သတင်း

ဟုမ္မလင်းနယ် နောင်ဖာမိုကျေးရွာကို လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက နောင်ဖာမိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းနယ် နောင်ပိုအောင်ကျေးရွာအထက်ဘက်မှာရှိတဲ့ နောင်ပိုအောင်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၉ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာတစ်စီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ နောင်ဖာမိုကျေးရွာအနီးရှိ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

တိုက်ပွဲ ဖြစ်တာတော့မရှိဘူးဒီတိုင်းကြီးလာကျဲသွားတာ မနက် အစောကြီးလာကျဲသွားရှင့်။ ဗုံးသီးက ၁၁ လုံးတိတိကျဲသွားတယ် ရွာထဲမှာလ ည်းကျတယ် ရွာပြင်ဘက်တွေမှာလည်းကျတယ်။လူတွေကတော့ဗုံးခိုကျင်းတွေမှာနေနေကြတော့မထိုက်ခိုက်သွားဘူး။လေယာဥ်သံကြားဆိုပြီတာနဲ့အားလုံးဗုံးခိုကျင်းထဲပြေးကြတာလို့ အထက် ၃၄နှစ်အရွယ်ရှိတဲ့အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။

အရပ်သားတွေဟာ လေယာဥ်တက်လာတဲ့အသံကြောင့်ဗုံးခိုကျင်းတွေမှာကြိုတင်ခိုလှုံခဲ့ရလို့ထိခိုက်မှုမရှိခဲ့ပေမယ့် နေအိမ်အချို့ ဗုံးစထိမှန်လို့ထိခိုက်ပျက်စီးတာတွေ ၅လုံးထက်မနည်းရှိသွားတယ်လို့သိရပါတယ်။

ဒီတစ်ကြိမ်နဲ့ဆိုလာကျဲတာ သုံးကြိမ်ရှိသွားပြီရှင့် ဘာလို့လာကျဲလဲဆိုတော့ နောင်ဖာမိုမှာPDF တွေရှိနေတယ်ဆိုပြီးမှလာကျဲတာတဲ့ ရွာထဲတွေမှာနေတယ်ဆိုပြီး ကျဲရင်လည်းရွာထဲတွေမှာပဲလာကျဲတာလို့ အထက်ပါအမျိုးသမီးကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က နောင်ဖာမိုဘက်ကိုအခုလိုဗုံးကျဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူအချို့ဟာ ဒီဇင်ဘာလကတည်းက ဟုမ္မလင်းမြို့ပေါ်နဲ့အခြားဘေးလွတ်ရာကျေးရွာတွေဘက်ကိုတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

နောင်ဖာမူကျေးရွာကိုစစ်ကောင်စီတပ်က လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တုန်းကလည်း ၂ရက်ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခုတစ်ကြိမ် ဟာတတိယအကြိမ်ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button