CDM
-
Nov- 2023 -28 Novemberဆောင်းပါး
ရည်မှန်းချက်အသစ်နဲ့ရှေ့ဆက်နေတဲ့ CDM ကျောင်းသူ
“အချိန်ကတစ်ပတ်ပဲလိုတယ် အဲ့ဒီတစ်ပတ်ပြီးရင်တော့ မစ္စတာဘွဲ့ရပြီ (M.Sc ဘွဲ့လွန်မဟာသိပ္ပံ) ဒီမစ္စတာဘွဲ့ယူပြီး ရင်တော့ ကျွန်မ Phd (ပါရဂူဘွဲ့) ဆက်တက်ဖို့ပေါ့။ ဘဝမှာ ဒီလိုရည်မှန်းချက်ကြီးကြီးထားပြီးကြိုးစားလာခဲ့တာ အခုတော့ ကြိုးစားခဲ့တာတွေ ရည်မှန်းချက်တွေကို စကစ(စစ်ကောင်စီ) က အားလုံးရိုက်ချိုးပေးလိုက်တယ်” လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောပြလာသူကတော့ မြစ်ကြီးနား တက္ကသိုလ်မှာကျောင်း တက်ခဲ့တဲ့ Bio chemistry ကျောင်းသူ မလုလု (အမည်လွဲ)ပဲဖြစ်ပါတယ်။ မလုလုဟာ State ကျောင်းသူ…
Read More » -
Oct- 2023 -25 Octoberသတင်း
အင်းတော်မှာ ပြည်သူ ၂ ဦးကို ထောင်ဒဏ်တစ်သက်ကျွန်းချမှတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့မှာ စစ်ကောင်စီရဲ့စစ်ခုံရုံးကနေ CDM ကျောင်းဆရာတစ်ဦးနဲ့အမျိုးသားတစ်ဦးတို့ကို ထောင်ဒဏ်တစ်သက် တကျွန်းချမှတ်ခဲ့ပြီး အမျိုးသမီး တစ်ဦးလည်းထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့သိရပါတယ်။ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံလိုက်ရတဲ့ အံဒီ CDM ကျောင်းဆရာ ကိုဟိဏ်းမင်းသူ(ခ) အာနိုးနှင့် ကျန်အရပ်သား ၂ဦးဖြစ်တဲ့ကိုဇော်မြင့်ထွန်း၊မဂျုံးဂျုံးကျော်ဇင်တို့ကို စစ်ကောင်စီတပ်တွေက ဒီနှစ်အစောပိုင်းမှာဖမ်းဆီးခဲ့ပြီးနောက် ၃ လကျော်အောက်တိုဘာလ…
Read More » -
23 Octoberဆောင်းပါး
ကျောင်းမတက်တော့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝတစ်ဆစ်ချိုး
စစ်အာဏာရှင်လက်အောက်မှာ ကျောင်းမတက်ပဲ သပိတ်မှောက်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေဟာ နဂိုရည်မှန်းချက်ကို စွန့်ပြီး အသက်မွေးဝမ်းကြောင်းတစ်ခုကို ပြန်လည်စတင်နေရပါတယ်။ မြန်မာပြည်မှာ ၂၀၂၀ မတ်လလောက်ကစလို့ ကိုဗစ်ရောဂါကြောင့် အခြေခံပညာကျောင်းအပါအဝင် တက္ကသိုလ်ကျောင်းတွေ ရပ်နားခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် အာဏာရှင်ကို မလိုလားတဲ့ပြည်သူတွေဟာ တစ်ပြည်လုံးအနှံ့ အာဏာရှင်ကို…
Read More » -
Jun- 2023 -29 Juneဆောင်းပါး
ရက်ပေါင်း ရှစ်ရာကျော် စစ်တပ်ဆန့်ကျင်ရေးသပိတ် ဦးဆောင်နေတဲ့ CDM ဆရာမ
“ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဒို့အရေး၊ စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေး ဒို့အရေး၊ ငါတို့ပြည်သူ ငါတို့ပြန်ပေး လုံဝအုပ်ချုပ်ခွင့်မရစေရ၊ အရေးတော်ပုံအောင်ရမည်၊ အရေးတော်ပုံအောင်ရမည်” ဆိုတဲ့အသံတွေနဲ့အတူ လက်သီးလက်မောင်းတန်းပြီး သပိတ်ဦးဆောင်နေသူကတော့ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆရာမ ဒေါ်နွယ်နွယ်မိုး ဖြစ်ပါတယ်။…
Read More » -
5 Juneသတင်း
မြစ်ကြီးနား မီးရထားဝင်း မှ CDM ဝန်ထမ်းများကို စစ်ကောင်စီက စတင် နှင်ထုတ်
မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ မီးရထား CDM ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းတန်းလျား လိုင်းခန်း ဆိုင်ခန်းများအား စစ်ကောင်စီတပ်က ဖယ်ရှားရန်ပြုလုပ်နေပြီး CDM ဝန်ထမ်းမိသားစုများကိုလည်း ဝန်ထမ်းအိမ်ယာဝင်းမှ အတင်းအကြပ် နှင်ထုတ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် အောင်နန်းရပ်ကွက်ရှိ မီးရထား CDM ဝန်ထမ်းမိသားစုများနေထိုင်သည့် လိုင်းခန်းအား ကျူးကျော်ဟုဆိုကာ ဇွန်လနောက်ဆုံးအပတ်တွင် သတိပေးဆိုင်းဘုတ်အား လာရောက်စိုက်ထူခဲ့ပြီး CDMဝန်ထမ်းများကိုလည်း ဇွန်လ…
Read More » -
May- 2023 -30 Mayသတင်း
ရွှေကူတွင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး
ရွှေကူမြို့တွင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးပြီး ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ ရွှေကူမြို့တွင်နေထိုင်သော အသက် ၄၀ ကျော်အရွယ် CDM ကျောင်းဆရာမ ဒေါ်ခိုင်စိုးဝေကို မေလ ၂၇ ရက်နေ့ည ၁၂ နာရီတွင် စစ်ကောင်စီရဲနှင့် စစ်သားများက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိ…
Read More » -
Apr- 2023 -8 Aprilသတင်း
မိုးကောင်းမြို့ CDM ဝန်ထမ်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် CDM ထွေအုပ် ဝန်ထမ်းအမျိုးသမီးတစ်ဦးကို စစ်ကောင်စီအဖွဲ့က ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ ဖမ်းဆီးခံရသည့် နန့်ရင်းရပ်ကွက် နေထိုင်သူ မနေခြည်အောင်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တို့က အိမ်စီးများဖြင့် လာရောက်ဖမ်းဆီခေါ်ဆောင်သွားပြီး…
Read More » -
Nov- 2022 -15 Novemberသတင်း
စစ်ကောင်စီလက်အောက်မှ KIA ထဲ ဝင်ရောက်လာသူများကို လုံခြုံစွာ စောင့်ရှောက်ထားကြောင်း KIO ပြော
ကချင်ပြည်နယ်ရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်ဆက်လက် မထမ်းဆောင်လိုတော့သဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ လက်နက်ချ အလင်းဝင်ရောက်လာသော စစ်သားနှင့် ရဲတပ်ဖွဲ့ အယောက် ၅၀၀ ဝန်းကျင်ခန့် ရှိလာပြီဟု သိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင်ရှိသည့် စစ်မှုထမ်းများ၊ ရဲဝန်ထမ်းများနှင့် ပညာရှင်များ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေအတွင်းသို့ အလင်းဝင်ရောက်လာသူများကို လုံခြုံစွာကာကွယ် စောင့်ရှောက်ထားပေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ…
Read More » -
Jul- 2022 -6 Julyသတင်း
စစ်ရှောင်၊ CDM နှင့် မသန်စွမ်းများကို ထောက်ပံ့နိုင်မည့် Click Application တစ်ခု အကောင်ထည်ဖော်နေ
စစ်ရှောင်ပြည်သူများ နှင့် CDM ဝန်ထမ်းများကို ငွေကြေး ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည့် Application တစ်ခုကို မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ မှ အကောင်ထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းပြီးနောက် အသက်မွေးဝမ်းကျောင်း ကြပ်တည်းလာသော ကချင်ပြည်နယ်အတွင်း…
Read More » -
May- 2021 -5 Mayသတင်း
ဝိုင်းမော် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်ရန် မြို့နယ်ပညာရေးမှူး ခြိမ်းခြောက်ခေါ်ယူနေ
ပြည်သူ့အာဏာဖီဆန်မှု CDM လှုပ်ရှားနေသော ဝိုင်းမော်မြို့နယ်မှ ပညာရေးဝန်ထမ်းများကို မေလ ၇ ရက်နေ့မှစတင်ပြီး လုပ်ငန်းခွင်ပြန်ဝင်ရန် မြို့နယ်ပညာရေးမှူးက ဖိအားပေးခြိမ်းခြောက်နေသည်ဟု သိရသည်။ မြို့နယ်ပညာရေးမှုး ဦးမွန်ကျော်မြင့်သည် CDM ပြုလုပ်သည့် ကျောင်းဆရာ၊ ဆရာမများကို ဖုန်းဖြင့်သော်လည်းကောင်း ခေါ်ယူတွေ့ဆုံမှုဖြင့်သော်လည်းကောင်း…
Read More »