သတင်း

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင် ဒလန်ဟု သတင်းထွက်‌နေသည့် အမျိုးသားတစ်ဦး ထမင်းဝယ်ယူနေစဥ် ဖမ်းဆီးခံလိုက်ရပြီးနောက် ထမင်းဆိုင်ပိုင်ရှင် လင်မယား ၂ဦးကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် အင်းတော်မြို့နယ်အတွင်း ဒလန်ဟု သတင်းထွက် နာမည်ကြီးနေသည့် ကိုဝင်းမိုးသူ ခေါ်သူအား အောင်မင်္ဂလာရပ်ကွက်ရှိ ‘သစ်စုံ‘ ထမင်းဆိုင်တွင် ထမင်းဝယ်ယူနေစဥ် အင်းတော်ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးသွားပြီးနောက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ထမင်းဆိုင်ပိုင်ရှင် လင်မယားကို ပြန်လည်ဖမ်းသွားကြောင်း အင်းတော်မြို့နေ အမျိူးသားတစ်ဦးက KNG ကိုပြောသည်။

သူကဒလန်ဟုတ်တယ် အင်းတော်မှာနာမည်ကြီးနေတာကြာပြီ ရဲစခန်းမှာပဲနေတာ ဟိုနေ့က ထမင်းဆိုင်မှာ မြို့နယ်ရဲမှူးအတွက် ထမင်းလာဝယ်ပေးတာ ဆိုင်ရှေ့ရပ်နေတုန်း ဖမ်းခေါ်သွားတာ ကာကွယ်ရေးတပ်ဖွဲ့တွေက အဲ့နေ့ညပိုင်းပဲ ထမင်းဆိုင်ပိုင်ရှင်တွေကိုလည်း လာဖမ်းသွားတယ်စစ်သားတွေက ခုထိတော့မလွတ်သေးဘူးဟု အင်းတော်မြို့နေ အမျိုးသားတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့် ထမင်းဆိုင်ပိုင်ရှင် အမျိူးသမီးမှာ ဒေါ်သစ်စုံနှင့် အမျိုးသားဖြစ်သူ (အမည်စုံစမ်းဆဲ) တို့ဖြစ်ပြီး လက်ရှိချိန်ထိ အင်းတော်စစ်တပ်ကုန်းတွင်ထိမ်းသိမ်းထားဆဲဖြစ်ကြောင်းသိရသည်။

ကိုဝင်းမိုးသူ၏ သတင်းပေးမူကြောင့် ကာကွယ်ရေးတပ်ဖွဲ့အား ထောက်ပို့လုပ်ခဲ့ဖူးသည့် ဒေသခံပြည်သူအချို့ ဖမ်းဆီးခံရမှုရှိခဲ့ကြောင်း အင်းတော်ကာကွယ်‌ရေးတပ်ဖွဲ့က တာဝန်ရှိသူက ခုလိုပြောသည်။

ခုဖမ်းထားတဲ့ ကိုဝင်းမိုးသူကြောင့် ကျနော်တို့ကိုကူညီနေတဲ့ ဒေသခံတစ်ချို့ဖမ်းခံထားရတာရှိတယ်။ အဲကြောင့် သူ့ကိုကျနော်တို့အဖွဲ့က ဝင်ဖမ်းလိုက်တာ ဟု အင်းတော်ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အင်းတော်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့သည် အကြောင်းအမျိုးမျိုးပြ၍  ဖမ်းဆီးခံရသည့ ဒေသခံပြည်သူ ၅၀ ဦး ကျော်လာပြီဖြစ်ပြီး အများစုမှာပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ အင်းတော်မြို့ရဲအချုပ်ခန်းတွင်သာ ထိမ်းသိမ်းထားကြောင်းသိရသည်။

 

Show More

Related Articles

Back to top button