TNLA

  • Jun- 2024 -
    5 June
    သတင်း

    ဂါလိုင်ရွာမှာ ကျောင်းမဖွင့်ဖို့ TNLA တားမြစ်နေတဲ့ကြားက ကျောင်းသားမိဘများကျောင်းစဖွင့်နိုင်ပြီ

    ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာ(Galeng ) အလယ်တန်းကျောင်းမှာ တအာင်းတပ် TNLA တပ်စွဲလိုက်ပြီး ကျောင်းမဖွင့်ဖို့တားဆီးပိတ်ပင်နေတဲ့ကြားက ဒေသခံကျောင်းသားမိဘတွေက ကျောင်းစတင်ဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။ ဂါလိုင်ကျေးရွာက KIO အစိုးရအောက် ဖွင့်လှစ်သင်ကြားနေတဲ့ အလယ်တန်းကျောင်းကို TNLA က ကျောင်းနာမည်စရင်းကောက်ခံခွင့်မပေးပဲ ကျောင်းတံခါပိတ်ထားလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်…

    Read More »
  • 3 June
    သတင်း

    ရှမ်းမြောက် ကွတ်ခိုင်နဲ့မုံးကိုးအပါအဝင် နေရာတစ်ချို့မှာ ကိုးကန့် MNDAA  တပ်စွဲနေရာယူထားလို့ စာသင်ကျောင်းဖွင့်ဖို့အခက်ခဲဖြစ်နေ

    ရှမ်းမြောက် ကွတ်ခိုင်နဲ့ မုံးကိုးဒေသကျေးရွာအပါအဝင် နေရာတစ်ချို့မှာရှိတဲ့ စာသင်ကျောင်းဝင်းထဲ ကိုးကန့် MNDAA ကတပ်စွဲနေရာယူလိုက်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကလေးတွေအတွက်ကျောင်းဖွင့်နိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့  ဒေသခံတွေကပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာအနီး ခိုမုန်းကျေးရွာအခြေခံပညာရေးကျောင်းမှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေ တပ်ချနေရာယူထားတာ ၅ လကျော်ကြာမြင့်နေပြီး ဒီကနေ့ထိ ပြောင်းရွှေ့ပေးတာမရှိတဲ့အတွက်  ၂၀၂၄–၂၀၂၅ စာသင်နှစ်အတွက်ကျောင်းဖွင့်ဖို့ အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “ကျနော်တို့ ကျောင်းဖွင့်ဖို့လုပ်နေပေမဲ့ ကိုးကန့် MNDAA က ကျောင်းမှာ နေရာယူနေတယ်။ သူတို့ကျောင်းမှာနေလိုက်တော့ ကျနော်တို့ဘယ်လိုမှ လှုပ်ရှားလို့မရနေဘူး။ ကျောင်းဖွင့်နိုင်ဖို့တော်တော်ခက်နေတယ်။ သတင်းကြားရတာတော့ သူတို့က တရုတ်ကျောင်းအဖြစ် ပြောင်းဖွင့်ဖို့ ပြင်ဆင်နေတယ်လို့သတင်းထွက်နေတယ် သူတို့က လုံး၀မရွှေ့ပေးဘူး။ ရွာသားတွေရဲ့ ဆန္ဒက ကိုးကန့်တွေကို ကျောင်းကနေ ရွှေ့ပေးပါ။ အဲဒီကျောင်းကို NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ ပူးတွဲပြီး ကျောင်းဖွင့်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ် အခုသူတို့က လုံး၀မရွှေ့ပေးဘူး။ ဆေးရုံဆေးပေးခန်းနဲ့ စာသင်ကျောင်းကို သူတို့နေရာယူလိုက်တာ။ ဆေးရုံမှာက TNLA နဲ့ MNDAA နှစ်ဖွဲ့လုံးနေရာယူနေတယ်။”လို့ ကွတ်ခိုင် ခိုမုန်းကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။  လက်ရှိ ကိုးကန့်တပ်တွေတပ်စွဲနေရာယူထားတဲ့ ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ပူးတွဲပြီး စာသင်ကျောင်းဖွင့်ဖို့ရွာသားတွေ ပြင်ဆင်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ MNDAA တပ်ဖွဲ့နေရာယူလိုက်တဲ့အပြင် နောက်ထပ် TNLA တပ်နှစ်ဖွဲ့လုံးဟာ ခိုးမုန်းရွာရဲ့ဆေးရုံ၊ဆေးပေးခန်းမှာလည်း   ပူးပေါင်းတပ်ချနေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါကြောင့် ကျေးရွာဒေသခံတွေက MNDAA နဲ့ TNLA တပ်တွေကို ဆေးပေးခန်းကနေနေရာဖယ်ပေးဖို့ အကြိမ်ကြိမ်သွားရောက်တောင်းဆိုပေမယ့် လုံး၀ဖယ်ပေးခြင်းမရှိဘူးလို့ ဆိုပါတယ်။ အလားတူ ခိုမုန်းကျေးရွာအပြင် ကွတ်ခိုင်၊ ကာလိုင်ကျေးရွာမှာလည်း KIO အစိုးရအောက်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာကျောင်းသား၊သူများ ကျောင်းနာမည်အပ်နှံနေချိန် မေလ ၂၉ ရက်နေ့မှာတော့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တပ်က ကျောင်းတံခါး၀မှာ ပိတ်ဆို့လိုက်ပြီး ကျောင်းသားတွေကို ကျောင်းနာမည်ထည့်ခွင့် ပိတ်ပင်လိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တစ်ဆက်တည်းမှာဘဲ မူဆယ်နဲ့ မုံးကိုးမြို့ကြား ကြူကုတ်ပန်ဆိုင်းမြို့ထဲက ဖိုင်ကောင်းကျေးရွာဆိုတဲ့ ကချင်အများစုနေတဲ့ကျေးရွာက စာသင်ကျောင်းမှာ ကိုးကန့်  MNDAA လက်နက်ကိုင်တပ်ဖွဲ့က နေရာယူထားလိုက်တာကြောင့် ဒေသခံပြည်သူတွေ ကျောင်းဖွင့်နိုင်ဖို့အရေး အခက်အခဲ၊ အတားအဆီးတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆက်လက်သိရပါတယ်။ “ကျမတို့ ကိုးကန့်ကိုပြောတယ် မနှစ်ကတည်းက ကျောင်းလည်းမပိတ်သေးဘူး ကျောင်းမှာမနေပေးပါနဲ့ ရွှေ့ပေးပါ စစ်တပ်နေတုန်းကလည်း ဒီလိုစာသင်ကျောင်းတွေမှာ မနေဘူး ဒါကြောင့် ဘယ်လက်နက်ကိုင်ကိုမှ ဒီလိုနေတာ ခွင့်မပြုဘူး မလိုလားဘူး အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။ ဒါပေမဲ့သူတို့က နေဖို့နေရာမရှိလို့ ကြည့်ကြည့်အုံးမယ်ဆိုပြီး ဒီနေ့ထိ မရွှေ့ပေးဘူး။ ကျောင်းဆောင်တစ်ခုမှာ သူတို့နေနေဆဲဖြစ်တယ်။ အရင်အစိုးရနဲ့ဆိုင်တဲ့နေရာအားလုံးဟာ သူတို့ရဲ့နေရာဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ အဲလိုနေရာယူလိုက်တာပေါ့။  အခုတော့ ဘာမဆိုသူတို့ပိုင်ဆိုင်တဲ့အရာဆိုတော့ စိုးရိမ်နေရတဲ့အခြေအနေလည်းဖြစ်နေတယ်။” လို့ ပန်ဆိုင်းမြို့ ဖိုင်ကောင်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ ဖိုင်ကောင်းကျေးရွာ စာသင်ကျောင်းမှာ ကိုးကန့်တပ်ဖွဲ့တပ်စွဲလိုက်တာကြောင့် ပြသနာအကြိမ်အကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်တဲ့အပြင် မေလ ၂၇ ရက်နေ့မှာလည်း ထပ်မံပြီး ကျောင်းရှေ့မှာလွင့်ထူထားတဲ့ KIO ရဲ့ အမျိုးသားအလံကို ကိုးကန့်တပ်ဖွဲ့က ဖြုတ်သိမ်းပေးလိုက်ရာကနေ အငြင်းအခုံ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။  အခုချိန် ကိုးကန့် MNDAA က ဒီစာသင်ကျောင်းမှာ ကျောင်းဆရာ၊ဆရာမ စာရင်း၊ ကျောင်းသားစာရင်းအားလုံး မုံးကိုး ကိုးကန့်ဌာနချူပ်ထံ တင်ပြခိုင်းထားတာတွေအပြင်  ဒေသခံရွာသားတွေကိုယ်ထူကိုယ်ထစနစ်နဲ့ဖွင့်လှစ်ထားတဲ့ ကျောင်းကို နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးပိတ်ပင်ဖို့ ကြိုးစားတာတွေလည်း ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။  “ကျမတို့ဒေသမှာ ကျမတို့ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တယ်။ အခုလိုမျိုး စိတ်ကျဉ်းကြပ်အောင် လက်နက်ကိုင်အဖွဲ့တွေ အဘက်ဘက်ကဆိုတော့ ဒီလိုအဖွဲ့များတဲ့ကြားမှာ ကျမတို့ရွာသားတွေက ဘယ်သူ့စကားပဲနားထောင်ရမယ်လဲမသိ အရမ်းနေရခက်တယ်။ ဖြစ်နိုင်ရင် ရှင်းရှင်းလင်းလင်းပဲ နေချင်တယ်။ တရားမျှတမှုနဲ့ ကောင်းကောင်းမွန်မွန်ပဲ နေချင်ပါတယ်လို့ပြောချင်တယ်။” ဟု ဖိုင်းကောင်းကျေးရွာဒေသခံက ဆက်ပြောပါတယ်။ ခုလို ကိုးကန့် MNDAA နဲ့TNLA က စာသင်ကျောင်းတွေကို အတားအဆီးပိတ်ပင်မှုတွေလိုက်လံပြုလုပ်နေတဲ့ နေရာတွေကတော့ ကွတ်ခိုင်၊ မူဆယ်နဲ့ မုံးကိုး စတဲ့ဒေသတွင်းက ကချင်လူမျိုးစုအများပိုင်းနေထိုင်တဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေကိုပဲဖြစ်ပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA နဲ့ တအာင်းတပ်မတော် TNLA တို့ကိုမေးမြန်းနိုင်ဖို့  KNG အနေနဲ့ကြိုးစားနေဆဲဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Apr- 2024 -
    24 April
    သတင်း

    KIA တပ်ဖွဲ့ဝင်တွေကို နမ့်အွမ်ရွာကနေ ထွက်ပေးဖို့ TNLA စာပို့ ဖိအားပေး

    ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်ဖတ်ကာအထက်ရှိ နမ့်အွမ်ကျေးရွာရှိ KIO/KIA တပ်ဖွဲ့ဝင်တွေကို ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွားဖို့ TNLA က ပြောဆိုထားတယ်လို့ နမ့်အွမ်ရွာ KIO တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA…

    Read More »
  • 19 April
    သတင်း

    ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်လို့ဆို

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်နေရာယူထားတဲ့ ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ကချင်ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီ လ ၁၀ ရက် နဲ့ ၁၂ ရက်နေ့မှာ ကွတ်ခိုင်ရှိ…

    Read More »
  • 15 April
    သတင်း

    နမ့်ဖတ်ကာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ဂိတ်များလွန်းတာကြောင့် ဒေသခံများသွား လာရေးအခက်ကြုံနေ

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာတအာင်းတပ်မတော် TNLA တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေရဲ့ဂိတ်  ၁၀ ခုထက်မနည်းရှိတာကြောင့် ဒေသခံပြည်သူတွေသွားလာရေးမှာ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာရဲ့အဝင်အထွက်လမ်းကြောင်းအားလုံး လက်နက်ကိုင်တော်လှန် တပ်ဖွဲ့တွေရဲ့ ဂိတ်တွေရှိသလို ပူးပေါင်းဂိတ်တွေလည်းရှိပြီး ဂိတ်အလွန်များနေတဲ့အတွက် ခရီးသွားပြည်သူတွေအတားအဆီးဖြစ်ပြီး အခက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။  “လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အရမ်းများတယ်။ TNLA ၊ကိုးကန့် MNDAA ၊ KIA အားလုံးရှိတယ်။ လမ်းမှာ ဂိတ်အရမ်းများတယ်။ အဖွဲ့အရမ်းများတော့ ဂိတ်တိုင်းအခွန်ဆောင် ရတယ်။အဲဒီအခွန်တွေဆောင်ရခြင်းအားဖြင့် ကျေးရွာထဲမှာက ကုန်ပစ္စည်းတွေသွင်းဖို့ထုတ်ဖို့ အတော်ခက်ခဲသွားတာပေါ့။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ တအာင်းတပ်မတော် TNLA ဟာ လက်ရှိ နမ့်ဖတ်ကာတစ်ခုလုံးကိုမြင်နိုင်တဲ့…

    Read More »
  • 13 April
    သတင်း

    ပလုံကောက်တဲ့အမျိုးသားတစ်ဦးမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရ

    ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ကနေ ပလုံကောက်ပြီးအသက်မွေးဝမ်းကျောင်းပြုတဲ့ ဇနီးမောင်နှံ ၂ ဦးအနက် အမျိုးသားဖြစ်သူမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်လည်းတစ်ဖက်ဖြတ်လိုက် ရတယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီလ ၁၂ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိကွတ်ခိုင်မြို့နယ် ဇီဝကဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ အမျိုးသမီးဖြစ်သူကပြောပါတယ်။…

    Read More »
  • Mar- 2024 -
    26 March
    သတင်း

    TNLA တပ် အတင်းအဓ္ဓမသိမ်းယူထားတဲ့ အိမ်ခြံမြေကွက်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးဖို့ မြေပိုင်ရှင်တွေတောင်းဆိုနေ

    ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့မှာ အိမ်ရှင်ရဲ့သဘောတူညီမှုမပါဘဲ တအာင်းတပ်မတော် TNLA တပ်ဖွဲ့က အိမ်ခြံမြေအတင်းသိမ်းယူပြီး ဂိတ်စခန်းတည်ဆောက်လိုက်တာ ၃ လခန့်ရှိလာပြီဖြစ်ပေမယ့် လက်ရှိချိန်ထိ ဖြေရှင်းပေးတာမရှိသေးတဲ့အတွက် တရားနည်းလမ်းကျကျ အမြန်ဆုံးဖြေရှင်းပေးဖို့ အိမ်ရှင်တွေက တောင်းဆိုနေပါတယ်။ နမ္မတူမြို့ ရက်ကွက် ၈ က ဒေါ်ပေါင်ဆာရွယ်ရဲ့အိမ်ခြံဝင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကတည်းက TNLA တပ်ဖွဲ့တွေဟာ အိမ်ရှင်တွေကိုအသိပေးညှိနှိုင်းတာတွေမလုပ်ဘဲ အိမ်ရှင်တွေမရှိတဲ့အတောအတွင်းအိမ်ခြံမြေကို သိမ်းယူပြီးမြေတူးဆွကာ ဂိတ်စခန်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂိတ်စခန်းတည်ဆောက်ပြီးတပ်စွဲနေထိုင်နေပြီဖြစ်ပေမဲ့  သိမ်းယူထားတဲ့ မြေကွက်ရဲ့နစ်နာကြေးတစ်စုံတစ်ရာမပေးသေးတဲ့အတွက် အိမ်ရှင်တွေဘက်က အမြန်ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ “အခုချိန်ထိ ဘာမှကိုဖြေရှင်းတာတွေမလုပ်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘာမှကိုမပြောလာတော့ဘူး ခေါ်လည်းမခေါ်လာတော့ဘူး။ ကျမတို့ ခြံဝင်းမှာ သူတို့က တပ်စခန်း တည်ဆောက်လို့ပြီးလို့ အိမ်တောင် ၂ အိမ်လောက်ဆောက်လုပ်ထားတယ်။ တပ်စခန်းလုပ် ဂိတ်လုပ်ပြီး အထိုင်ချပြီးနေနေတယ်။ ဒီပြသနာကို ကျေနပ်မှုရှိအောင် အမြန်ဖြေရှင်းပေးစေချင်ပေမဲ့ ဘယ်လိုလုပ်ရမယ်မသိတော့ ဒီလိုပဲ တိတ်တိတ်လေးပြီးသွားမလား စိုးရိမ်ပြီးပဲ နေနေရတာပေါ့။ အမြန်ရအောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တောင်းဆိုချင်တယ်”အိမ်ခြံပိုင်ရှင်ဘက်က ပြောပါတယ်။ NLA သိမ်းယူလိုက်တဲ့ အဲဒီမြေကွက်ဟာ အလျားအနံ စုစုပေါင်းပေ ၅၀၀ ကျော်ရှိပြီး အဲဒီမြေကွက်ထဲကနေ သဲကျောက်ကားအစီး ၁၀၀ ကျော်ထွက်တယ်လို့ ဆိုပါတယ်။ အိမ်ရှင်တွေရဲ့သဘောတူညီမှုမပါပဲ သိမ်းယူထားတဲ့မြေကွက်အတွက် အိမ်ခြံရှင်ဘက်က နစ်နာကြေး သိန်း ၅,၀၀၀ တောင်းခဲ့ပေမဲ့ TNLA ဘက်က အိမ်ရှင်ဘက်ကတောင်းဆိုသလောက်မပေးနိုင်တာကြောင့် ပြီးခဲ့တ့ ဖေဖော်ဝါရီလထဲမှာပဲ မြေဧက အလျားအနံတွေတိုင်းထွာပြီး ကျသင့်တဲ့ငွေပမာဏပေးမယ်လို့ TNLA ဘက်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၃ လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပေမယ့် ငွေကြေးတစ်စုံတစ်ရာပေးချေမှုမရှိဘဲ ဂိတ်စခန်းတည်ဆောက်ပြီးစီးပြီး တပ်ချနေပြီလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA နမ္မတူမြို့ အုပ်ချုပ်ရေးမှူး တာမောင်ဂို ကို KNG ကချင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ TNLA ဘက်က မြေဧကအတွက် ကျပ်ငွေသိန်း ၁၅၀ ပေးဖို့ အထက်ကို တင်ပြထားတာငွေမကျလာသေးတာကြောင့် မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။  “အောက်ကတော့ ကျနော်တို့ ညှိနှိုင်းပြီးပြီ စျေးလည်းပြောထားပြီးပြီ။ သတ်မှတ်ထားတာတော့ သိန်း ၁၅၀ ပေါ့ စာတော့တင်ထားတယ် မကျလာသေးလို့လေ။ သတ်မှတ်ထားပြီးပေမဲ့ ပိုက်ဆံက မကျလာသေးတော့လေ ကျလာလို့ရှိရင်တော့ ပေးမှာပေါ့။ ပေးမှာတော့ ပေးမှာပေါ့လေနော်။ ကျနော်တို့လည်း အလကားတော့ဘယ်ယူမလဲ။”လို့  TNLA နမ္မတူမြို့အုပ်ချူပ်ရေးတာဝန်ရှိသူ တာမောင်ဂိုက KNG ကချင်သတင်းဌာနကိုပြောပါတယ်။   အိမ်ရှင်တွေဘက်ကတော့ တောင်းဆိုတဲ့နစ်နာကြေး ငွေပမာဏကိုမပေးနိုင်ရင်တောင် သိမ်းယူလိုက်တဲ့ မြေဧကအတွက် ကျသင့်တဲ့ငွေပမာဏကို ပေးချေဖို့နဲ့ တရားသောနည်းလမ်းနဲ့ အမြန်လုပ်ဆောင်ပေးစေချင်တယ်လို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဒေသခံ အိမ်ရှင်တွေဘက်က ဒီအိမ်ခြံမြေယာကို မရောင်းချင်ပေမဲ့ TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့က အတင်းအဓ္ဓမနည်းလမ်းနဲ့ သိမ်းယူလိုက်တဲ့နောက် အိမ်ရှင်တွေဘက်က နည်းလမ်းအမျိုးမျိုးနည်း ဖယ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ TNLA ဘက်က မဖယ်ပေးတဲ့အပြင် အိမ်ရှင်တွေတောင်းဆိုတဲ့ နစ်နာကြေးကိုလည်းပေးချေတာမျိုးလည်းမရှိသေးတာဖြစ်ပါတယ်။ လက်ရှိ TNLA ဘက်ကသိမ်းယူပြီး ဂိတ်တည်ဆောက်နေတဲ့ တပ်စခန်းဟာ နမ္မတူမြို့ စည်ပင်ရက်ကွက်တွင်း မန်တုံမြို့နဲ့ မိုင်းမော် – မုံးဝီး ဘက်သွားတဲ့ လမ်းဆုံမှာရှိတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ္မတူဒေသကို TNLA ကသိမ်းပိုက်လိုက်ပြီးနောက် ဒေသတွင်း အုပ်ချူပ်မှုယန္တရားဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး TNLA ရဲ့ လုပ်ဆောင်မှုတွေအပေါ် ဒေသခံပြည်သူတွေ ဝေဖန်မှုများစွာရှိနေတာလည်းဖြစ်ပါတယ်။   တစ်ဖက်မှာလည်း TNLA က နမ္မတူ – မန်တုံ – မိုင်းမော် ဒေသ လမ်းကြောတချို့နေရာတွေမှာ  ဂိတ်စခန်းတွေချကာ နေရာယူလှုပ်ရှားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေကိုလည်း ဂိတ်ဖြုတ်သိမ်းဖို့ လိုက်လံဖိအားပေးတာတွေ၊ ဂိတ်စခန်းတွေ လိုက်လံဖြုတ်သိမ်းပေးလိုက်တာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်း အချင်ဖြစ်ပွားတာတွေရှိနေပြီး ဒေသခံပြည်သူတွေလည်း စိုးရိမ်မှုတွေနဲ့ ဆက်လက်နေနေရတယ်လို့ ပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 6 March
    သတင်း

    TNLA ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့ ညမထွက်ရအမိန့်ရုတ်သိမ်း

    စစ်ကောင်စီက စစ်အုပ်ချူပ်ရေးကြေညာထားတဲ့ မြို့တွေအပါအဝင် TNLA ထိန်းချူပ်ထားတဲ့ မြို့ ၇ မြို့ကို ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။ လက်ရှိ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ထားပြီး ထိန်းချူပ်နေပြီဖြစ်တဲ့ မြို့ ၇ မြို့ကို…

    Read More »
  • Feb- 2024 -
    28 February
    သတင်း

    ခိုမုန်းဆေးရုံမှာ တပ်စွဲနေရာယူထားတဲ့ MNDAA တပ်ဖွဲ့အနေနဲ့ ဖယ်ရှားပေးဖို့ ဒေသခံများတောင်းဆို

    ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာက အများပြည်သူအသုံးပြု‌နေတဲ့ဆေးရုံမှာ တပ်ချနေရာယူထားကြတဲ့ ကိုးကန့် MNDAA နဲ့ တအာင်းတပ်မတော် TNLA တပ်ဖွဲ့တွေအနေနဲ့ ဆေးရုံက‌နေဖယ်ပေးဖို့တောင်းဆိုနေတယ်လို့ ဒေသခံ‌ တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာရှိ ဆေးရုံအဆောက်အဦးမှာ TNLA…

    Read More »
  • 14 February
    သတင်း

    TNLA ထိန်းချုပ်ထားတဲ့နယ်မြေမှာ ဒေသခံတွကိုခွဲခြားဆက်ဆံနေ

    ၂၇ စစ်ဆင်ရေးဖြင့် ရှမ်းမြောက်ဒေသ နယ်မြေတစ်ချို့ကို စိုးမိုးထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဟာ ဒေသခံတွေအပေါ် ခွဲခြားဆက်ဆံတဲ့အသွင်နဲ့ အုပ်ချူပ်လာမှုကြောင့် အတူယှဉ်တွဲနေထိုင်ရေးမှာ အခက်ကြုံလာတယ်လို့ လက်ရှိ TNLA ထိန်းချူပ်မှုအောက်မှာရှိတဲ့ ဒေသခံတွေ ပြောပါတယ်။ ကွတ်ခိုင်မြို့ခံ…

    Read More »
Back to top button