လက်နက်ကြီး
-
Feb- 2024 -27 Februaryသတင်း
မိုးကောင်း ၈ မိုင်ရွာမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ၈ မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး လူနေအိမ်တွေပါ ဝင်ရောက်စစ်ဆေးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းကနေ မိုးကောင်းမြို့နဲ့ ၅ မိုင်အကွာရှိတဲ့…
Read More » -
20 Februaryသတင်း
မံစီမြို့ထဲ စစ်တပ်ကလက်နက်ကြီးပစ်ခတ်လို့ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံး
ကချင်ပြည်နယ် မံစီမြို့ထဲကို စစ်တပ်ကလက်နက်ကြီး ပစ်ခတ်လို့ ကလေးတစ်ဦးအပါအဝင် နောက်ထပ်အမျိုးသားတစ်ဦး နှလုံးဖောက်သေဆုံးသွားတယ်လို့ မံစီမြို့ခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနေ့ည ၇ နာရီဝန်းကျင် ဗန်းမော်မြို့အခြေစိုက် ခလရ ၄၇ တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး…
Read More » -
17 Februaryသတင်း
မံစီမှာ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီး
ကချင်ပြည်နယ် မံစီမြို့ထဲကို စစ်တပ်ကလက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တစ်ချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ မံစီမြို့ခံတွေဆီကနေ သိရပါတယ်။ ဒီလက်နက်ကြီးတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနေ့ည ၉ နာရီဝန်းကျင် ဗန်းမော်မြို့အခြေစိုက် ခလရ ၄၇…
Read More » -
12 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
ကောင်ဂျာဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိ
“ဗန်းမော်ဘက်ကနေ လက်နက်ကြီး နဲ့ ပစ်တော့ ကတုတ်ကျင်းမှာ ပုန်းနေကြတာဟုတ်တယ်။ နောက်တော့ သူ့ဝက်တွေကို နေရာသွားရွှေ့အုံးမယ်ဆိုပြီး ထွက်သွားတဲ့ချိန်မှာ လက်နက်ကြီးမှန်ပြီးလူရော ဝက်တစ်ကောင်ရောသေသွားတာ ဟုတ်တယ်”လို့ ပြောပါတယ်။
Read More » -
10 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
ကောင်းတုံရွာ လက်နက်ကြီးကျရောက်ပေါက်ကွဲ မိသားစုဝင် ၃ ဦးပြင်းထန်ဒဏ်ရာရ
ဗန်းမော်မြို့နယ် ကောင်းတုံကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၃ ဦး လက်နက်ကြီးကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ဒေသခံတွေဆိီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်လောက်မှာ ကောင်းတုံရွာဘက်ကို လက်နက်ကြီးကျည် ၃…
Read More » -
7 Februaryသတင်း
စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ဓါတ်တိုင်ထိမှန်ပြီး မီးပျက်နေ
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ဖားကန့်ဘက်ကိုသွားတဲ့ ဓာတ်တိုင်တွေထိမှန်ပျက်စီးခဲ့တာကြောင့် ဖားကန့်မြို့နယ်ထဲမှာ ဒီကနေ့အထိလျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ လို့သိရပါတယ်။ ဖေဖော်ဝါရီလ ၂ရက်နေ့ မှာ နန့်တိန်းကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကို KIA၊KPDF တပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ဘက်ကဖားကန့်ဗျူဟာကုန်းကနေ နန့်တိန့်ဘက်ကိုနေ့တိုင်း လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဓါတ်တိုင်ထိမှန်ပျက်စီးပြီး…
Read More » -
2 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
တိုက်ပွဲကျန်လက်နက်ကြီးကျည်ယူဆော့ရာမှ ကလေး ၃ ယောက်သေဆုံး
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်လောက်က တိုက်ပွဲကျန်လက်နက်ကြီးကျည်ယူဆော့ရာကနေ ကလေးငယ် ၃ ယောက်သေဆုံးသွားတယ်လို့ တအာင်း အမျိုးသမီးအဖွဲ့အစည်း TWO ဆီကသိရပါတယ်။ ဖြစ်စဥ်မှာ နမ့်ဆန်မြို့နယ်…
Read More » -
Jan- 2024 -29 Januaryလူ့အခွင့်အရေးချိုးဖောက်မှု
နန်းမားမှာ လက်နက်ကြီးထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန်းမားမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သား တစ်ယောက်သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More » -
22 Januaryသတင်း
ဆိုင်းတောင်မှာ စိတ်ဝေဒနာရှင်သူတစ်ဦးကို စစ်တပ်က ပစ်သတ်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်က စိတ်ဝေဒနာရှင်အမျိုးသားတစ်ဦးကိုပစ်သတ်ခဲ့ပြီး ကျန်အမျိုးသား ၂ဦးမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးစထိမှန်လို့သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၂၀ ရက် နေ့က သိမ်းပိုက်ခံလိုက်ရတဲ့ ဝှေခါဗျူဟာကုန်းဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ် မနေ့က ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂နာရီအချိန်က ဆိုင်းတောင်အထွက်မှာ KIA၊ KPDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး တပ်ဆုတ်လာချိန် စစ်ကြောင်းနဲ့ တည့်တိုးသွားတဲ့ ဆိုင်းတောင်ရွာထဲက စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကိုပစ်သတ်ခဲ့ပြီး ကျန် ၂ဦးလည်း စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးစထိမှန်လို့သေဆုံးခဲ့သွားတယ်လို့ ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ဟုတ်တယ် တစ်ယောက်ကတော့စိတ်မနှံ့တဲ့ကောင်လေးကိုလမ်းမှာပစ်သွားတာလေး သူတို့က လမ်းမကြီးအတိုင်းဆုတ်လာတာလေး သူကလမ်းမှာလျှောက်သွားနေတာအရူးစိတ်မနှံ့ဘူး စာသင်ကျောင်းရှေ့မှာပစ်သတ်သွားတယ်”လို့ မျက်မြင်တွေ့ခဲ့တဲ့ အထက်ပါအမျိုးသားကပြောပါတယ်။ အလားတူ ဖားကန့်ဗျူဟာကုန်းကနေလည်း တိုက်ပွဲဖြစ်နေတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို လက်နက်ကြီးပစ်ကူတွေ ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်နဲ့ကားလမ်းမတွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၂ဦးလည်း လက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။ “နှစ်ယောက်ကတော့တစ်ယောက်က ကုမ္ပဏီလုပ်သားသူကအပြင်ထွက်ကြည့်တဲ့ခါ လက် နက်ကြီးစထိပြီးသေသွားတာနောက်တစ်ယောက်ကတော့နမ့်မော်ရွာက ဆိုင်းတောင်ကနေ နမ့်မော်ရွာကိုပြန်ဖို့ထွက်တဲ့ချိန်ဖြစ်သွားတာ ၊ဒဏ်ရာရတာတွေလည်းရှိတယ်”လို့ ဆိုင်းတောင်ကျေးရွာနေအမျိူးသားတစ်ဦးကပြောပါတယ်။ သေဆုံးသွားတဲ့သူတွေဟာဦးခင်မော်ဇော် အသက် ၃၅နှစ် ၊ကိုကောင်ဆက် အသက် ၃၄နှစ် စိတ်ဝေဒနာရှင်တစ်ဦး တို့ဖြစ်ပါတယ်။ ဒါ့အပြင်စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆိုင်းတောင်ရွာထဲက နောက်ထပ်အရပ်သား ၆ ဦးထက်မနည်းပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီး ရွာထဲက AG ဘုးကျောင်းဆောင်နဲ့လူနေအိမ်တွေလည်း လက်နက်ကြီးစထိမှန်ပြီးပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ဖားကန့်မြို့နယ်မှာစစ်ကောင်စီတပ်အတွက် အရေးပါတဲ့ဗျူဟာကုန်းဖြစ်တဲ့ဝှေခါဗျူဟာ ကုန်းကို KIA၊ KPDF တပ်တွေဟာ ဇန်နဝါရီ ၂၀ ရက်နေ့မနက်မစောပိုင်းမှာ တိုက်ခိုက်ခံသိမ်းပိုက်ခဲ့တာဖြစ်ပြီး မနေ့ကမွန်းလွဲပိုင်းအထိ ထိုးစစ်တွေရှိနေသလိုဒီကနေ့မနက်ပိုင်းအထိလည်း လက်နက်ကြီးပစ်ခတ်တာတွေရှိနေသေးတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
11 Januaryသတင်း
ဝန်းသို ခမရ ၁၂၀ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၃၁ ယောက်သေဆုံး
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် အထိုင်တပ်ဖြစ်တဲ့ ခမရ ၁၂၀ တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ၃၁ ယောက်သေဆုံးခဲ့ပြီဖြစ်တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ ကောလင်းမြို့နဲ့ ၅…
Read More »