သတင်း

TNLA တပ် အတင်းအဓ္ဓမသိမ်းယူထားတဲ့ အိမ်ခြံမြေကွက်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးဖို့ မြေပိုင်ရှင်တွေတောင်းဆိုနေ

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့မှာ အိမ်ရှင်ရဲ့သဘောတူညီမှုမပါဘဲ တအာင်းတပ်မတော် TNLA တပ်ဖွဲ့က အိမ်ခြံမြေအတင်းသိမ်းယူပြီး ဂိတ်စခန်းတည်ဆောက်လိုက်တာ  လခန့်ရှိလာပြီဖြစ်ပေမယ့် လက်ရှိချိန်ထိ ဖြေရှင်းပေးတာမရှိသေးတဲ့အတွက် တရားနည်းလမ်းကျကျ အမြန်ဆုံးဖြေရှင်းပေးဖို့ အိမ်ရှင်တွေက တောင်းဆိုနေပါတယ်။

နမ္မတူမြို့ ရက်ကွက်  က ဒေါ်ပေါင်ဆာရွယ်ရဲ့အိမ်ခြံဝင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကတည်းက TNLA တပ်ဖွဲ့တွေဟာ အိမ်ရှင်တွေကိုအသိပေးညှိနှိုင်းတာတွေမလုပ်ဘဲ အိမ်ရှင်တွေမရှိတဲ့အတောအတွင်းအိမ်ခြံမြေကို သိမ်းယူပြီးမြေတူးဆွကာ ဂိတ်စခန်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂိတ်စခန်းတည်ဆောက်ပြီးတပ်စွဲနေထိုင်နေပြီဖြစ်ပေမဲ့  သိမ်းယူထားတဲ့ မြေကွက်ရဲ့နစ်နာကြေးတစ်စုံတစ်ရာမပေးသေးတဲ့အတွက် အိမ်ရှင်တွေဘက်က အမြန်ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုနေတာလည်းဖြစ်ပါတယ်။

အခုချိန်ထိ ဘာမှကိုဖြေရှင်းတာတွေမလုပ်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘာမှကိုမပြောလာတော့ဘူး ခေါ်လည်းမခေါ်လာတော့ဘူး။ ကျမတို့ ခြံဝင်းမှာ သူတို့က တပ်စခန်း တည်ဆောက်လို့ပြီးလို့ အိမ်တောင်  အိမ်လောက်ဆောက်လုပ်ထားတယ်။ တပ်စခန်းလုပ် ဂိတ်လုပ်ပြီး အထိုင်ချပြီးနေနေတယ်။ ဒီပြသနာကို ကျေနပ်မှုရှိအောင် အမြန်ဖြေရှင်းပေးစေချင်ပေမဲ့ ဘယ်လိုလုပ်ရမယ်မသိတော့ ဒီလိုပဲ တိတ်တိတ်လေးပြီးသွားမလား စိုးရိမ်ပြီးပဲ နေနေရတာပေါ့။ အမြန်ရအောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တောင်းဆိုချင်တယ်အိမ်ခြံပိုင်ရှင်ဘက်က ပြောပါတယ်။

NLA သိမ်းယူလိုက်တဲ့ အဲဒီမြေကွက်ဟာ အလျားအနံ စုစုပေါင်းပေ ၅၀၀ ကျော်ရှိပြီး အဲဒီမြေကွက်ထဲကနေ သဲကျောက်ကားအစီး ၁၀၀ ကျော်ထွက်တယ်လို့ ဆိုပါတယ်။ အိမ်ရှင်တွေရဲ့သဘောတူညီမှုမပါပဲ သိမ်းယူထားတဲ့မြေကွက်အတွက် အိမ်ခြံရှင်ဘက်က နစ်နာကြေး သိန်း ,၀၀၀ တောင်းခဲ့ပေမဲ့ TNLA ဘက်က အိမ်ရှင်ဘက်ကတောင်းဆိုသလောက်မပေးနိုင်တာကြောင့် ပြီးခဲ့တ့ ဖေဖော်ဝါရီလထဲမှာပဲ မြေဧက အလျားအနံတွေတိုင်းထွာပြီး ကျသင့်တဲ့ငွေပမာဏပေးမယ်လို့ TNLA ဘက်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့  လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပေမယ့် ငွေကြေးတစ်စုံတစ်ရာပေးချေမှုမရှိဘဲ ဂိတ်စခန်းတည်ဆောက်ပြီးစီးပြီး တပ်ချနေပြီလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA နမ္မတူမြို့ အုပ်ချုပ်ရေးမှူး တာမောင်ဂို ကို KNG ကချင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ TNLA ဘက်က မြေဧကအတွက် ကျပ်ငွေသိန်း ၁၅၀ ပေးဖို့ အထက်ကို တင်ပြထားတာငွေမကျလာသေးတာကြောင့် မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ 

အောက်ကတော့ ကျနော်တို့ ညှိနှိုင်းပြီးပြီ စျေးလည်းပြောထားပြီးပြီ။ သတ်မှတ်ထားတာတော့ သိန်း ၁၅၀ ပေါ့ စာတော့တင်ထားတယ် မကျလာသေးလို့လေ။ သတ်မှတ်ထားပြီးပေမဲ့ ပိုက်ဆံက မကျလာသေးတော့လေ ကျလာလို့ရှိရင်တော့ ပေးမှာပေါ့။ ပေးမှာတော့ ပေးမှာပေါ့လေနော်။ ကျနော်တို့လည်း အလကားတော့ဘယ်ယူမလဲ။လို့  TNLA နမ္မတူမြို့အုပ်ချူပ်ရေးတာဝန်ရှိသူ တာမောင်ဂိုက KNG ကချင်သတင်းဌာနကိုပြောပါတယ်။  

အိမ်ရှင်တွေဘက်ကတော့ တောင်းဆိုတဲ့နစ်နာကြေး ငွေပမာဏကိုမပေးနိုင်ရင်တောင် သိမ်းယူလိုက်တဲ့ မြေဧကအတွက် ကျသင့်တဲ့ငွေပမာဏကို ပေးချေဖို့နဲ့ တရားသောနည်းလမ်းနဲ့ အမြန်လုပ်ဆောင်ပေးစေချင်တယ်လို့ တောင်းဆိုနေတာဖြစ်ပါတယ်။

ဒေသခံ အိမ်ရှင်တွေဘက်က ဒီအိမ်ခြံမြေယာကို မရောင်းချင်ပေမဲ့ TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့က အတင်းအဓ္ဓမနည်းလမ်းနဲ့ သိမ်းယူလိုက်တဲ့နောက် အိမ်ရှင်တွေဘက်က နည်းလမ်းအမျိုးမျိုးနည်း ဖယ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ TNLA ဘက်က မဖယ်ပေးတဲ့အပြင် အိမ်ရှင်တွေတောင်းဆိုတဲ့ နစ်နာကြေးကိုလည်းပေးချေတာမျိုးလည်းမရှိသေးတာဖြစ်ပါတယ်။

လက်ရှိ TNLA ဘက်ကသိမ်းယူပြီး ဂိတ်တည်ဆောက်နေတဲ့ တပ်စခန်းဟာ နမ္မတူမြို့ စည်ပင်ရက်ကွက်တွင်း မန်တုံမြို့နဲ့ မိုင်းမော် – မုံးဝီး ဘက်သွားတဲ့ လမ်းဆုံမှာရှိတယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ္မတူဒေသကို TNLA ကသိမ်းပိုက်လိုက်ပြီးနောက် ဒေသတွင်း အုပ်ချူပ်မှုယန္တရားဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး TNLA ရဲ့ လုပ်ဆောင်မှုတွေအပေါ် ဒေသခံပြည်သူတွေ ဝေဖန်မှုများစွာရှိနေတာလည်းဖြစ်ပါတယ်။  

တစ်ဖက်မှာလည်း TNLA က နမ္မတူ – မန်တုံ – မိုင်းမော် ဒေသ လမ်းကြောတချို့နေရာတွေမှာ  ဂိတ်စခန်းတွေချကာ နေရာယူလှုပ်ရှားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေကိုလည်း ဂိတ်ဖြုတ်သိမ်းဖို့ လိုက်လံဖိအားပေးတာတွေ၊ ဂိတ်စခန်းတွေ လိုက်လံဖြုတ်သိမ်းပေးလိုက်တာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါကြောင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်း အချင်ဖြစ်ပွားတာတွေရှိနေပြီး ဒေသခံပြည်သူတွေလည်း စိုးရိမ်မှုတွေနဲ့ ဆက်လက်နေနေရတယ်လို့ ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button