ဝိုင်းမော်မြို့နယ်

  • Nov- 2024 -
    18 November
    သတင်း

    စန်းကားရွာ အရပ်သားနေအိမ်မှာ စစ်ကောင်စီတပ်စွဲနေထိုင်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေထိုင်တာတွေလုပ်နေတယ်လို့ စန်းကားကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးစတင်လာချိန်ကစလို့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတဲ့ထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။ စန်းကားကျေးရွာအုပ်စုမှာ ကျေးရွာ၊ ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး စစ်ရေးအခြေနေကြောင့် အိမ်စောင့်ကလွှဲလို့ ဒေသခံပြည်သူများအားလုံးနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြချိန် စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေမှာ အိမ်သော့ရိုက်ဖွင့်ပြီးနေထိုင်တာတွေရှိနေတယ်လို့ စန်းကးကျေးရွာ ရပ်ကွက် ၅ ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အိမ်ကောင်းတွေဘဲ ဝင်နေတာ သော့ခတ်ထားလည်း သော့ရိုက်ဖွင့်ပြီးမှနေတယ် ရပ်ကွက် ၃ အိမ်တစ်လုံးမှာ ဗျူဟာမှုးလည်းရှိတယ်လို့ ပြောကြတယ်”လို့ ပြောပါတယ်။ အိမ်စောင့်ကလွှဲပြီး ပြည်သူအများပိုင်းထွက်ပြေးတိမ်းရှောင်သွားတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ဇွန်လကစပြီး  ရွာအဝင်အထွက် စစ်ဆေးတာ ပုံမှန်လုပ်နေတဲ့အပြင် ရပ်ကွက် ၇၊ ၃ ၊ ၅ ၊ ၄ စတဲ့ ရပ်ကွက်ရှိ လူနေအိမ်တစ်ချို့တွင်း ဝင်ရောက်တပ်စွဲနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လကုန်ပိုင်း စန်းကားကျေးရွာ၊ ရပ်ကွက် ၇ အရပ်သားနေအိမ်တစ်အိမ်မှာ လက်နက်ကြီးအထိုင်ချတပ်စွဲထားတဲ့စစ်သားတွေကို KIA ပူပေါင်းတပ်ဝင်ရောက်ပစ်ခတ်ဖမ်းဆီးသွားပြီး အဲဒီနေရာမှာ KIA ပူးပေါင်းတပ်က တပ်စွဲလိုက်နိုင်ပေမယ့် ဩဂုတ်လတွင်း စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် KIA တပ်ဖွဲ့ ရပ်ကွက် ၇ ကနေတပ်ဆုတ်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ လတ်တလော KIA တပ်ဟာ စန်းကားကျေးရွာအုပ်စုမှာပါဝင်တဲ့ ဘန်းဘားရွာ (ဒေသအခေါ်) ရပ်ကွက် ၈ အထိ တပ်ဆုတ်သွားပြီး စစ်ကောင်စီတပ်တွေက ရပ်ကွက် ၇ အထိ နေရာယူထားပြီး နှစ်ဖက်တပ် စစ်ရေးတင်းမာတဲ့အခြေနေမှာရှိနေတယ်လို့ သိရပါတယ်။ “ခုရပ်ကွက် ၇ မှာ စကစပြန်ထိုင်ထားပြီ ဘန်ဘားဘက်မှာ လဆန်းပိုင်းကလည်း တိုက်ပွဲဖြစ်တယ် ခနနပဲ ခုလောလောဆယ်တော့ ရွာအစွန်တွေမှာ တင်းမာတဲ့အခြေနေရှိနေတယ်”လို့ နောက်ထပ် ရပ်ကွက် ၇ နေ အမျိုးသားတစ်ဦး ပြောပါတယ်။ စန်းကားကျေးရွာအုပ်စုဟာ စစ်ကောင်စီတပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်တည်ရှိရာ နန့်ပေါင်လေတပ်စခန်းနဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပြီး နန့်ပေါင်လေတပ်စခန်းအတွက် လုံခြုံရေးအရ အလွန်အရေးပါတဲ့ရွာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ မေလနှောင်းပိုင်း စန်းကားကျေးရွာအထက်ရှိ နောင်ဟီး- ကြက်ပေါင်ခြံကူးသို့နဲ့ ခတ်ချို- ဇီးလွန်ကသို့ ဖြတ်သန်းခွင့်ကို စစ်တပ်က ပိတ်လိုက်ပြီး ရေကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ လုံခြုံရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။…

    Read More »
  • Oct- 2024 -
    7 October
    သတင်း

    ဝိုင်းမော်နဲ့ ရွှေညောင်ပင်လမ်းမကြီး စစ်တပ်က အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေ ရွှေညောင်ကျေးရွာ သွားတဲ့ကားလမ်းကြီးကို စစ်ကောင်စီတပ်က ပိတ်ထားပြီး အကန့်သတ်နဲ့သွားလာခွင့်ပြုနေတယ်လို့  ဝိုင်းမော်နယ်ခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့နယ် နေရာတစ်ချို့မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေတဲ့အတွက် ဝိုင်းမော်မြို့တွင်း ပြည်သူ့ဆေးရုံရှေ့နဲ့ မြို့အကျော် မုဒ်ဝလွှဲလမ်းဆုံမှာအဓိကပိတ်ထားတယ်လို့ ဝိုင်းမော်မြို့နေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပြည်သူ့ဆေးရုံထိတော့သွားလို့ရတယ်လေး ဆေးရုံကိုကျော်ပြီးတော့ဟိုဘက်တော့သွားမရဘူးကြာပိတ်လမ်းပိတ်ထားတာ ဟိုဘက်ကလည်းလာလို့မရ ဒီမြို့ထဲကလည်းဟိုဘက်ကိုသွားလို့မရအခက်တွေ့နေကြတယ် မပိတ်ထားသင့်ဘူး”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ မတ်လ ၇ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့ရှေ့တန်းစခန်းတွေဖြစ်တဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် မြို့အနီးဝန်းကျင်ရှေ့တန်းစခန်းအားလုံးနီးပါး လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဟာ ဝိုင်းမော်ပြည်သူ့ဆေးရုံနဲ့ ရဲစခန်းအကျော် မြို့အထွက်နေရာ၊ ခတ်ချို၊မုတ်လွှဲလမ်းဆုံနေရာတွေမှာ ပေပါပုံး၊သံဆူးတွေနဲ့ပိတ်ထားပြီး အကန့်သတ်နဲ့သာသွားခွင့်ပြုနေတယ်လို့ ကားသမားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ပုံမှန်သွားခွင့်တော့ မရှိဘူး အချိန်ပိုင်းခနတစ်ဖြုတ်ဖွင့်ပေးတယ် နေ့လည်လောက်ဆို ခနတစ်ဖြုတ်ဖွင့်တယ် ဝိုင်းမော်ကနေ မုတ်လွှဲလမ်းခွဲမှာ အထိုင်ချထားတယ်။ အဲမှာဆို မှတ်ပုံတင်စစ်သလားမမေးနဲ့ မှတ်ပုံတင်မပါတဲ့သူဆို ရွာဘက်တွေဝင်လို့မရဘူး။ ပြီးတော့ မိန်းမတွေဆိုအဲလောက် မစစ်ဘူးစစ်ကောင်စီဘက်က ခုလိုလမ်းပိတ်ထားပြီး အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေတဲ့အပြင် ရွှေညောင်ပင်၊ စန်းကား၊ခတ်ချို၊ နောင်ဟီး၊အောင်မြေ ၁ စတဲ့ကျေးရွာနေပြည်သူတွေဟာ မိမိရပ်ရွာကို ခနတစ်ဖြုတ်ပြန်သူတွေကိုလည်း မှတ်ပုံတင်ပါမှ ဝင်ခွင့်ပြုတယ်လို့”သူကဆက်ပြောပါတယ်။ ခုလို ဒေသခံတွေအဓိကသွားလာနေတဲ့ လမ်းမကြီးတွေကို ပိတ်ထားတဲ့အတွက် သွားရေးလာရေးအခက်ကြုံနေကြရသလို စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်ဧရာဝတီမြစ်ကူးတံတားမှာလည်းပုံမှန်ထက် အစစ်အဆေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းတွေအားလုံးကို KIA၊KPDF ပူးပေါင်းတပ်တွေက ဇွန်၊ဇူလိုင်လတုန်းက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ နဲ့ ဝူယန်ပြည်သူ့စစ်ဂိတ်သာကျန်ရှိတော့တာကြောင့် မြို့ဝင်မြို့ထွက်ကို တင်းကြပ်နေတာ ဖြစ်ပါတယ်။ လတ်တလော စစ်တပ်ကပိတ်ထားတဲ့ လမ်းမကြီးဟာ ဝိုင်းမော်– လိုင်ဇာ– ဗန်းမော်သွားလမ်းမကြီးဖြစ်ပြီး ရွှေညောင်ပင်ကျေးရွာဟာ မြို့အစွန်မှာရှိတဲ့ရွာဖြစ်ပြီး ကျေးရွာနေပြည်သူတွေအများပိုင်းက မတ်လ ၇ ရက်နေ့နောက်ပိုင်း တစ်ခြားနေရာတွေမှာ တိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 4 October
    သတင်း

    စန်းကားရွာမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးကျပေါက်ကွဲ

    ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာဘက်ကို နမ့်ပေါင်လေတပ်စခန်း၊ အမြောက်တပ်ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ရွာအတွင်းကျပေါက်ကွဲတာတွေရှိတယ်လို့ စန်းကားကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနေ့ညနေပိုင်း ၅ နာရီဝန်းကျင် စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းနဲ့အမြောက်တပ်ဘက်ကနေ စန်းကားကျေးရွာအုပ်စု ဘန်ဘားရွာဘက်ကို လက်နက်ကြီးပစ်ခတ်ရာ စန်းကားရွာ ရပ်ကွက် ၃ မှာတစ်လုံးကျပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ရပ်ကွက် ၃ ဘက်ကျတယ်လို့ သိရတယ်။ သေဆုံးတာတော့ မရှိဘူး အမျိုးသမီးတစ်ယောက်တော့ လက်မောင်းမှာ နည်းနည်းဒဏ်ရာရတယ်လို့ဘဲ သိထားတယ်ဗျ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ကျည်အနည်းငယ်ထိမှန်ထားသူဟာ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာစိုးရိမ်စရာမလိုဘူးလို့ သူကဆက်ပြောပါတယ်။ စန်းကားကျေးရွာအုပ်စုဟာ  ကျေးရွာ၊ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပါတယ်။ ဒါကြောင့် စစ်တပ်ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် လတ်တလောမှာတော့ စန်းကားရွာရဲ့အောက်ဘက် ၇ မိုင်ဝေးတဲ့ ဘန်းဘားကျေးရွာမှာ စစ်တပ်နဲ့ KIA တပ်အကြား စစ်ရေးတင်းမာနေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ တိုက်ပွဲနေရာဖြစ်တဲ့ ဘန်ဘားရွာဘက်ကို စစ်တပ်ဘက်က လေကြောင်းနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့လည်းဒေသခံတွေ ပြောပါတယ်။ ဒါပေမယ့် လတ်တလော ဖုန်း၊အင်တာနက်လိုင်းအားလုံးပြတ်တောက်နေတာကြောင့် နှစ်ဖက်တပ်အကြား ထိခိုက်သေဆုံးမှုအခြေနေ အသေးစိတ်ကို သိရဖို့ခက်ခဲနေပါတယ်။ “ဟိုနေ့ကလည်း လေယာဉ်နဲ့လာပစ်တယ် ဒီတစ်လောတိုက်ပွဲဖြစ်နေတယ်။ အရင်လက ရပ်ကွက် ၇ အထိ KIA ဘက်ကလာထိုင်ထားတယ်။ ခုက ပြန်ဆုတ်သွားတဲ့သဘောထင်တယ် ရပ်ကွက်…

    Read More »
  • Sep- 2024 -
    11 September
    သတင်းphoto- မြစ်ကြီးနားမြို့တွင်းတစ်နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်များ

    လမြန်ရွာအနီး ဆုတောင်းတောင်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ် တပ်စွဲဖို့ပြင်ဆင်နေ

    ဝိုင်းမော်မြို့နယ် လမြန်ရွာမှာရှိတဲ့ ဆုတောင်းတောင်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ် တပ်စွဲနေရာယူဖို့ပြင်ဆင်နေတယ်လို့ ဝူယန်ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၂၁ ရက်နေ့ နောက်ပိုင်း ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်လိုက်တဲ့နောက် ဝိုင်းမော်မြို့ အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ရွာမှာအထိုင်ချထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေဆီ စစ်အင်အားတောက်လျှောက်ဖြည့်တင်းနေပြီး ဆုတောင်းတောင်အထိ တပ်စွဲဖို့ပြင်ဆင်လာတာဖြစ်တယ်လို့ ဝူယန်ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ရွာနားက အမြင့်ဆုံးတောင်လို့ပြောလို့ရတယ် လမြန်ရွာနဲ့နီးသလို ဝူယန်ရွာနဲ့လဲနီးတယ် တော်တော်မြင့်တယ် ခုအဲမှာ စစ်သားတွေနဲ့ပြည်သူ့စစ်တွေထိုင်ဖို့ လုပ်နေကြတယ်လို့ သိရတယ်။ တောင်ခြေမှာတော့ KIA ပူးပေါင်းတပ်တွေရှိတော့ အဲဒီနေရာကိုယူနိုင်ဖို့ စစ်ကြောင်းထိုးနေတာ အဲဒါကြောင့် တိုက်ပွဲဖြစ်နေတာဟုတ်တယ်” လို့ပြောပါတယ်။ စစ်တပ်ဘက်က ဆုတောင်းတောင်မှာ တပ်စွဲနိုင်ဖို့ စစ်ကြောင်းထိုးနေပြီး  KIA ပူးပေါင်းတပ်ဘက်ကလည်း အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာတွေရှိနေတာကြောင့် နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ခုလို စစ်ကြောင်းထိုးလာတာနဲ့တစ်ဆက်တည်း ဝူယန်၊လမြန်၊စတဲ့ကျေးရွာအနီးပတ်ဝန်းကျင်  နှစ်ဖက်လက်နက်ကိုင်အဖွဲ့စစ်ရေးလှုပ်ရှားတာတွေဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။ တိုက်ပွဲဟာ ရွာအတွင်း၊ရွာပြင်ပမှာ ဖြစ်နေပြီး နှစ်ဖက်တပ်အကြားပစ်ခတ်တဲ့လက်နက်ကြီး လက်နက်ငယ်ကျရောက်ပေါက်ကွဲတာကြောင့် ရွာထဲက အရပ်သားနေအိမ်အများအပြားမီးလောင်ပျက်စီးနေပြီဖြစ်တယ်လို့ သိရပြီး အများဆုံးမီးလောင်ပျက်စီးတဲ့အပိုင်းဟာ ရွာအောက်ပိုင်းရပ်ကွက်ဖြစ်တယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။ “ရွာအောက်ပိုင်း အိမ်တွေ ကုန်သလောက်ရှိနေပြီ  တစ်ချို့အိမ်တွေ ဘာမှမကျန်ဘူး မီးလောင်တဲ့ထဲပါကုန်တာ။ တစ်ချို့အိမ်တွေတော့ လက်နက်ကြီးထိထားတာတွေရှိတယ်လို့” လို့ ဝူယန်ပြည်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ခုလို နှစ်ဖက်လက်နက်ကိုင်တပ်အကြား စစ်ရေးတင်းမာနေတာကြောင့် ရံဖန်ရံခါ လမ်းပိတ်တာတွေလည်းရှိနေတဲ့အတွက် ပြည်သူတွေဟာ နေအိမ်ခနတစ်ဖြုတ်ပြန်ဖို့သွားကြည့်ဖို့ပင် ခက်ခဲနေတယ်လို့ သိရပါတယ်။ လမြန်ကျေးရွာဟာ ဝူယန်ကျေးရွာအုပ်စုကျေးရွာဝင်ဖြစ်ပြီး တစ်ဆက်တည်းရှိတဲ့ကျေးရွာတွေဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ် မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းဟာ ဝိုင်းမော်မြို့အတွင်း နောက်ဆုံးကျန်နေတဲ့ တပ်ရင်းဌာနချုပ်ဖြစ်ပါတယ်။  ဝိုင်းမော်မြို့နယ်ဟာ ရွာပေါင်း ၂၀၀ ကျော်ရှိပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ဝူယန်၊လမြန်ရွာအပါအဝင် နမ့်ဝါ၊မုတ်ကျိတ်၊ဝါရှောင်ရွာတွေဟာ တရုတ်နယ်စပ်ဖြစ်တဲ့ ဆဒုံး– ကန်ပိုက်တည်၊ ချီဖွေ– ပန်ဝါသွားတဲ့လမ်းမှာရှိတဲ့ရွာတွေဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအတွင်း ဝိုင်းမော်မြို့– လိုင်ဇာ– ဗန်းမော်မြို့သွားတဲ့ လမ်းမတစ်လျှောက်မှာရှိတဲ့ ရွှေညောင်ပင်၊အောင်မြေ ၁ ၊အောင်မြေ ၂ တပ်စခန်းတွေအပါအဝင် စခန်းပေါင်းအများအပြား သိမ်းပိုက်ရရှိထားပြီဲဖြစ်သလို တိုက်ပွဲကြောင့် ရွာပေါင်း ၁၀ ရွာကျော်လည်း ခုထိစစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။ By – Zami

    Read More »
  • Dec- 2022 -
    17 December
    စစ်ပြေးဒုက္ခသည်များSadung

    အင်ဝမ်းကောင့် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာကူညီထောက်ပံ့မှု လိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး– ကံပိုက်တည်လမ်းတွင် ရှိသည့် အင်ဝမ်းကောင့် (N Wan Kawng) စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ အင်ဝမ်းကောင့်  စစ်ရှောင်ပြည်သူများသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဆဒုံး –…

    Read More »
  • 2 December
    သတင်း

    အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

    ဝိုင်းမော်မြို့နယ် နောင်းချိန်းအုပ်စု အင်ဂန်းကျေးရွာတွင် ယမန်နေ့ည နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိသားစုဝင် ၇ ဦး သေဆုံးသွားကြောင်း သိရသည်။ ဒီဇင်ဘာ ၁ ရက်ည ၁၁ နာရီခန့်တွင် ထပ်ခိုးတိုက် အိမ် ၁ အိမ် ဝါယာရှော့ခ်ဖြစ်ပြီး မီလောင်ခဲ့ရာ ကလေး ၆ ဦး နှင့် သက်ကြီးရွယ်အို တစ်ဦး စုစုပေါင်း…

    Read More »
  • Nov- 2022 -
    10 November
    သတင်းလမုန်၊ မကော ဒေသ

    တနိုင်း လမုန်ကျေးရွာတွင် ပြည်သူ့စစ်ဖြစ် ရပ်တည်နိုင်ရေး ဦးရွှေမင်းအဖွဲ့များ ကြိုးပမ်းနေ

    ဝိုင်းမော်မြို့နယ်တွင် အပြင်းအထန် ကန့်ကွက်မှုခံနေရသော ဦးရွှေမင်း ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြို့နယ် လမုန်ကျေးရွာ (Lamung)ဘက်တွင် ပြန်လည်ရပ်တည်နိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။ လီဆူ လူမျိုးအများစုနေထိုင်သည့် လမုန်ကျေးရွာဘက်သို့ ရွှေ့ပြောင်းမည်ဟု ဦးရွှေမင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ တင်ပြတောင်းဆိုထားသည့်သတင်းကို ကြားသိရသည်မှာ…

    Read More »
  • Sep- 2022 -
    15 September
    သတင်း

    ဝိုင်းမော်ဒေသခံများ ပြည်သူ့စစ်အဖွဲ့၏ ဖမ်းဆီးရိုက်နက်မှုကို ခံနေရ

    ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် စက်တင်ဘာ ၁၁ ရက်ည အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ရပ်ကွက် ၃ တွင် နေထိုင်သူ အသက် ၄၀ နှစ်အရွယ် ဦးရှောင်ဘားဆိုသူကို…

    Read More »
  • Aug- 2022 -
    13 August
    တိုက်ပွဲ

    စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး

    ဝိုင်းမော်မြို့နယ် မန်ဒေါင်ကျေးရွာတွင် ချီဖွေ ဘက် မှ ဆင်းလာသော မြင်း ၉ ကောင် သယ်ဆောင်လာသည့် ၁၂ ဘီကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။…

    Read More »
  • 2 August
    တိုက်ပွဲ

    ဝိုင်းမော် အင်ဝမ်းယာန် ပြည်သူ့စစ်တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်ဖျက်ဆီး

    ဝိုင်းမော်မြို့နယ် ကန်ပိုင်တီလမ်းမပေါ် အင်ဝမ်းယာန်ကျေးရွာ (N’Wan Yang Mare) အနီးရှိသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း တစ်ခုကို ယနေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း သိရသည်။…

    Read More »
Back to top button