သတင်း

ဟုမ္မလင်း PDF မဟာမိတ်တပ်ပေါင်းစုတွေ သိမ်းပိုက်ခဲ့တဲ့ လွှစင်ကုန်းကျေးရွာမှာ SNA ပြန်လည် ဝင်ရောက်တပ်ချ

စစ်ကိုင်း ဟုမ္မလင်း မြို့နယ်ထဲက ဟုမ္မလင်း PDF မဟာမိတ်တပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ လွှစင်ကုန်းကျေးရွာထဲမှာ စစ်ကောင်စီ လက်အောက်ခံ SNA တပ်က တပ်ထိုင်ထားပြီလို့ ဒေသခံတွေ ပြောပါတယ်။

လွှစင်ကုန်းဘုန်းကြီးကျောင်းမှာကော၊ လူနေအိမ်တွေမှာကော ပြန်နေ နေကြတယ်။ ကြာတော့ကြာပြီသူတို့ပြန်ရောက်နေတာ အခုထိမထွက်သွားကြသေးဘူး PDF တွေသိမ်းပြီး ဆုတ်သွားတဲ့နောက် ၂ရက်လောက်မှာပဲ သူတို့တွေပြန်ရောက်လာတာလို့ လွှစင်ကုန်းဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

SNA တပ်တွေ အထိုင်တပ်ချထားတဲ့ လွှစင်ကုန်းကျေးရွာကို ခန္တီးခရိုင် တပ်ရင်း()  HPDF 124 HPDF မိုးကြိုးတပ်ဖွဲ့နှင့် အခြားမဟာမိတ်တပ်တွေပူးပေါင်းပြီးတော့ နိုင်ဝင်ဘာလ ၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲဒီနောက် နိုဝင်ဘာလ ၁၀ ရက်ကျော်မှာ PDF မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ပွဲမဖြစ်ပဲ လွှစင်ကုန်းရွာကနေ စွန့်ခွာသွားပြီးနောက် SNA က ပြန်လည် တပ်ထိုင်လာတာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းနီတပ်တွေ ပြန်ဝင်လာတာက နိုဝင်ဘာ ၁၅ ၊၁၆ ရက်လောက်ကတည်းကပြန်ဝင်လာတာ။ အခုလောလောဆယ် အင်အား ၅၀ ကျော်လောက်ပဲရှိတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသမီးက ဆက်ပြောပါတယ်။

အခုလို SNA တပ်တွေ တပ်ပြန်ထိုင်လာတဲ့အတွက် လွှစင်ကုန်းကျေးရွာဒေသခံတွေဟာ နေရပ်မပြန်နိုင်ကြသေးပဲ နောင်ပိုအောင်ကျေးရွာ၊ အော်တော်ကျေးရွာ၊ ဟုမ္မလင်းမြို့ပေါ်တွေနဲ့ အခြားနီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

“PDF တွေက ရွာကိုသိမ်းလိုက်ပြီဆိုတော့ ရွာထဲပြန်ဝင်လို့ရလောက်ပြီပေါ့။ ဘယ်မဟုတ်မလဲ ရှမ်းနီတပ်တွေပြန်ရောက်နေတော့ အခုရွာသားတွေ တစ်ယောက်မှမဝင်ရဲကြသေးဘူး။ ရွာသားတွေကတော့ အရင်ကတည်းက ရှမ်းနီတွေ ရွေ့ခိုင်းလို့ပစ္စည်းတွေ အကုန်မရွေ့ပြီး ပြောင်းထားကြတာခုထိလည်းပြန်ဝင်မရသေးဘူးလို့ လွှစင်ကုန်းစစ်ရှောင်တွေ နဲ့ နီးစပ်တဲ့ ဟုမ္မလင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

SNA တပ်တွေ လွှစင်ကုန်းရွာထဲ ပြန်လည်ဝင်ရောက်တပ်စွဲနေတာနဲ့ ပတ်သက်ကြီး ဟုမ္မလင်း PDF ကို ဆက်သွယ်ပေမယ့် ဟုမ္မလင်း နယ်ထဲဖုန်းလိုင်အချို့ဖြတ်တောက်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ လွှစင်ကုန်းကျေးရွာကို နိုဝင်ဘာလဆန်းပိုင်းက PDF မဟာမိတ်တပ်ပေါင်းစုတွေက ၃ ရက်နဲ့ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button