သတင်း

ဟုမ္မလင်းနယ် ရွာ ၄ ရွာက စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်နေ

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်အုပ်စုမှာပါဝင်တဲ့ ကျေးရွာ ၄ ရွာထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နှင့်အခြား ဆေးဝါး၊အဝတ်အထည်တွေအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ နောင်ပိုအောင်ကျေးရွာနဲ့လွှစင်ကုန်းကျေးရွာဘက်မှာ ဒီတစ်ပတ်အတွင်းကစပြီး စစ်ကောင်စီတပ်၊ SNAပူးပေါင်းတပ်နဲ့ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ခပ်စိတ်စိတ်ဖြစ်လာနေတာကြောင့် လက်ရှိနောင်ပိုအောင်နဲ့လွှစင်ကုန်းရွာအပါစုစုပေါင်း ကျေးရွာလေးရွာစစ်ဘေးရှောင်နေရပြီး အဲ့ဒီစစ်ရှောင်ပြည်သူတွေအတွက် အကူအညီတွေလိုအပ် နေတယ်လို့ နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

အများစုကတော့နန်သယား ကျေးရွာဘုန်းကြီးကျောင်းမှာစုပြီးရှောင်နေကြတယ် အဲ့မှာ ရာဏန်းကြီးပိုင်း ရှိတယ်အများဆုံးပဲတချို့ကတော့ကိုယ့်နီးစပ်ရာနီးစပ်ရာမှာရှောင်နေကြလို့အဆင်ပြေပေမယ့် ဘုန်းကြီးကျောင်းမှာကျတော့လူများတော့အစားအသောက်အခက်အခဲဖြစ်နေတယ်လူများတော့မလောက်ငှ့နိုင်ဘူး အခုကအေးပြီလေးတချို့ကအနွေးထည်တွေဆောင်တွေမပါကြတော့အဲ့တာတွေလည်းလိုအပ်နေတယ်လို့သူကပြောပါတယ်။

လက်ရှိစစ်ရှောင်နေရတဲ့ကျေးရွာလေးရွာဟာ နောင်ပိုအောင်နဲ့လွှစင်ကုန်းကြားက အော်တော်ကျေးရွာ၊ အောင်ပင်ကျေးရွာ၊လွှစင်ကုန်းကျေးရွာနဲ့ နောင်ပိုအောင်းကျေးရွာအမှတ် ၁ အပိုင်းက ဒေသခံတွေတိမ်းရှောင်နေကြရတယ်လ်ို့သိရပြီး စုစုပေါင်းစစ်ရှောင်ဦးရေ ၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့အဝတ်အထည်တွေအပြင် သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်တွေမှာ နာစေးချောင်းဆိုးအဖြစ်များနေတာကြောင့် ဆေးဝါးတွေလည်းအကူအညီလိုအပ်နေကြောင်း ဒေသခံတွေဆီက နေသိရပါတယ်။

ကလေးတွေနဲ့သက်ကြီးပိုင်းတွေခုခံအားနည်းတော့ဖျားနေကြတဲ့လူရှိတယ်တချို့လည်းနှာစေး၊ချောင်းဆိုးဖြစ်နေတာအိမ်ပါ လာကြတဲ့ဆေးတွေလည်းကုန်တော့လူကများတော့ ဆေးဝါးတွေလည်းလုံလုံလောက်လောက် ဖြစ်ဖို့လိုအပ်နေတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးကပြောပါတယ်။

နောင်ပိုအောင်နဲ့ လွှစင်ဘုန်းဘက်မှာ စစ်ကောင်စီတပ်၊SNAနှင့် ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေကြားမှာ မနေ့ကလည်း လွှစင်ကုန်းကျေးရွာအနီးမှာတစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီက နေ့ မနက်ပိုင်းမှာလည်း ကချင်နဲ့စစ်ကိုင်းအစပ် ဟုမ္မလင်းဘက်ခြမ်းက SNA၊စစ်ကောင်စီပူးပေါင်းတပ်ထိုင်တဲ့ စခန်းသုံးခုကို KIA၊ဟုမ္မလင်းPDF တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ SNAပူးပေါင်းတပ်တွေဟာလက်ရှိ နောင်မခန်းကျေးရွာစာသင်ကျောင်းမှာတစ်ကြောင်း၊ နောင်ပိုအောင်ဆေးရုံကြီးနဲ့ရဲစခန်းမှာ တစ်ကြောင်း နောင်ပိုအောင်ကျေးရွာအထွက်က သခ်ျိုင်းကုန်းမှာတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းသုံးကြောင်းရှိနေတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button