သတင်း

ရွှေကူတွင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရွှေကူမြို့တွင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးပြီး ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ရွှေကူမြို့တွင်နေထိုင်သော အသက် ၄၀ ကျော်အရွယ် CDM ကျောင်းဆရာမ ဒေါ်ခိုင်စိုးဝေကို မေလ ၂၇ ရက်နေ့ည ၁၂ နာရီတွင် စစ်ကောင်စီရဲနှင့် စစ်သားများက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိ အချိန်ထိ ရွှေကူနယ်မြေ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ဒေါ်ခိုင်စိုးဝေ နှင့် ဆွေမျိုးတော်စပ်သည့် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

ပြန်တော့ မလွတ်လာသေးဘူးပေါ့နော်အခုထိတော့။ ရွှေကူရဲစခန်းမှာပဲ ရဲစခန်းမှာဆိုပေမယ့် အချုပ်ခန်းထဲမှာတော့မထားဘူး ဝန်ထမ်းလိုင်းခန်းထဲက ရဲမေတွေနဲ့အတူထားတယ်တဲ့ အကျယ်ချုပ်ပုံစုံမျိုးပေါ့ လွတ်လွတ်လပ်လပ်ပဲပြောတယ်။ ရိုက်တာနက်တာလည်းမရှိဘူးတဲ့ဟုပြောသည်။

ဆရာမ ဒေါ်ခိုင်စိုးဝေသည် စစ်အာဏာမသိမ်းမှီ ရွှေကူ အမှတ် ()အထက်တန်းကျောင်းတွင် အလယ်တန်းပြ ဆရာမ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး CDM ပြုလုပ်သွားသည့်နောက်ပိုင်းတွင် ဆေးအရောင်း ဆိုင်တွင်လုပ်ကိုင်နေရာမှ ဖမ်းဆီးထိန်းသိမ်းခံခြင်းဟု သိရသည်။

ဒေါ်ခိုင်စိုးဝေကိုလာရောက်ဖမ်းဆီးစဥ်တွင် အိမ်စီးကားလေးစီး၊ စစ်ကားအကြီးတစ်စီး အသေးတစ်စီးဖြင့် စစ်သားနဲ့ရဲအင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

သူတို့က (စစ်ကောင်စီတပ်) ထောက်ပို့တွေနဲ့ CDM တွေကိုဖမ်းမယ်ဆိုပြီး ၂ညဆက်တိုက်မြို့ထဲမှာပတ်နေတာ မနေ့ညတော့မပတ်ဘူး ၂၈ ရက်နေ့ညနဲ့ ၂၇ ရက်နေ့ညကပတ်တာ ည ၁၂ နာရီအထိရှာတယ်တာပေမယ့်ဖမ်းခံရတာကတော့ ဒေါ်ခိုင်စိုးဝေ တစ်ယောက်ပဲဟုဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။

စစ်အာဏာသိမ်းသည့်နောက်ပိုင်း ရွှေကူတွင် ပညာရေးဝန်ထမ်းအများအပြား CDM ပြုလုပ်သွားပြီးနောက် ၎င်းတို့ကို စစ်ကောင်စီက နည်းလမ်းအမျိုးမျိုးသုံး၍ ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်။

ရွှေကူတွင်ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း အသက် ၆၀ ခန့်အရွယ်ရှိ အမျိူးသမီးတစ်ဦးကို စစ်ကောင်စီက ထောက်ပို့ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။

Show More

Related Articles

Back to top button