ဟုမ္မလင်း
-
Jan- 2024 -10 Januaryသတင်း
ဟုမ္မလင်းနယ် နောင်ဖာမိုကျေးရွာကို လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက နောင်ဖာမိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းနယ် နောင်ပိုအောင်ကျေးရွာအထက်ဘက်မှာရှိတဲ့ နောင်ပိုအောင်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၉ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာတစ်စီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ နောင်ဖာမိုကျေးရွာအနီးရှိ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက…
Read More » -
Dec- 2023 -28 Decemberသတင်း
ဟုမ္မလင်းမှာ စစ်တပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံးပြီး လူနေအိမ်တွေလည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းနယ် မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းက နောင်ပိုအောင်ကျေးရွာဘက်မှာရှိတဲ့ အိုက်ခွဲကျေးရွာ ၊ပင်ခုတ်ကျေးရွာ ၊နောင်ဖာမူကျေးရွာနဲ့ နတ်နန်းကျေးရွာလေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ…
Read More » -
21 Decemberသတင်း
စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဟုမ္မလင်းမြို့ပေါ်မှာ စစ်ဘေးရှောင် ၂၀၀၀ ကျော်အထိရှိလာ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ် နေတာကြောင့် ဟုမ္မလင်းမြို့ပေါ်မှာထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော်အထိရှိလာပြီလို့ မြို့ခံတွေဆီကနေသိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်းPDF မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် ဟုမ္မလင်းမြို့ပေါ်က စစ်ကောင်စီတပ်ဟာ ရွှေပြည်အေးမြို့ဘက်ကိုလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့်…
Read More » -
18 Decemberသတင်း
ဟုမ္မလင်း PDF မဟာမိတ်တပ်ပေါင်းစုတွေ သိမ်းပိုက်ခဲ့တဲ့ လွှစင်ကုန်းကျေးရွာမှာ SNA ပြန်လည် ဝင်ရောက်တပ်ချ
စစ်ကိုင်း ဟုမ္မလင်း မြို့နယ်ထဲက ဟုမ္မလင်း PDF မဟာမိတ်တပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ လွှစင်ကုန်းကျေးရွာထဲမှာ စစ်ကောင်စီ လက်အောက်ခံ SNA တပ်က တပ်ထိုင်ထားပြီလို့ ဒေသခံတွေ ပြောပါတယ်။ “လွှစင်ကုန်းဘုန်းကြီးကျောင်းမှာကော၊ လူနေအိမ်တွေမှာကော ပြန်နေ နေကြတယ်။ ကြာတော့ကြာပြီသူတို့ပြန်ရောက်နေတာ အခုထိမထွက်သွားကြသေးဘူး PDF တွေသိမ်းပြီး ဆုတ်သွားတဲ့နောက် ၂ရက်လောက်မှာပဲ သူတို့တွေပြန်ရောက်လာတာ”လို့ လွှစင်ကုန်းဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။…
Read More » -
12 Decemberသတင်း
ဟုမ္မလင်းနယ်မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေပြီး ကြက်ဥတစ်လုံး တစ်ထောင်ကျပ်အထိပေးဝယ်နေရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေကို လေကြောင်းနဲ့ သယ်ယူနေရတာာကြောင့် ကုန်စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပုံမှန်အားဖြင့်ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်နဲ့အခြားကုန်ပစ္စည်းတွေကို ပင်လည်ဘူး၊ကောလင်း ဘက်ကနေ ကုန်းကြောင်းနဲ့သယ်ယူကြသလို ချင်းတွင်းမြစ်ကြောင်းအတိုင်းရေကြောင်းနဲ့လည်း သယ်ယူကြတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ကောလင်းဘက်နဲ့ကနီနယ်တွေထဲမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကုန်းကြောင်းကော ရေကြောင်းသွားလာလို့မရတဲ့အတွက် အခြေခံစားသောက်ကုန်တွေကို…
Read More » -
Nov- 2023 -29 Novemberသတင်း
ဟုမ္မလင်းနယ် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ ဆက်တိုက်လက်နက်ကြီးပစ်ခတ်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ရက် ဆက်တိုက်လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့တွင်းက အထိုင်တပ်တစ်ခုဖြစ်တဲ့ အမှတ် ၂၂၂ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်တွေဟာ ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ နောင်ဆန်းကျင်ကျေးရွာအုပ်စုဘက်ကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေတယ်လို့ နောင်ဆန်းရွာဒေသခံတစ်ဦးက KNGကိုပြောပါတယ်။ “မနေ့က မနက် ၈နာရီလောက်ကနေစပစ်တာပဲ ချင်းတွင်းမြစ်ဟိုဘက်ကမ်း ကက်သာရွာရဲ့…
Read More » -
23 Novemberသတင်း
ဟုမ္မလင်းနယ်က SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ထိုင်တဲ့ လွှစင်ကုန်းစခန်း PDF တွေတိုက်ခိုက်သိမ်းပိုက်
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့စစ်ကောင်စီတွေပူးပေါင်းတပ်ထိုင်တဲ့ လွှစင်ကုန်းစခန်းကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ တပ်ထိုင်လာတဲ့ SNAနှင့်စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ လွှစင်ကုန်းစခန်းကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက မနေ့က နိုဝင်ဘာ ၂၂ ရက်နေ့ညပိုင်းကနေ…
Read More » -
21 Novemberသတင်း
စစ်ရေးအကြောင်းပြပြီး ဟုမ္မလင်းနယ် ဥရုချောင်းနံဘေးက ကျေးရွာတစ်ချို့ SNA ပြောင်းရွေ့ခိုင်း
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့အထက်ဘက် ဥရုချောင်းနံဘေးမှာနေထိုင်တဲ့ကျေးရွာတစ်ချို့က ဒေသခံပြည်သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ပြောင်းရွေ့ခိုင်းထားတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိပြောင်း SNA ဘက်က ပြောင်းရွှေ့ခိုင်းနေတဲ့ရွာတွေဟာ နောင်ပိုအောင်ကျေးရွာအထက်ဘက် ဥရုချောင်းနံဘေးက နန်တော၊မန်ခဲကျေးရွာ၊ မိုင်းကိုင်းကျေးရွာတွေဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ဘေးလွတ်ရာကိုတိမ်းရှောင်ကြဖို့ အမိန့်ထုတ်ထားတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက KNG သတင်းကိုပြောပါတယ်။ “တချို့လည်းဒီဘက် ဟုမ္မလင်းမြို့ပေါ်ကို ရှောင်လာကြတယ်။ တချို့လည်းနန်တောအထက်ဘက် စစ်ကြောင်းနဲ့လွတ်တဲ့ဘက်ကိုရှောင်သွားကြတယ်။ပြောင်းဖို့အမိန့်ထုတ်တာက ၃ ရက်လောက်ရှိနေပြီဆိုတော့ ပြောင်းတဲ့သူတွေကတော့…
Read More » -
13 Novemberသတင်း
ဟုမ္မလင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အရပ်သားဖမ်းဆီးခံရသူများလာ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့ထဲမှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး သတ်မှတ်အချိန်အတွင်း အပြင်ထွက်သူတွေကို ဖမ်းဆီးဝာာအပြင် ဖမ်းခံရတဲ့ အရပ်သားတွေထဲက တစ်ချို့ကို ငွေကျပ်သုံးသိန်းနဲ့ ပြန်ရွေးခိုင်းပြီးလွှတ်ပေးတာတွေရှိနေတယ်လို့ ဟုမ္မလင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့ကိုစစ်ကောင်စီက နိုဝင်ဘာ ၉ ရက်နေ့ကနေ ည၈နာရီနဲ့…
Read More » -
9 Novemberသတင်း
ဟုမ္မလင်းနယ် ရွာ ၄ ရွာက စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်နေ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်အုပ်စုမှာပါဝင်တဲ့ ကျေးရွာ ၄ ရွာထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နှင့်အခြား ဆေးဝါး၊အဝတ်အထည်တွေအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ နောင်ပိုအောင်ကျေးရွာနဲ့လွှစင်ကုန်းကျေးရွာဘက်မှာ ဒီတစ်ပတ်အတွင်းကစပြီး စစ်ကောင်စီတပ်၊ SNAပူးပေါင်းတပ်နဲ့ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ခပ်စိတ်စိတ်ဖြစ်လာနေတာကြောင့်…
Read More »







