သတင်း

ခိုမုန်းဆေးရုံမှာ တပ်စွဲနေရာယူထားတဲ့ MNDAA တပ်ဖွဲ့အနေနဲ့ ဖယ်ရှားပေးဖို့ ဒေသခံများတောင်းဆို

ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာက အများပြည်သူအသုံးပြု‌နေတဲ့ဆေးရုံမှာ တပ်ချနေရာယူထားကြတဲ့ ကိုးကန့် MNDAA နဲ့ တအာင်းတပ်မတော် TNLA တပ်ဖွဲ့တွေအနေနဲ့ ဆေးရုံက‌နေဖယ်ပေးဖို့တောင်းဆိုနေတယ်လို့ ဒေသခံ‌ တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာရှိ ဆေးရုံအဆောက်အဦးမှာ TNLA နေရာယူပြီးနောက် လက်ရှိမှာတော့ ကိုးကန့် MNDAA က အလံလွင့်ထူပြီး နေရာယူ တပ်ချလိုက်တာကြောင့် ဒေသခံတွေဖယ်ပေးဖို့ တောင်းဆိုနေတာဖြစ်တယ်လို့ ခိုမုန်းဒေသခံတွေပြောပါတယ်။

အဲ့ဒီမှာ မနေပေးဖို့ သူတို့ကို ရွာသားတွေလည်းသွားပြောပြီ။ ဒါပေမဲ့ သူတို့က အခုထိမဖယ်ပေးဘူး။ အစကတော့ TNLA တပ်ဖွဲ့ ၅ ယောက်လောက်အရင် နေတယ်။ ပြီးမှ အခုက MNDAA အဖွဲ့က အလံကြီးကြီးလွင့်ထူပြီး နေရာယူထားတာပေါ့လို့ ခိုမုန်းကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

 အဲ့ဒီခိုမုန်းကဆေးရုံဟာ အသစ်ပြန်လည်ပြင်ဆင်ထားတဲ့ ဆေးရုံဖြစ်ပြီး ဒေသခံတွေကကိုယ်ထူကိုယ်ထစနစ်နဲ့ ဆေးဆရာဝန်၊ ဝန်ထမ်းတွေ ခေါ်ယူပြီး ဆေးကုသနိုင်ဖို့ ပြင်ဆင်နေတဲ့ နေရာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 ဒါကြောင့် အဲ့ဒီနေရာမှာ နေရာယူနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို နေရာပြောင်းပေးဖို့နဲ့ ဆေးရုံကနေဖယ်ပေးဖို့ပြောဆိုညှိနှိုင်းတာတွေပြုလုပ်နေပေမဲ့ ကိုးကန့်တပ်ဖွဲ့ဘက်က မဖယ်ပေးဘူးလို့ သိရပါတယ်။

 အဲ့ဒီဆေ အဲ့ဒီဆေးရုံက အသစ်ပြန်ပြင်ထားတဲ့ဆေးရုံလည်း ဟုတ်တယ်။ ရွာသားတွေက အဲ့ဆေးရုံက ခွဲစိတ်ကုသနိုင်တဲ့ ဆေးရုံအဆင်ဖြစ်ဖို့ ရည်ရွယ်ထားတာဟုတ်တယ်။ ဒါပေမဲ့ အခုက လက်နက်ကိုင်တွေ နေရာယူလိုက်တာပေါ့။ အခုရွာသားတွေ စိုးရိမ်နေတာက အဲ့မှာပဲ အမြဲတမ်းတပ်စွဲယူလိုက်မှာကို စိုးရိမ်နေတယ်။ အဲ့နေရာက KIA တပ်ဖွဲ့တွေကိုတောင် နေရာမယူခိုင်းတဲ့နေရာဖြစ်တယ်လို့ သွားပြောလည်း မရဘူး။ ဟုခိုမုန်းဒေသခံက ဆက်ပြောပါတယ်။  

အခု MNDAA တပ်ဖွဲ့ နေရာယူထားတဲ့ နေရာဟာ အရင်က ဆေးရုံဟောင်းအဆောက်အဦးဘေးမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကပဲ အသစ်ဆောက်လုပ်ပြီးစီးထားတဲ့ ခိုမုန်းပြည်သူ့ဆေးရုံအသစ်ဖြစ်ပြီး အဆောက်အဦးသစ်ဖွင့်ပွဲတောင်မလုပ်ရသေးတဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။

ရွာသားတွေဖြစ်ချင်တာက ဆေးရုံမှာ လက်နက်ကိုင်တွေကို နေရာမချစေချင်ဘူး။ဖယ်ပေးပါ။အခု ကိုးကန့် MNDAA ရဲ့ အုပ်ချူပ်မှုပုံစံက ကွန်မြူနစ်ပုံစံ အုပ်ချူပ်နေတယ်။ TNLA လည်း အတူတူပဲ။ ဟု ခိုမုန်းဒေသခံက ပြောပါတယ်။

ခိုမုန်းရွာရှိ ပြည်သူ့ဆေးရုံမှာ မူဆယ်နဲ့ ကွက်ခိုင်ကြားရှိ ကျေးရွာပေါင်း ၈ ရွာလောက်က ဒေသခံပြည်သူတွေ အားကိုးဆေးကုသရာ နေရာဖြစ်ကြောင်း သိရပါတယ်။ ခိုမုန်းကျေးရွာမှာ လက်ရှိ အိမ်ခြေ ၃၀၀ ကျော်ရှိပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်ကြား နမ့်ဖတ်ကာနဲ့ နမ်ခိုင်တစ်ဝိုက် KIA က သိမ်းပိုက်ရရှိထားပြီး ကွတ်ခိုင်ဘက်မှာတော့ TNLA ထိန်းချူပ်ထားကာ မူဆယ်ဘက်မှာတော့ ကိုးကန့် MNDAA က ထိန်းချူပ်ထားတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button