တော့ အနည်းဆုံး ၅ မိုင် အများ ဆုံး ၇ မိုင်လောက်ဝေးပါတယ် သူတို့ဘက်ကတော့ ကောလင်းမြို့ကိုပြန်တိုက်ဖို့အတွက် ကြိုးစားတဲ့အနေ အထား ရှိပါတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း ကောလင်းမြို့နယ်ဘက်က အရပ်သားတွေကိုပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ဂရုပြုနေထိုင်ကြဖို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့နဲ့ ၃၀ ရက်နေ့ကလည်း ဝန်းသို့မြို့နယ်ဘက်ကနေ ကောလင်းမြို့နယ် ထဲကို ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ကလေးငယ်နှစ်ယောက်အပါအဝင် အရပ်သား ၄ ယောက်အထိသေဆုံးခဲ့ပါသေးတယ်။ ကောလင်းမြို့ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး KIA နဲ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က မြို့ကို ထိန်းချုပ်ကာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Dec- 2023 -
    28 December
    သတင်း

    ကောလင်းမှာ လက်နက်ကြီးပစ်ခတ်ခံရလို့ ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ဝန်းသိုမြို့နယ်က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ဆီကနေသိရပါတယ်။ စစ်ကောင်စီတပ်ဟာ …

    Read More »
  • 15 December
    သတင်း

    KIO ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေ

    မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး တိုက်ပွဲပြင်းထန်နေချိန် တစ်ပြိုင်နက် စစ်ကောင်စီတပ်ဟာ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့နဲ့မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်ကစပြီး လိုင်ဇာမြို့အနီးမှာရှိတဲ့ ခယာဘွမ်ဘက်ကနေ မုန်လိုက်ခက်ဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်းပစ်ခတ်လိုက်တယ်လို့ လိုင်ဇာဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုတ်တယ် မုန်လိုင်ခက်ဘက်ကမှာကျတာ ကျနော်သိရလောက် မနက်ကနေ ပစ်နေတာ ခုဆိုရင် ၃ လုံးလောက်ရှိပြီ”လို့ ပြောပါတယ်။ ဒါ့အပြင် မိုင်ဂျာယန်မြို့ဘက်မှာလည်း နေ့လည် ၁၂ နာရီလောက်ကနေ စတင်ပစ်ခတ်နေပြီး မိုင်ဂျာယန် ရပ်ကွက် ၅ နဲ့ မိုင်ဂျာယန်ကောလိပ်ရှိတဲ့ဘက်ကို ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောတာကတော့ စစ်ကောင်စီဟာ လွယ်ဂျယ်မြို့အထက်မှာရှိတဲ့ ယော်ယုံဘွမ် (Yaw Yung Bum ) အထိုင်ချထားတဲ့ စခန်းကနေ မြို့ထဲကိုပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြတဲ့အပြင် လက်နက်ကြီးကျရောက်ပေါက် ကွဲတာကြောင့် ကလေးငယ် ၂ ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း ပြောပါတယ်။ “ဘယ်ကပစ်သလဲ တိတိကျကျမသိရသေးဘူး ခန့်မှန်းတာတော့ ယော်ယုံဘွမ် (Yaw Yung Bum ) ကုန်းဘက်ကဘဲ။ ခုလည်း တစ်လုံးထပ်ကျလာပြီ ထိခိုက်တာတော့ ကလေး ၂ယောက်ထိထားလည်း စိုးရိမ်စရာတော့မလိုဘူးလို့ သိရတယ်” လို့ ပြောပါတယ်။ လက်ရှိ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ရပ်ကွက်် ၅ မှာနေထိုင်တဲ့ မိုင်ဂျာယန်ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း…

    Read More »
  • 13 December
    သတင်း

    နမ့်ဆန်မြို့ စစ်တပ်ရဲ့လေကြောင်းအပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦးသေဆုံး နေအိမ်အမြောက်အများထိခိုက်ပျက်စီး

    ရှမ်းမြောက် လားရှိုးမြို့အရှေ့ဘက် နမ့်ဆန်မြို့ကို စစ်တပ်ကလေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး နေအိမ်မြောက်အများ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ည ၇ နာရီခန့်တွင် စစ်ကောင်စီ ဂျတ်လေယာဉ်နဲ့…

    Read More »
  • 12 December
    သတင်း

    နမ့်ဖတ်ကာ စစ်ဘေးရှောင်များ အစားအသောက်ပိုမိုခက်ခဲလာ

    ရှမ်းမြောက် ကွတ်ခိုင်မြို့ နမ့်ဖတ်ကာမှာ စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဘေးလွတ်ရာတောထဲတိမ်းရှောင်နေတဲ့ပြည်သူတစ်ချို့  အစားအသောက်နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ကစပြီး နမ့်ဖတ်ကာဒေသခံတွေဟာ နီးစပ်ရာအသိဆွေမျိုးများအပြင် တောတွေမှာ စတင်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အပြင် လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေပြီး…

    Read More »
  • 11 December
    သတင်း

    ကွတ်ခိုင်မှာ လက်နက်ကြီးကြောင့် ၃ နှစ်အရွယ်ကလေးငယ်တစ်ယောက်သေဆုံး ၆ ယောက်ဒဏ်ရာပြင်းထန်

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ ၃ နှစ်အရွယ် ကလေးငယ် ၁ ယောက်သေဆုံး နောက်ထပ်အရပ်သား ၆ ယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေ ဆီကသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ နဲ့ ၁၀ ရက်နေ့ နှစ်ရက်အတွင်း ကွတ်ခိုင်မြို့ပေါ်နဲ့ လွယ်ဆိုင်ကျေးရွာဘက်ကို…

    Read More »
  • 8 December
    သတင်း

    နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်းထိခိုက်သေဆုံး

    ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်တပ်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထပ်မံထိခိုက် သေဆုံးတဲ့အပြင် နေအိမ် ၁၀ အိမ်ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက် မနေ့တစ်ညလုံးထိ နမ့်ဖတ်ကာစစ်တပ်က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ မနက်ပိုင်းထိဆိုရင် လက်နက်ကြီးကြောင့် သေဆုံးသူ ၂ ဦးနဲ့ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ “၆ ရက်နေ့ညနေပိုင်းက လေယာဉ် ၂ စီးနဲ့လာပြီး သူတို့တပ်ထဲက မိန်းမတွေနဲ့ မိသားစုဝင်တွေကို လာခေါ်ထုတ်တယ်။ အဲ့ဒီအချိန် လုံခြုံရေးယူပေးတဲ့ လေယာဉ် ၁ စီးက နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်တစ်ခုလုံး ဗုံးကြဲသွားတယ်။ နေအိမ်တွေအများကြီးပျက်စီးသွားတယ်။ လူက ၂ ဦးထိတယ်။ အဲ့ဒီနောက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပြန်ပစ်တယ်။ အဲ့ဒီမှာ လူထပ်ပြီးထိတယ်။ စစ်တပ်က လက်နက်ကြီးမပစ်တဲ့အချိန်ကိုမရှိဘူး ခုလည်းဆက်တိုက်ပစ်နေတုန်းပဲ။” လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ တပ်စခန်း ထဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကို လာခေါ်တဲ့ လေယာဉ် ၂ စီးရောက်လာချိန်မှာလည်း လုံခြုံရေးယူပေးတဲ့လေယာဉ် ၁ စီးကနေ နမ့်ဖတ်ကာကျေးရွာထဲကို ဗုံးဆက်တိုက် ကြဲချခဲ့တာလို့ သူကဆက်ပြောပါတယ်။ ခုလိုလေယာဉ်ဗုံးကျဲတာကြောင့် နမ့်ဖတ်ကာ ရပ်ကွက် ၄ မှာရှိတဲ့ နေအိမ် ၁၀ အိမ်ကျော် ထိခိုက်ပျက်စီးသွားတဲ့အပြင် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ တစ်ဆက်တည်း အဲ့ဒီည ၁၁ နာရီခန့်မှာဘဲ စစ်တပ်ကလက်နက်ကြီးနဲ့ ထပ်မံရမ်း သမ်းပစ်ခတ်ခဲ့တာကြောင့် နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်မှာကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦး နဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း တစ်နေ့လုံးနီးပါး နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေခဲ့တာကြောင့် အမျိုးသားတစ်ဦးထပ်ပြီး ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။ “တနေကုန်လက်နက်ကြီးပစ်လို့ ညနေပိုင်း ၄ နာရီခွဲမှာတော့ လူပြန်ထိတယ်။ ဆေးရုံကိုခေါ်သွားတယ်။ ၆ နာရီလောက်မှာတော့ သေဆုံးသွားပြီ။ ပြီးခဲ့တဲ့နေ့လည်း လေယာဉ်နဲ့ သူတို့တပ်ထဲကလူတွေကို လာခေါ်ထုတ်ရင်း တစ်ရွာကိုလုံး ဗုံးကြဲလို့ ပြည်သူထိတယ်။ အိမ်တွေလည်း အများကြီးပျက်စီးသွားပြီ။” ဟု နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိနမ့်ခမ်းမြို့ဘက် ညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်စခန်ကုန်ကနေလည်း လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ လက်ရှိချိန်ထိ ၁ လကျော်ကာလအတွင်း နမ့်ဖတ်ကာစစ်တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာဒေသခံ အရပ်သားစုစုပေါင်း ၂၀ ဝန်းကျင် ထိခိုက်သေဆုံးပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ By…

    Read More »
  • 6 December
    သတင်း

    မိုးညှင်းမှာ လက်နက်ကြီးကျည်ထိလို့ ၆ နှစ်ကျော်အရွယ်ကလေးတစ်ယောက်သေဆုံး

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းတက္ကသိုလ်နဲ့ ထန်းတပင်ရွာလမ်းဆုံမှာအနီး လက်နက်ကြီးပေါက်ကွဲခဲ့တဲ့အတွက် ၆ နှစ်ကျော် အရွယ်ကလေးတစ်ယောက်သေဆုံးပြီး နောက်ထပ်ကလေး ငယ်တစ်ယောက်လည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ မိုးညှင်းဒေသခံတွေကပြောပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်မှာပဲ မိုးညှင်းတက္ကသိုလ်အနီး မိသားစုတစ်စုလမ်း ထွက်လျှောက်နေချိန် လက်နက်ကြီးတစ်လုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အသက်…

    Read More »
  • 1 December
    သတင်း

    ဒီဇင်ဘာလ ပထမနေ့မှာတင် KIO လိုင်ဇာဌာနချုပ် လက်နက်ကြီး ပစ်ခံရ

    KIO ဗဟိုဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ပထမညမှာတင် ခရာဘွမ့်နဲ့ ဘွမ့်ရေဘွမ့် စစ်ကောင်စီတပ်စခန်း ၂ နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ခရစ္စယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်လကို ကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲကို…

    Read More »
Back to top button