အင်းတော်
-
Jan- 2023 -26 Januaryသတင်း
ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့် စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင် ဒလန်ဟု သတင်းထွက်နေသည့် အမျိုးသားတစ်ဦး ထမင်းဝယ်ယူနေစဥ် ဖမ်းဆီးခံလိုက်ရပြီးနောက် ထမင်းဆိုင်ပိုင်ရှင် လင်မယား ၂ဦးကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် အင်းတော်မြို့နယ်အတွင်း ဒလန်ဟု သတင်းထွက်…
Read More » -
23 Januaryသတင်း
အင်းတော် လယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက KIA ဟုပြောဆိုကာ ဝင်ရောက်တပ်စွဲနေ
အင်းတော်မြို့နယ် လယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ၎င်းတို့သည် ကိုယ့်ကို KIA တပ်ဖြစ်ကြောင်း ပြောဆိုကာ ပြည်သူများ၏ ကြက်များကို သတ်ဖြတ် စားသောက်နေကြကြောင်း သိရသည်။ ထီးချိုင့်ဘက်မှ ဝင်လာသည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းသည် ယနေ့ မွန်းလွဲ…
Read More » -
18 Januaryရွေးကောက်ပွဲဆိုင်ရာ
အင်းတော် ရွေးကောက်ပွဲကော်မရှင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီပြန်လည် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိမှန်
ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး ဇန်နဝါရီလ ၁၇ ရက်ညနေပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ဖြင့် ပြန်လည်းရမ်းသမ်းပစ်ခတ်ရာတွင် ပြည်သူနှစ်ဦး ထိမှန်ခဲ့ကြောင်း သိရသည်။ အင်းတော် အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီ၏ မြို့နယ်ရွှေးကောက်ပွဲကော်မရှင်ရုံးကို မြို့တွင်းပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ ည ၄ နာရီအချိန်တွင် လက်လုပ်မိုင်းနှစ်လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး အင်တော်မြို့ရှိ စစ်တပ်ကုန်းမှ…
Read More » -
12 Januaryလူ့အခွင့်အရေးချိုးဖောက်မှု
စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် လင်မယား နှစ်ဦး ထိခိုက်သေဆုံးမှုဖြစ်
အင်းတော်မြို့တွင် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦး ထိမှန်ရာမှ အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။ ယနေ့ နံနက် ၁၀ နာရီခန့်တွင် အင်းတော်မြို့တွင်းရှိ စစ်ကောင်စီတပ်သည် အင်းတော်မြို့အနောက်ဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ပဲစိုက်နေသည့် လင်မယားနှစ်ဦးအနီးတွင် လက်နက်ကြီးကျည်တစ်လုံး…
Read More » -
Dec- 2022 -30 Decemberသတင်း
ကုန်စိမ်းသည် အမျိုးသမီး ၄ ဦးကို PDF ကိုထောက်ပံ့သည်ဟု ဖမ်းဆီးအမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နားခါ ကျေးရွာမှ ဒေသခံ အမျိုးသမီး ၄ ဦးကို စစ်ကောင်စီက PDF ကို ထောက်ပံ့သည်ဟု စွပ်စွဲကာဖမ်းဆီးပြီး အမှုဖွင့်ထားကြောင်း သိရသည်။ နားခါကျေးရွာမှ ဒေါ် ခင်မာဦး၊ ဒေါ်အေးဆန်း၊ ဒေါ်ခင်စောထွေး(ခ)…
Read More » -
20 Decemberသတင်း
အင်းတော်နယ် ဘုန်းကြီးကျောင်းတစ်ခုတွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သား ၄ ဦး၏ အလောင်းတွေ့ရှိ
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပိန်းအင်းကျေးရွာဘုန်းကြီးကျောင်းဝန်းတွင် စစ်ကောင်စီ သတ်ဖြတ် မြှုပ်နှံထားသည့် အရပ်သားလေးဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၇ ရက်ည ပိန်းအင်းကျေးရွာအတွင်းသို့ ဝင်ရောက်တပ်…
Read More » -
16 Decemberတိုက်ပွဲ
အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကြောင်း သုံးကြောင်းအနက် စစ်အင်အား ၁၀၀ ပါ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် နှစ်ကြိမ် တိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။ ညောင်ကုန်းကျေးရွာအနီး နှစ်ကြိမ်တိုက်ခိုက်ခံရမှုတွင် စစ်တပ်ဘက်က ထိခိုက်မှု များပြားခဲ့သည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”ညောင်ကုန်းဘက်ကတောထဲမှာဖြစ်တာ…
Read More » -
Nov- 2022 -22 Novemberတိုက်ပွဲ
အင်းတော်နှင့် ဗန်းမောက်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်
အင်းတော်မြို့နယ်ရှိ အောက်တောရွာ နှင့် ပင်ဝေကျေးရွာကြား၊ ဗန်းမောက်မြို့အနောက်ဘက်ရှိ ဖောင်းပြင်ရွာ တို့ကို စစ်ကောင်စီတပ်က ယနေ့ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် တံတားဦးမှတက်လာသော ဂျက်လေယာဉ် ၂စီးသည် အင်းတော်မြို့မြောက်ဘက်ခြမ်းရှိ အောက်တောကျေးရွာနှင့် ပင်ဝေကျေးရွာကြားတောထဲတစ်နေရာနှင့် ဗန်းမောက်မြို့နယ် ဖောင်းပြင်ရွာကို ဂျက်လေယာဥ် နှစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း…
Read More » -
22 Novemberသတင်း
စစ်ရေးတင်းမာမှုရှိနေသည့် အင်းတော် နှင့် ဖားကန့် ဝှေခါလမ်း KIA သွားလာခွင့်ပိတ်ထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာနှင့် အင်းတော်ကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုဖြစ်ပေါ်နေသည့်အတွက် ဝှေခါလမ်းပိုင်းကို KIA ဘက်မှ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။ အင်းတော်နှင့် ဝှေခါလမ်းပိုင်းဘက်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် KIA…
Read More » -
19 Novemberတိုက်ပွဲ
အင်းတော်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော်သေဆုံး
အင်းတော်မြို့မြောက်ဘက် တောတွင်းတစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား တစ်ရက်တည်း ထိတွေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အင်းတော်မြို့တွင်းမှ မြောက်ဘက်တောထဲသို့ စစ်ကြောင်းထိုးတက်လာသည့်…
Read More »