သတင်း

အင်းတော်မှာ ပြည်သူ ၂ ဦးကို ထောင်ဒဏ်တစ်သက်ကျွန်းချမှတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့မှာ စစ်ကောင်စီရဲ့စစ်ခုံရုံးကနေ CDM ကျောင်းဆရာတစ်ဦးနဲ့အမျိုးသားတစ်ဦးတို့ကို ထောင်ဒဏ်တစ်သက် တကျွန်းချမှတ်ခဲ့ပြီး အမျိုးသမီး တစ်ဦးလည်းထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့သိရပါတယ်။

ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံလိုက်ရတဲ့ အံဒီ CDM ကျောင်းဆရာ ကိုဟိဏ်းမင်းသူ() အာနိုးနှင့် ကျန်အရပ်သား ၂ဦးဖြစ်တဲ့ကိုဇော်မြင့်ထွန်း၊မဂျုံးဂျုံးကျော်ဇင်တို့ကို စစ်ကောင်စီတပ်တွေက ဒီနှစ်အစောပိုင်းမှာဖမ်းဆီးခဲ့ပြီး‌နောက် ၃ လကျော်အောက်တိုဘာလ ၂၃ ရက်နေ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

“CDM ကျောင်းဆရာကော ကိုဇော်မြင့်ထွန်းဆိုသူကိုရော ထောင်ဒဏ်တစ်သက်တကျွန်းချလိုက်တယ်ဗျ။ အမျိုးသမီးကိုတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇နှစ်ချမှတ်လိုက်တာလို့ထောင်ဒဏ်ချမှတ်ခံရတဲ့ CDM ကျောင်းဆရာနဲ့ရင်းနှီးတဲ့အင်းတော်မြို့နေ အမျိုးသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက CDM ကျောင်းဆရာနဲ့ ကိုဇော်မြင့်ထွန်းဆိုသူကို ပုဒ်မ၅၀()၊ပုဒ်မ၅၂(က)နဲ့ ပုဒ်မ၅၂()အရထောင်ဒဏ် တစ်သက်တကျွန်းချမှတ်ခဲ့တာဖြစ်ပြီး မဂျုံးဂျုံးကျော်ဇင်ကိုတော့ ပုဒ်မ၅၂(က) အရအလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထောင်ဒဏ်အသီးသီးချမှတ်ခံရတဲ့ ပြည်သူ သုံးဦးထဲကနေ CDM ကျောင်း ဆရာဟာအင်းတော်မြို့ ရေနားတန်း ရပ်ကွက်ထဲကဖြစ်ပြီး ဒီနှစ်ဇွလန်လ ၅ရက်နေ့က နေအိမ်မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ဒါ့အပြင် သြဂုတ်လ ၁၁ ရက်နေ့ အင်းတော်မြို့တွင်းစစ်ဆေးဂိတ်တစ်ခုမှာ ဖမ်းဆီးခံလိုက်ရတဲ့ မဂျုံးဂျုံးကျော်ဇင်ကတော့အင်းတော်မြို့ထဲကဖြစ်ပြီး ကိုဇော်မြင့်ထွန်းရဲ့ ဖမ်းဆီးခံရချိန်နဲ့ နေရပ်လိပ်စာကိုတော့ စုံစမ်း နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီက ခုနောက်ပိုင်း အင်းတော်မြို့တွင်းက ပညာရေးမှူးရုံးရှေ့ ၊ရဲစခန်းရှေ့နှင့်အင်းတော်မြို့ပြင် နဘားလမ်းဆုံစတဲ့နေရာတွေမှာ စစ်ဆေးရေးဂိတ်တွေပြုလုပ်ပြီးအရပ်သားဖမ်းဆီးမှုခပ်စိတ်စိတ်ပြုလုပ်လျက်ရှိရာယခုနှစ်ထဲ ဖမ်းဆီးခံရသူ ၂၀ ကျော်အထိရှိလာပြီလို့သိရပါတယ်။

အလားတူစစ်ကောင်စီဟာ အင်းတော်နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အကြောင်းအမျိုးမျိုးကြောင့်စစ်ဆေးဖမ်းဆီးခံလိုက်ရတဲ့အရပ်သားတွေကို ထောင်ဒဏ် တစ်သက်တကျွန်းချမှတ်တာ၊ထောင်နှစ်ရှည်ချမှတ်တာတွေရှိလာနေပြီး အရပ်သား ၂၀ ဦးထက်နည်းကို ထောင်ဒဏ်ချမှတ်ခဲ့ပြီလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button